မဿဲ 17

17
အဆင်းသဏ္ဌာန်တော်​ပြောင်းလဲခြင်း
1ခြောက်ရက် ကြာ​သော် ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ ယောဟန်​တို့​ကို မြင့်မားသော​တောင် တစ်တောင်​ပေါ်သို့ သီးခြား​ခေါ်ဆောင်သွားတော်မူ၏။ 2ထိုအခါ သူတို့​ရှေ့တွင် ယေရှု​၏ အဆင်းသဏ္ဌာန်တော်​ပြောင်းလဲလေ၏။ မျက်နှာတော်​သည် နေ​ကဲ့သို့​ထွန်းလင်း​ပြီး အဝတ်တော်တို့​သည် အလင်း​ကဲ့သို့ ဖြူ​လာ၏။ 3မောရှေ​နှင့် ဧလိယ​တို့​သည် ပေါ်လာ​၍ ကိုယ်တော်​နှင့် စကားပြောနေကြ၏။
4ထိုအခါ ပေတရု​က “သခင်… ဤ​နေရာ​တွင် အကျွန်ုပ်တို့​ရှိနေသည်​မှာ ကောင်းပေ၏။ သခင် အလိုရှိ​ပါက သခင့်​အတွက် တဲ​တစ်ဆောင်၊ မောရှေ​အတွက် တစ်ဆောင်၊ ဧလိယ​အတွက် တစ်ဆောင်၊ တဲ​သုံးဆောင်​ကို အကျွန်ုပ်​ဆောက်ပါမည်” ဟု လျှောက်လေ၏။
5ထိုသို့ လျှောက်​နေစဉ် တောက်ပသော​မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။ 6တပည့်တော်တို့​သည် ထို​အသံတော်​ကို ကြား​သောအခါ အလွန်အမင်း​ကြောက်ရွံ့​၍ မြေ​ပေါ်တွင် ပျပ်ဝပ်ကြ၏။
7ထိုအခါ ယေရှု​သည် ကြွလာတော်မူ​၍ သူတို့​အား လက်တော်​နှင့်​တို့ထိ​ကာ “ထကြ။ မကြောက်ကြနှင့်” ဟု မိန့်တော်မူ၏။ 8သူတို့​သည် မော့ကြည့်​သောအခါ ယေရှု​မှလွဲ၍ မည်သူ့​ကိုမျှ မမြင်ကြတော့ပေ။
9တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား#17:9 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် သေခြင်း​မှ မထမြောက်​မီ​အထိ သင်တို့​မြင်တွေ့ခဲ့ရသော ရူပါရုံ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု သူတို့​အား မှာကြားတော်မူ၏။
10ထိုအခါ တပည့်တော်တို့​က “ဧလိယ​သည် ခရစ်တော်#17:10 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ထက် စော​၍ ကြွလာမည်​ဟူ၍ ကျမ်းတတ်ဆရာများ​က အဘယ်ကြောင့်​ပြောဆိုကြသနည်း” ဟု ယေရှု​အား မေးလျှောက်ကြ၏။
11ယေရှု​က “ဧလိယ​သည် အမှန်တကယ်​လာ​၍ အရာအားလုံး​ကို ပြန်လည်​တည်ထောင်​လိမ့်မည်။ 12သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဧလိယ​သည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့​သည် သူ့​ကို မသိကြဘဲ သူ့​အပေါ် ပြုလို​သမျှ​ပြုခဲ့ကြ၏။ ထိုနည်းတူ လူသား​သည်လည်း သူတို့​လက်အောက်​တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။ 13ထိုအခါ တပည့်တော်တို့​သည် ယေရှု​မိန့်တော်မူသော ဧလိယ​ဆိုသည်မှာ နှစ်ခြင်းဆရာ​ယောဟန်​ကို ရည်ညွှန်း​ကြောင်း သဘောပေါက်ကြ၏။
နတ်ဆိုးပူးသော သူငယ်​တစ်ဦး​ကို ကျန်းမာစေတော်မူခြင်း
14ယေရှု​နှင့် တပည့်တော်တို့​သည် လူထုပရိသတ်​ရှိရာ​သို့​ရောက်ကြ​သောအခါ လူ​တစ်ဦး​သည် ကိုယ်တော်​ထံသို့​ချဉ်းကပ်​၍ ဒူးထောက်​လျက် 15“သခင်… အကျွန်ုပ်​၏​သား​ကို သနားတော်မူပါ။ သူ​သည် ဝက်ရူးပြန်ရောဂါ​စွဲကပ်​၍ ဝေဒနာ​ပြင်းထန်​စွာ ခံစားနေရပါ၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ကျတတ်ပါ၏။ 16သူ့​ကို ကိုယ်တော်​၏​တပည့်တော်များ​ထံ ခေါ်ဆောင်လာခဲ့​သော်လည်း သူတို့​သည် မကျန်းမာစေနိုင်ကြပါ” ဟု လျှောက်၏။
17ယေရှု​က “အို ယုံကြည်ခြင်း​မဲ့​၍ ဖောက်ပြန်သော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သူငယ်​ကို ငါ့​ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။ 18ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို ဆုံးမ​သဖြင့် နတ်ဆိုး​သည် သူငယ်​အထဲမှ ထွက်သွား၏။ ထို​ခဏချင်း​တွင် သူငယ်​သည် ကျန်းမာလာ၏။
19ထိုအခါ တပည့်တော်တို့​သည် ယေရှု​ထံတော်သို့ သီးခြား​ချဉ်းကပ်​၍ “အကျွန်ုပ်တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။
20ယေရှု​က “သင်တို့​၏ ယုံကြည်ခြင်း​သည် အားနည်း​သောကြောင့်​ဖြစ်၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​တွင် မုန်ညင်းစေ့​ခန့်မျှသော ယုံကြည်ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့​လိမ့်မည်။ ယုံကြည်ခြင်း​ရှိ​ပါက သင်တို့​မတတ်နိုင်သော​အရာ​မရှိ။ 21သို့သော် ဆုတောင်းခြင်း​နှင့် အစာရှောင်ခြင်း​အားဖြင့်​သာလျှင် ဤ​နတ်ဆိုးမျိုး​ကို နှင်ထုတ်နိုင်သည်#17:21 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်​အကြောင်း​ကို ထပ်မံ၍ ကြိုတင်​ဟောတော်မူခြင်း
22ယေရှု​နှင့် တပည့်တော်တို့​သည် ဂါလိလဲပြည်​တွင် အတူ​စုဝေးနေကြ​စဉ် ယေရှု​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။ 23သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့​သည် အလွန်​ဝမ်းနည်းကြ၏။
ဗိမာန်တော်ခွန်​ပေးဆောင်ခြင်း
24ထို့နောက် ကပေရနောင်မြို့​သို့ ရောက်ကြ​သောအခါ ဗိမာန်တော်​အတွက်​အခွန်#17:24 မူရင်း​ဂရိကျမ်း​တွင် “ဒရက်မာ​နှစ်ပြား” ဟု ဖော်ပြထားသည်။ တစ်​ဒရက်မာ​သည် တစ်နေ့တာ​လုပ်အားခ​နှင့်​ညီမျှသည်။​ကောက်ခံသူတို့​က ပေတရု​ထံသို့ လာ​၍ “သင်တို့​၏ ဆရာ​သည် ဗိမာန်တော်ခွန်​ပေးဆောင်သလော” ဟု မေးမြန်းကြ၏။
25ပေတရု​က “ပေးဆောင်ပါသည်” ဟု ဖြေ​ကာ အိမ်​သို့​ဝင်လေ၏။ ထိုအခါ ပေတရု​မလျှောက်​မီ ယေရှု​က ကြိုတင်​၍ “ပေတရု#17:25 မူရင်း​ဂရိကျမ်း​တွင် “ရှိမုန်” ဟု ဖော်ပြထားသည်။… ဤ​အကြောင်း​ကို သင်​မည်သို့​ထင်သနည်း။ လောကီ​ရှင်ဘုရင်တို့​သည် အခွန်အကောက်များ​ကို မည်သူ့​ထံမှ ကောက်ခံကြသနည်း။ မိမိတို့​၏​နိုင်ငံသား​ထံမှလော၊ သို့မဟုတ် အခြားသူများ​ထံမှလော” ဟု မေးတော်မူ၏။
26ပေတရု​က “အခြားသူများ​ထံမှ ကောက်ခံပါသည်” ဟု လျှောက်​သော် ယေရှု​က “ထိုသို့​ဆိုလျှင် နိုင်ငံသားတို့​သည် ကင်းလွတ်ခွင့်​ရကြ၏။ 27သို့သော်လည်း သူတို့​စိတ်​အနှောင့်အယှက်​မဖြစ်​စေရန် အိုင်​သို့ သွား​၍ ငါးမျှားလော့။ အဦးဆုံး​ရသော​ငါး​ကို ယူ​၍ ပါးစပ်​ကို ဖွင့်​လျှင် ငွေဒင်္ဂါး​တစ်ပြား#17:27 မူရင်း​ဂရိကျမ်း​တွင် ဂရိနိုင်ငံသုံး “ငွေကြေး စတာတဲ” ဟု ပါရှိသည်။ ၎င်း​သည် ဒရက်မာ​လေးပြား​၏​တန်ဖိုး​နှင့် ညီမျှသည်။ တစ်​ဒရက်မာ​သည် တစ်နေ့တာ​လုပ်အားခ​နှင့်​ညီမျှသည်။​ကို တွေ့​လိမ့်မည်။ ထို​ငွေ​ကို​ယူ​၍ ငါ​နှင့် သင့်​အတွက် အခွန်​ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။

Valgt i Øjeblikket:

မဿဲ 17: BCB

Markering

Del

Kopiér

None

Vil du have dine markeringer gemt på tværs af alle dine enheder? Tilmeld dig eller log ind