Luke 15
15
1အခွန်ကောက်သူများနှင့် ဒုစရိုက်အပြစ်သားတို့သည် ကိုယ်တော်ယေရှု၏တရားတော်များကိုနာကြားရန်အတွက် စုဝေးလျှက်ရှိကြ၏။ 2ထို့ကြောင့် ဖာရိရှဲများနှင့် မောရှေ ပညတ်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် “ဒီလူဟာ ဒုစရိုက် အပြစ် သားတွေနဲ့ အရောရောအနှောနှော နေယုံတင်မကဘဲ အတူတူစားသောက်ပြီး တောင်နေလိုက်သေးတယ်” ဟု ဝေဖန်ပြစ်တင်ကြလေ၏။ 3ထိုအခါ ကိုယ်တော်က သူတို့အား 4“သင်တို့တွင် တစ်စုံတစ်ယောက်သောသူမှာ သိုးအကောင်တစ်ရာရှိ၍ တစ်ကောင်ပျောက်သွားလျှင် ဘာလုပ်ကြမည်နည်း၊ သူသည် ကိုးဆယ့်ကိုးကောင်ကို ထားခဲ့ပြီး ပျောက်ဆုံးသောသိုးကိုမတွေ့မချင်းရှာလိမ့်မည်။ 5ထိုသိုးကိုရှာတွေ့လျှင် ဝမ်းမြောက်ပျော်ရွှင်စွာနှင့် သိုးကို ပခုံးပေါ်ထမ်းပြီး အိမ်ကိုပြန်လာပါလိမ့်မည်။ 6ထို့နောက် သူဟာ သူ့မိတ်ဆွေအိမ်နီးနားချင်းတွေကို “ဟေ့ ငါပျောက် နေတဲ့သိုးကိုပြန်တွေ့ပြီ၊ တို့တွေပျော်ပွဲရွှင်ပွဲကျင်းပကြစို့” ဟု ဝမ်းမြောက်ဝမ်းသာပြောပါလမ့်မည်” ဟု ဉပမာပေး လိုက်သည်။ 7ကိုယ်တော်က “ထိုနည်းတူပင် နောင်တရ ရန်မလိုအပ်သော ကိုးဆယ့်ကိုးယောက်တို့ထက် ဒုစရိုက် ကျူးလွန်မိသူတစ်ဦးကနောင်တရလျှင် နိဗ္ဗာန်ရွှေမြို့တော်၌ ပို၍ပင် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မယ်” ဟူ၍ မိန့်တော် မူလေသည်။ 8ကိုယ်တော်က လူပရိသတ်တို့အား နောက်ထပ်ပုံပြင်တစ်ပုဒ်ပြောပြလေသည်။ “အမျိုးသမီးတစ်ဦးမှာ ငွေဒင်္ဂါးဆယ်ပြားရှိတဲ့အနက် တစ်ပြားပျောက်သွားလျှင်ဘာလုပ်မလဲ။ သူဟာမီးအိမ်ကိုထွန်းညှိပြီး ကြမ်းပြင်တွေကိုတံမြက်စည်းလှဲကျင်းကာ မတွေ့တွေ့အောင်ဂရုတစိုက်ရှာမှာလဲမဟုတ်လား။ 9ရှာတွေ့သွားလျှင် ထိုအမျိုးသမှးဟာ သူ့မိတ်ဆွေတွေအိမ်နီးချင်းတွေကို “ဒီမှာပျောက်သွားတဲ့ ငါ့ဒင်္ဂါးပြားပြန်တွေ့ပြီ ငါတို့ပျော်ပွဲရွှင်ပွဲလုပ်ကြစို့”ဟု ဖိတ်ခေါ်ပါလိမ့်မည်။ 10ကိုယ်တော်က “ထိုနည်းတူစွာပဲ ဘုရားရှင်၏နတ်ဒေဝါတို့သည် နောင်တတရားနှင့် ဘုရားဘက်လှည့်လာသူအတွက် ဝမ်းမြောက်ပျော်ရွှင်ကြပါလိမ့်မယ်” ဟု မိန့်တော်မူလေသည်။ 11ကိုယ်တော်သည် လူထုပရိသတ်အား ထပ်မံ၍ ပုံပြင် တစ်ပုဒ်ကို မိန့်ကြားတော်မူလေသည်။ တစ်ခါတုန်းက လူတစ်ယောက်တွင် သားနှစ်ယောက်ရှိလေသည်။ 12သားငယ်က သူ့ဖခင်အား “အဖေ၊ ကျွန်တော်ရသင့်ရထိုက် တဲ့ အမွေတွေကို ခွဲပေးပါ” ဟု တောင်းဆိုလေသည်။ ထို့ကြောင့် သူ၏ဖခင်ကလည်း ညီအစ်ကိုနှစ်ယောက်အား သူပိုင်ဆိုင်သည်များကို အမွေခွဲပေးလိုက်လေသည်။ 13ထို့နောက်များမကြာမီ သားငယ်သည် သူပိုင်ဆိုင်သမျှကို ထုပ်ပိုးသိမ်းဆည်းကာ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားလေ သည်။ ထိုနေရာတွင် သူ၏ငွေများကို အပျော်အပါး လိုက်စားကာ ဖြုန်းတီးပစ်လေသည်။ 14သူ၏ပစ္စည်းဥစ္စာ များသုံးစွဲပြီးသောအခါ ထိုနိုင်ငံတစ်ဝှမ်းလုံးတွင် ငတ်မွတ် ခေါင်းပါးသော ဘေးဒုက္ခနှင့်ကြုံလေ၏။ မကြာမီ သူ့တွင် စားစရာမရှိ စားရမဲ့သောက်ရမဲ့ဘဝသို့ ရောက်ရှိ သွားလေ သည်။ 15သူသည် ထိုနိုင်ငံရှိ လူတစ်ယောက်ထံသို့သွားပြီး အလုပ်သွားလျှောက်လေ၏။ ထိုသူကလည်း သူ့ကို ဝက်ထိန်းသမားအဖြစ် ခန့်ထားလိုက်လေသည်။ 16သူသည် ဝက်အစာကိုကြည့်၍ သူလဲစားရတော့မည်ဟု ထင်ကာ ဝမ်းမြောက်ဝမ်းသာဖြစ်မိလေသည်။ သို့ရာတွင် သူ့အားမည်သူမှ ထိုဝက်စာကိုပင်မကျွေးကြချေ။ 17နောက်ဆုံးတွင် သူသည်အမြင်မှန်ရရှိလာကာ “ငါ့အဖေ၏ အလုပ်သမားများသည်ပင် ဝလင်ပေါကြွယ်စွာ စားကြရ၏။ ငါသည် ဤအရပ်၌ အစာငတ်ပြီးသေရတော့မည်။ 18ငါသည် ဖခင်ထံသို့သွားပြီးလျှင် နိဗ္ဗာန်ရွှေမြို့တော်တွင်ရှိ သောအဖဘုရားနှင့်တကွ ကျွန်ုပ်၏ဖခင်အား ဆန့်ကျင် ဘက်ပြုမိသော အပြစ်ကို ကျူးလွန်မိပါပြီ။ 19အဖ၏ သားဟူ၍ပင် အခေါ်မခံထိုက်တော့ပါ၊ ကျွန်ုပ်အားအဖ၏ အလုပ်သမား အဖြစ်သာ ဆက်ဆံပေးပါ” ဟူ၍ တောင်းပန် တော့မည်ဟု ဆုံးဖြတ်လိုက်၏။ 20သားငယ်သည် ထိုအရပ်မှ သူ့ဖခင် ထံသို့ပြန်သွားလေတော့သည်။ သို့သော် “ဟိုး အဝေးမှ လာနေသောသားအား သူ့ဖခင်မြင်တွေ့သော အခါ အလွန်သနားကရုဏာသက်ကာ ဝမ်းနည်းသွားလေ ၏။ သားထံသို့ အပြေးအလွှားသွားရောက် ကြိုဆိုနမ်းရှုတ် လိုက်လေသည်။ 21သားကလည်း “အဖေ၊ ကျွန်တော်ဟာ ဘုရားရှင်ကို ပြစ်မှားခဲ့တဲ့အပြင် အဖေ့ကိုလည်းပြစ်မှားခဲ့ ပါတယ်၊ ကျွန်တော့်ကို သားလို့မခေါ်ပါနဲ့တော့” ဟု ပြော လိုက်လေသည်။ 22သို့သော် သူ၏ဖခင်က သူ၏အစေခံ များအား “သူ့ကို ဝတ်ကောင်းစားလှတွေအမြန်သွားယူပြီး ဆင်ပေး လိုက်ပါ။ သူ့လက်ချောင်းမှာ လက်စွပ်ဆင်ပေးပါ။ သူ့ခြေ ထောက်မှာ ဖိနပ်ကိုစီးပေးကြ။ 23အကောင်းဆုံး နွားပျို တစ်ကောင်ကိုပေါ်၍ စားပွဲသောက်ပွဲ၊ ပျော်ပွဲရွှင်ပွဲ တွေ ဆင်နွှဲကြစို့။ 24ငါ့ရဲ့သားဟာ သေဆုံးပြီးမှပြန်လည် အသက်ရှင်သန်လာပြီ၊ ငါ့ရဲ့ ပျောက်ဆုံးနေသော သားကို ယခုငါပြန်တွေ့ရပြီ” ဟု ပြောပြီး ပျော်ပွဲရွှင်ပွဲဆင်နွှဲ ကြကုန် ၏။ 25သို့ရာတွင် ထိုအချိန်၌သားကြီးသည် လယ်တော ထဲတွင် အလုပ်လုပ်နေသည်။ သူသည် အိမ်သို့ပြန်ရောက် ခါနီးတွင် ကခုန်မြူး တူးနေသော ဂီတသံများကို ကြားလိုက် ရ၏။ 26ထို့ကြောင့် သူသည် မလှမ်းမကမ်း တွင်ရှိသော အစေခံတစ်ဦးအား လှမ်းခေါ်လိုက်ပြီး “ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ”ဟုမေးလိုက်ရာ 27ထိုအစေခံက “အရှင် ၏ညီဟာ ဘေးကင်းလုံခြုံစွာနဲ့ ပြန်ရောက် လာတဲ့အတွက် အရှင့်ရဲ့ဖခင်ဟာ နွားပျိုတစ်ကောင်ကို ပေါ်လိုက်ပြီး ပျော်ပွဲ ရွှင်ပွဲ ကျင်းပနေခြင်းဖြစ်ပါတယ်” ဟု ပြောလိုက်ရာ 28သားကြီးသည် စိတ်ဆိုးလျှက် အိမ်ထဲသို့ မဝင်ဘဲနေလေ သည်။ ဖခင်သည် အပြင်သို့ထွက်လာပြီး သားကြီးအား အိမ်ထဲသို့ဝင်ရန် ဖျောင်းဖျလေသည်။ 29သို့သော်သူက သူ့ဖခင်အား“ကျွန်တော်ဟာ နှစ်ပေါင်းများစွာ အစေခံ တစ်ဦးကဲ့သို့ အဖေ့ကိုလုပ်ကျွေးခဲ့ပါတယ်။ အဖေ့ စကားကို လည်း မြေဝယ်မကျနာခံခဲ့ပါတယ်။သို့သော် အဖေက ကျွန် တော့်အတွက် သူငယ်ချင်းများနဲ့ပျော်ပွဲစားဖို့ ဆိတ်ကလေး တစ်ကောင်ကိုတောင်မပေးခဲ့ပါ။ 30အဖေရဲ့ပိုက်ဆံတွေ ကို အများကြီးဖြုန်းတီးခဲ့ပြီးမှ ပြန်လာတဲ့ အဖေ့သားငယ်ကို ကျတော့ အကောင်းဆုံးနွားကို သတ်ပြီး ကျွေးမွေးလိုက် သေးတယ်” ဟု ပြန်ပြောလေ၏။ 31ထိုအခါ ဖခင်က “သား၊ သားကတော့ အဖေနဲ့ အမြဲတမ်းရှိ နေတယ်၊ သားဆီကအရာရာတိုင်းကို အဖေရခဲ့တယ်။ 32ဒါပေမဲ့ သားရဲ့ညီလေးကတော့ သေပြီးပြန်ရှင် လာတဲ့ အတွက် အဖေတို့တတွေ ဝမ်းသာရမယ်။ ပျောက်ဆုံးနေတဲ့ သူကို အခုတော့ပြန်တွေ့ပြီ” ဟု ပြန်ပြော လိုက်လေသည်။
Currently Selected:
Luke 15: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.