Luke 16
16
1ကိုယ်တော်သည် တပည့်တော်များအား မိန့်တော်မူ သည်မှာ သူဌေးတစ်ယောက်သည် သူ၏လုပ်ငန်းများကို စီစဉ်ညွှန်ကြားရန် လူတစ်ယောက်ကို မန်နေဂျာအဖြစ် ခန့်ထားလေသည်။ သို့သော် ထိုသူသည် ပိုက်ဆံများကို အလွဲသုံးစားလုပ်နေကြောင်းသိရသောအခါ 2သူဌေးက သူ့ကိုခေါ်၍ “မင်းအကြောင်းကိုငါသိပြီ။ မင်းဘာတွေ လုပ်ခဲ့သလဲဆိုတာ ငါ့ကိုပြောစမ်းပါအုံး။ ငါ့ရဲ့အလုပ်ကို ဆက်မလုပ်ရတော့ဘူး” ဟု ပြောလိုက်သည်။ 3မန်နေဂျာကလည်း သူ့ကိုယ်သူ “ငါဘာလုပ်သင့်သလဲ။ ငါ့သခင်ကတော့ ငါ့ကိုခေါ်ပြီး အလုပ်မှထုတ်ပယ်ခံရတော့ မယ် 4ငါဟာတွင်းလည်းမတူးနိုင်သလို တောင်းစားရမှာ လည်း ရှက်တယ်။ငါအလုပ်ပြုတ်သွားတဲ့အခါ လူတွေက သူတို့အိမ်ကို ဖိတ်ခေါ်ဖို့နဲ့ငါ့ကို အပေါင်းအသင်းပြုဖို့ အတွက် ငါဘာလုပ် ရမယ်ဆိုတာသိပြီ။” 5ထို့နောက် သူသည်သူ၏သူဌေးအိမ်သို့ အကြွေးပေးစရာရှိသော လူ တစ်ယောက်ချင်းစီကို ခေါ်လိုက်သည်။ 6ပထမ တစ်ယောက်ကို “သခင့်အား အကြွေး ဘယ်လောက်ပေး စရာရှိသလဲ” ဟု မေးလိုက်သည်။ ထိုသူက “သံလွင်ဆီ စည်တစ်ရာပေးစရာရှိတယ်” ဟု ဆိုလျှင် “ဘောက်ချာ မြန်မြန်သွားယူပြီး ငါးဆယ်လို့ချရေး လိုက်” ဟု သူက ပြောလိုက်သည်။ 7နောက်တစ်ယောက်ကို“ဘယ်လောက် ပေးစရာရှိသလဲ” ဟုမေးရာ “ဂျုံစပါး တင်းတစ်ထောင်” ဟု ဖြေလိုက်သည်။ “ဘောင်ချာသွားယူပြီး ရှစ်ရာလို့ရေးလိုက်” ဟု ပြောပြလိုက်သည်။ 8သူဌေးကလည်း မန်နေဂျာ၏ မိမိကိုယ်ကျိုးအတွက် လိမ္မာပါးနပ်စွာ ဆောင်ရွက်ပုံကို ချီးမွှမ်းသွားလေသည်။ ကမ္ဘာပေါ်ရှိ လူတို့သည် မိမိ၏ ကိုယ်ကျိုးကိုဆောင်ရွက်ရာတွင် အမှန်တရားဘက်တော် သားများထက် လောကီလူသားများက ပို၍တော်ကြ၏။ 9ကိုယ်တော်က တပည့်တို့အဖို့ မိတ်ဆွေများများရစေဖို့ မျက်လှည့်နဲ့တူတဲ့ ဥစ္စာဘဏ္ဍာများကို အသုံးပြုကြပါ။ ဥစ္စာတွေကုန်ခမ်းသွားတဲ့အခါ တပည့်တို့ကို ‘နိစ္စထာဝရ’ အိမ်တော်ကကြိုဆိုနေပါလိမ့်မယ်။ 10အသေးအမွှားကိစ္စ တွေမှာ စိတ်ချရသောသူသည် အရေးကြီးသော ကိစ္စများမှာ လည်း စိတ်ချရသည်။ သို့သော်အသေးအမွှား ကိစ္စတွေမှာ စိတ်မချရသောသူသည် အရေးကြီးသောကိစ္စများတွင် စိတ်ချ၍မနိုင်ချေ။ 11မျက်လှည့်နဲ့တူသော မမြဲသော ဉစ္စာမှာပင် သင်တို့ကိုယုံကြည်စိတ်ချရမူ မရှိနိုင်လျှင် စစ်မှန် သောဉစ္စာရတနာများအတွက် မည်သူ့ကို ယုံကြည်စိတ်ချရ မည်နည်း။ 12တစ်ပါးသူပိုင်သောဉစ္စာပစ္စည်းများအတွက် သင်တို့ကို စိတ်ချ၍မရနိုင်လျှင် မည်သူက သင်တို့ကို မည်သည့်အရာများအား အပ်နှင်းပါမည်နည်း။ 13သင် တို့ဟာ သခင်နှစ်ပါးရဲ့အစေခံကို မည်သူမှတစ်ပြိုင်တည်း လုပ်၍မရ။သခင်တစ်ယောက်အား ပိုပြီးချစ်ရမည်။ သင်တို့ သည်တစ်ပြိုင်တည်းမှာပင် ဘုရားရှင်၏အစေခံနှင့်ငွေကြေး စည်းစိမ်၏အစေခံ လုပ်၍မရ။”ဟု မိန့်တော်မူလေသည်။ 14ဖာရိရှဲများသည် ငွေကိုသာမက်မောကြ၍ ကိုယ်တော် ပြောသည်များကို ရယ်မောလှောင်ပြောင်ကြလေသည်။ ကိုယ်တော်ယေရှုက ဤသို့ပြောကြားလေသည်။ 15ဖာရိရှဲများသည် မိမိကိုယ်ကို သူတော်ကောင်းကဲ့သို့ နေထိုင်ကြသည်။ သို့သော် ဘုရားရှင်သည် သူတို့၏အတွင်း စိတ်နှလုံးသားကိုသိရှိတော်မူ၏။ များစွာသော လူတို့က အရေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးဟု ထင်နေသောအရာ များသည် ဘုရားရှင်ရှေ့တော်မှောက်တွင် ရွံ့ရှာစက်ဆုပ် ဖွယ်ကောင်းသောအရာများသာဖြစ်ကြသည်။ 16ရေနှစ် မင်္ဂလာဆရာယောဟန် ခေတ်မတိုင်မီထိ လူတို့သည် မောရှေကျမ်းများနှင့် ပရောဖက်တို့၏ ကျမ်းစာအုပ် ကြီးများအတိုင်း လိုက်နာခဲ့ကြရသည်။ သို့သော်လည်း ဘုရားရှင်၏သာသနာတော်ရောက်ရှိလာသည့် အခါတွင်မူ လူအများသည် သာသနာတော်ထဲသို့ ဝင်ရောက်ရန် ကြိုးစားလာကြသည်။ 17ကျမ်းတွင်ပါရှိသော အသေး ငယ်ဆုံးသော အကြောင်းအရာတို့ ပျက်စီးသွားခြင်းထက် ကောင်းကင်နှင့်မြေကြီး ပျောက်ကွယ်သွားခြင်းက ပို၍ လွယ်ကူစေတတ်၏။ 18မိမိဇနီးကိုကွာရှင်း၍ အခြား အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခြင်းသည် သူတစ်ပါး အိမ်ယာကို ကျူးလွန်သောပြစ်မူ့ပင် ဖြစ်သည်။ ကွာရှင်း ထားသော အမျိုးသမီးကို လက်ထပ်ခြင်းသည်လည်း အလားတူပင် ဖြစ်သည်။ 19ရှေးအခါက သူဌေးတစ်ဦးသည် နီမောင်းသော ကဗလာ ပိတ်ချောကိုဝတ်ဆင်၍ ကာမဂုဏ်စည်းစိမ်တွင် ပျော်မွေ့လျှက်ရှိနေသည်။ 20သို့သော် ဆင်းရဲသား သူတောင်းစားလာဇရုသည် သူဌေးအိမ်တံခါးပေါက်တွင် လဲလျှောင်းလျှက်ရှိနေ၏။ 21သူသည် သူဌေးစား ပွဲဝိုင်းမှကျလာမည့် စားကြွင်းစားကျန်များကို စားရတော့ မည်ဟူသောအတွေးဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်လျှက် ရှိလေသည်။ သူ၏ခန္ဓာကိုယ်တွင်လည်း အနာစိမ်းများ ပေါက်နေ၏။ ခွေးတို့သည်လာ၍ သူ၏အနာစိမ်းများကို လျှက်ကြလေသည်။ 22ထိုဆင်းရဲသားသည် သေဆုံးသွား သောအခါ နတ်စေတမာန်များသည် သူ့ကို အာဗြဟံအနား သို့ ခေါ်ဆောင်သွားလေသည်။ ထိုသူဌေးသေဆုံးသွားသော အခါ သင်္ဂြိုလ်ခြင်းခံရ၏။ 23သူသည် ငရဲသို့သွားရပြီး ပြင်းစွာသော ဒုက္ခဝေဒနာ ခံစားရ၏။ သူသည်အပေါ်သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ အဝေးတစ်နေရာတွင် အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ လက်ယာဘက်တွင် လာဇရုကိုလည်းကောင်း တွေ့မြင်ရလေ၏။ 24ထိုအခါ သူဌေးက အာဗြဟံအား “ကျွန်ုပ်ကိုသနားတော်မူပါ ကျွန်ုပ် သည် ပူလောင်လွန်းသောမီးလျှံထဲတွင် ပြင်းစွာသော ဝေဒနာကို ခံစားနေရပါသည်။လာဇရု၏လက်ကို ရေတွင် နှစ်၍ ကျွန်ုပ်၏လျှာကို တို့ထိပေးစေတော်မူပါ” ဟု အော်ဟစ်တောင်းပန်လေ၏။ 25ထိုအခါအာဗြဟံက “ငါ၏ မိတ်ဆွေ သင်အသက်ရှင်နေစဉ်က ချမ်းသာသုခများ ခံစား ခဲ့ရပြီး လာဇရုကတော့ ဆင်းရဲဒုက္ခများကြုံခဲ့ရတယ်။ ယခု လာဇရုကတော့ပျော်ရွှင်ဝမ်းမြောက်နေရပြီး၊သင့်မှာမူ ဒုက္ခ ဝေဒနာများ ခံစားနေရတယ်။ 26သို့သော် ကျွှန်ုပ်တို့ကြား တွင် အလွန်နက်သော ချောက်ကြီးတစ်ခုရှိနေပြီး တစ်ဖက် နှင့်တစ်ဖက်သို့ မည်သူမှ ကူးဖြတ်သွား၍မရပါ။ 27ထိုသူဌေးက'ကျွန်တော်မျိုးတောင်းပန်ပါ၏အဖဘုရား၊လာဇရုကိုကျွန်တော့်အဖထံကိုစေလွှတ်ပေးတော်မူပါဘုရားဟုတောင်းပန်လေသည်။ ။ 28ကျွန်တော့် ညီငါးယောက်ကို ဤငရဲအရပ်သို့ သူတို့ရောက်မလာကြစေရန် သူတို့အား လာဇရုကိုသွား၍ သတိပေးစေတော်မူပါ။”ဟုလျှောက်ထားလေသည်။ 29အာဗြဟံကလည်း“သင့်ရဲ့ညီအစ်ကိုတွေဟာမောရှေပညတ် ကျမ်းများနှင့် ပညာရှိပရောဖက်များ၏ စာများကို ဖတ်ပြီး လိုက်နာကြပါစေ”ဟုပြောလိုက်သည်။ 30သူဌေးကလည်း “ထိုသို့မဟုတ်ပါ ဤအရာများနှင့်လည်း မလုံလောက်သေး ပါ။ သေဆုံးပြီးသောလူတစ်ယောက်ယောက်က သူတို့ထံသို့ သွား၍ပြောပြလျှင် သူတို့နောင်တရပြီး ဘုရားဘက်သို့ လှည့်လာကြပါလိမ့်မယ်။” ဟု ပြောပြလေသည်။ 31အာဗြဟံက “သူတို့မောရှေနဲ့ပရောဖတ် များကိုပစ်ပယ်လျှင် သေပြီးတဲ့လူတစ်ယောက်၏ စကားကိုလည်း နားထောင် လိမ့်မည်မဟုတ်” ဟု ပြောလိုက်လေသည်။
Currently Selected:
Luke 16: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.