Luke 12
12
1ကိုယ်တော်ယေရှုပတ်လည်တွင် ထောင်ပေါင်းများစွာ သောသူတို့သည် တိုးဝှေ့ပြီး အချင်းချင်းတတ်နင်းမိကြ၏။ ကိုယ်တော်ကသူ၏တပည့်တော်တို့အား "ဖာရိရှဲတို့၏ မရိုး သားသောသွန်သင်ချက်များကို သတိထားစောင့်ကြည့်ပါ။ထိုအရာတို့သည် လူတို့ကိုလှည့်စားသော သူတို့၏နည်း လမ်းများဖြစ်သည်။ 2ဖုံးဝှက်သမျှတို့ကိုရှာတွေ့လိမ့်မည်။လျှို့ဝှက်ထားသမျှသိလာကြလိမ့်မည်။ 3အမှောင်ထဲတွင်ပြောသောစကားတို့သည် နေ့အလင်းရောင်တွင်ပြောသကဲ့ သို့ ကြားသိရလိမ့်မည်။အိမ်တံခါးပိတ်ပြီး တိုးတိုးတိတ် တိတ်ပြောလျှင် အိမ်ခေါင်မိုးပေါ်မှ အော်ပြောသကဲ့သို့ဖြစ် လိမ့်မည်။ "ဟု သတိပေးတော်မူလေသည်။ 4"မိတ်ဆွေ၊ လူများကိုမကြောက်ကြပါနှင့်၊ သူတို့သည် သင်တို့အားအသေသတ်နိုင်သော်လည်း၊တစ်ခြားမည်သည့်အရာကိုမှတတ်နိုင်ပါ၊ 5ဘုရားရှင်သည်သာ သင်တို့၏ တစ်ဆူတည်းသော ဘုရားသာဖြစ်သည်။ ဘုရားရှင်သည် သင်တို့၏ အသက်ကိုယူဆောင်နိုင်ရုံသာမက ငရဲသို့လည်း ပစ်ချနိုင်၏။ ဘုရားရှင်သည်သာ သင်တို့ကြောက်ရမည့်သူ အမှန်ပင်ဖြစ်သည်။ 6စာကလေးငါးကောင်အားငွေနှစ်ပဲနိ ဖြင့်ရောင်းကြ၏။ သို့သော်လည်း ဘုရားရှင်သည်ထို စာက လေး တစ်ကောင်ကိုမျှမမေ့မလျော့ပေ။ 7သင်တို့ဦးခေါင်း တွင် ရှိသောဆံပင်များကိုပင် ရေတွက်ထားတော်မူ၏။ ထို့ကြောင့်သင်တို့မကြောက်ပါနှင့်၊သင်တို့သည် စာကလေး များထက် များစွာအဖိုးထိုက်တန်၏" ဟု မိန့်တော်မူလေ သည်။ 8"သင်တို့သည် တစ်ခြားသူများအား ကျွန်ုပ်တို့သည် ကိုယ်တော်၏လူများ ဖြစ်သည်ဟုပြောပါက ‘လူ့သားတော်’ သည်လည်း ဘုရားရှင်၏ နတ်စေတမန်များရှေ့တွင် ကျွန်ုပ် ၏ တပည့်တော်များဖြစ်သည် ဟု မိန့်တော်မူလိမ့်မည်။ 9သို့ရာတွင်သင်တို့သည် ငါ့အားငြင်းပယ်ပါက ဘုရားရှင် ၏ နတ်စေတမန်များရှေ့တွင် ငြင်းပယ်ခြင်းခံရလိမ့်မည်။ 10သင်တို့သည်'လူ့သားတော်' အားဆန့်ကျင်ပြောဆို လျှင် ခွင့်လွှတ်နိုင်သော်လည်း 'ဘုရားဉာဏ်အလင်းတော်’ ကို ဆန့်ကျင်ပြောဆိုပါက ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။ 11လူတို့သည်သင်တို့ကို ယုဒလူမျိုးတို့၏ ဓမ္မာရုံများသို့ လည်းကောင်း၊ အုပ်ချုပ်သူ(သို့မဟုတ်) အရာရှိများ ရှေ့သို့ လည်းကောင်း ခေါ်ဆောင်ကြသောအခါ မည်သို့ပြောရ မည်ကို မကြောင့်ကြပါနှင့်၊ 12ထိုအချိန်ခဏလေးတွင် ဘုရားရှင်၏ဝိညာဉ်တော်က သင်မည်သို့ပြောရ မည်ကို သွန်သင်ပေးတော်မူပါလိမ့်မည်”ဟု မိန့်တော်မူလေ သည်။ 13လူထုပရိသတ်ကြီးထဲမှ လူတစ်ယောက်က ကိုယ် တော်အား “အရှင်၊ကျွန်ုပ်တို့၏ဖခင် သေဆုံးသွားသောအခါ အမွေခွဲပေးရန် ကျွန်ုပ်အစ်ကိုအား ပြောပြပေးတော်မူပါ” ဟုလျှောက်တင်လေ၏။ 14ထိုအခါကိုယ်တော်က"သင်နှင့်သင့်အစ်ကိုကြားတွင် အမွေခွဲပေးရန်အခွင့်ကို ကျွန်ုပ်အား မည်သူကပေးထားသနည်း”ဟုမေးလိုက်၏။ 15ထိုအခါ ကိုယ်တော်ကဆက်လက်၍ ပရိသတ်တို့အား “လောဘ မကြီးကြပါနှင့်၊ သင်တို့ပိုင်ဆိုင်သည့် မြောက်များစွာသော ပစ္စည်းဥစ္စာတို့သည် သင်တို့၏အသက်ကို မကယ်တင်နိုင်" ဟု မိန့်တော်မူလိုက်သည်။ 16ကိုယ်တော်သည် ပရိသတ် တို့အား သူဌေးပုံပြင်ကို ပုံဥပမာပေးတော်မူ၏။ ထိုပုံပြင်မှ “သူဌေးတစ်ဦးသည် လယ်မှအသီးအနှံများစွာ ထွက်လေ သည်။ 17သူသည် “ငါဘယ်လိုလုပ်ရမလဲ၊ငါ့မှာဒီသီးနှံတွေ အားလုံးကိုသိုလှောင်ဖို့ လုံလောက်တဲ့နေရာမရှိဘူး” ဟု သူ့ကိုယ်သူပြောလေသည်။ 18ထို့နောက်သူက“ငါဘယ်လို လုပ်ရမလဲဆိုတာသိပြီ ကျီဟောင်းတွေကို ဖျက်လိုက်ပြီး ပိုကြီးတဲ့ကျီအသစ်တစ်ခုဆောက်လိုက်မယ်၊အဲ့ဒီမှာငါ့ရဲ့သီးနှံတွေနဲ့တစ်ခြားကောင်းတဲ့ အရာတွေကို အဲ့ဒီမှာသိမ်းထား မယ်။ 19ထို့နောက်သူကိုယ် သူပြောလိုက်သည်မှာ"ငါ့မှာ နှစ်ပေါင်းများစွာအတွက် ပစ္စည်းကောင်းတွေ သိုလှောင် ပြီးသွားပြီ၊ ငါ စိတ်ချမ်းသာအောင်နေမယ်၊ သောက်မယ်၊ စားမယ်၊ပျော်မယ်၊ပါးမယ်"ဟုတွေးတောနေလေသည်။ 20သို့သော်ဘုရားရှင်ကသူ့အား"မင်းဟာအရူး၊ဒီညမှာဘဲ မင်း သေရလိမ့်မယ်၊ဒါ့ကြောင့် မင်းစုဆောင်းထားခဲ့သောပစ္စည်း ဥစ္စာတွေဟာ ဘယ်သူ့လက်ထဲကိုရောက်သွားမလဲ" ဟုမိန့် တော်မူလေ၏။ 21“မိမိအတွက် ပစ္စည်းဥစ္စာ စုဆောင်း နေသူသည် ဘုရားရှင်ရှေ့တော်သို့ရောက်လျှင် ဆင်းရဲခြင်း များသာဖြစ်နေလိမ့်မည်။” ဟု ဆုံးမလမ်းညွှန်တော်မူလေ သည်။ 22ကိုယ်တော်ယေရှုသည်တပည့်တော်များအား"သင်တို့၏ဘဝရှင်သန်ရေးအတွက်မကြောင့်ကြပါနှင့်၊သင်တို့၏စားဝတ်နေရေးအတွက်မပူပင်ကြပါနှင့် 23စားဝတ်နေရေး ထက် အသက်သည်ပိုအရေးကြီး၏။ 24ကျီးကန်းများကို ကြည့်ပါ၊သူတို့သည်မစိုက်မပျိုး၊မရိတ်မသိမ်းကြ၊သိုလှောင်မည့် ကျီများလည်းမရှိ၊ သို့သော် ဘုရားရှင်ကသူတို့အား ကြည့်ရှု စောင့်ရှောက်၏။ သင်တို့သည် ထိုငှက်များထက် ပို၍ပင် အရေးပါ၏။ 25သင်တို့သည်စိုးရိမ်ကြောင့်ကြခြင်း ဖြင့် သင်တို့၏အသက်ပိုရှည်နိုင်ပါသလား။ 26ဤသို့သေး ငယ်သောအမှုကိစ္စများကို ဆောင်ရွက်ရန်အစွမ်းသတ္တိမရှိ လျှင် တစ်ခြားသောကိစ္စရပ်များအတွက် အဘယ့်ကြောင့် ပူပန်နေကြသနည်း။ 27တောရိုင်းပန်းလေးများကိုကြည့် ကြပါ။သူတို့၏ အဝတ်တန်ဆာအတွက် မကြိုးစားကြ၊ သို့ သော် သင်တို့အားငါပြောလိုသည်မှာ ဘုန်းတန်ခိုးကြီး သော ‘ရှောလမုန်’မင်းကြီးသည်ပင်လျှင် ထိုပန်းများကဲ့သို့ တင့်တယ်သော အဝတ်အစားများ မဝတ်နိုင်ပေ။ 28ဘုရား ရှင်သည် လယ်ကွင်းထဲတွင်ပေါက်ရောက်နေသော အရာ အားလုံးတို့ကို လှပအောင်ပြုလုပ်ပေးတော်မူသည်။ ယနေ့ လယ်ကွင်းထဲတွင်ရှိ၍ မနက်ဖြန်မီးထဲသို့ ပစ်ချလိုက်မည့် တောရိုင်းပန်းတို့ကိုတောင် လှပမူ့များ ပေးအပ်ထားလျှင် သင့်တို့အတွက်ကိုမူ ပို၍ပင် ဖန်တီးပေးပါလိမ့်မည်။ သင်တို့ တွင် အနည်းငယ်ယုံကြည်ခြင်းရှိဖို့တော့လိုပါလိမ့်မည်။ 29သင်တို့သည် အစားအသောက်အတွက်နှင့် စိုးရိမ်ပူပန်ခြင်း မရှိကြပါနှင့် 30ဘုရားကို မယုံကြည်ကြသူများသာ ထို အရာများအတွက် အမြဲတမ်းပူပန်နေကြရ၏။သင်တို့၏အဖ ဘုရားသည် သင်တို့၏ လိုအပ်ချက်များကို သိတော်မူ၏။ 31သို့ရာတွင်ပထမဆုံးအနေဖြင့်သင်တို့သည်ဘုရားရှင်၏ အမှု့တော်ကိုထမ်းရွက်ကြပါ။ ထိုသို့ ထမ်းရွက်ခြင်းကြောင့် သင်တို့ကောင်းကျိုးခံစားရလိမ့်မည်။ ဟု မိန့်တော်မူလိုက် လေသည်။ 32ကိုယ်တော်က “တပည့်တော်တို့မကြောက်ကြပါနဲ့၊ သင်တို့၏ အဖဘုရားသည် သင်တို့အား ဘုရားသာသနာ တော်သို့သွတ်သွင်းပေးပါလိမ့်မည်။ 33ရှိသမျှသောပစ္စည်းဥစ္စာတို့ကိုရောင်းချပြီး ဆင်းရဲသားတို့အား ပေးကမ်းစွ့န် ကြဲကြပါ။ဘယ်သောအခါမှ မပျက်စီးသည့် ပစ္စည်းဥစ္စာ အိတ်ကိုယူဆောင်ကြပါ။ နိဗ္ဗာန်ရွှေမြို့တော်၌ စုဆောင်း ထားသော သင်တို့၏ရတနာများကို ခိုးသူတို့မခိုးမဝှက်နိုင်၊ ပိုးကောင် များလည်းမဖျက်စီးနိုင်ပေ။ 34သင်တို့၏ စိတ်နှလုံးသားသည် နိဗ္ဗာန်ရွှေမြို့တော်၏ ရတနာရှိရာသို့ အစဉ်အမြဲရောက်ရှိနေပါလိမ့်မည်"ဟုမိန့်တော်မူလေသည်။ 35ကိုယ်တော်ကသူ၏တပည့်တော်တို့အား"သင်တို့၏မီးအိမ်ကို အဆင်သင့်ထွန်းညှိထားကြပါ။ 36မင်္ဂလာဆောင် ပွဲမှ ပြန်လာမည့် သင်တို့၏သခင်ကိုစောင့်နေသော အစေခံ တို့ကဲ့သို့ စောင့်ကြပါ။ ထိုသခင်ပြန်လာ၍ တံခါးခေါက်လျှင် ချက်ချင်းတံခါးဖွင့်ပေးပါ။ 37ထိုအရှင်သည် သူ့အား နိုးကြားစွာဖြင့် အသင့်စောင့်နေသော သူ၏အစေခံများကို တွေ့ရပါလိမ့်မည်။ ကိုယ်တော်ကတိပေးနိုင်သည်မှာ သင် တို့ အဆင်သင့်စောင့်နေကြလျှင် သူသည် သူ၏အစေခံများ အား စားပွဲဝိုင်းတွင်ထိုင်ခိုင်းပြီး သူကိုယ်တိုင်ဧည့်ခံ ကျွေး မွေးပါလိမ့်မည်။ 38သင်တို့၏သခင်သည် သန်းခေါင်ယံ အချိန်၌ သော်လည်းကောင်း၊ မိုးသောက်ယံ၌သော်လည်း ကောင်း ရောက်လာမည်ကို စောင့်မျှော်နေသော အစေခံတို့ သည် အမှန်ပင်ကံကောင်းကြ၏။ 39အိမ်ရှင်သည် သူခိုး လာမည်ကိုကြိုသိလျှင် ထိုအိမ် သူခိုးအဖောက်ခံရလိမ့်မည် မဟုတ်။ 40ထို့ကြောင့်အစဉ်အဆင်သင့်ပြင်ထားပါ။သင်တို့သည်'လူ့သားတော်'မည်သည့်အချိန်တွင်ကြွရောက်လာမည်ကိုသင်တို့မသိကြ"ဟုမိန့်တော်မူလိုက်လေသည်။ 41ပေတရုကကိုယ်တော်အား"ဤဥပမာကိုကျွန်ုပ်တို့အတွက် မိန့်တော်မူတာလား ဒါမှမဟုတ် တစ်ခြားလူတွေအတွက် လား"ဟုလျှောက်လေ၏။ 42ထိုအခါအရှင်က “သစ္စာရှိပြီး လိမ္မာပါးနပ်သူသည် မည်သူဖြစ်မည်နည်း။ ဥပမာ သခင် တစ်ဦးက အခြားသောအစေခံတစ်ဦးအား အစေခံများကို စီမံခန့်ခွဲရန်နှင့် စားနပ်ရိက္ခာများကိုခွဲဝေပေးရန် တာဝန်ခံ အဖြစ် ခန့်ထားမည်ဟုတွေးထား၏။ 43သူတို့၏သခင် ပြန်လာသောအချိန်တွင် သူတို့၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသော အစေခံတို့မှာကံကောင်း၏။ 44သခင်သည်သူ့အပေါ် အမြဲတမ်းသစ္စာရှိသူ အစေခံအား တာဝန်ခံအဖြစ်ခန့် ထားမည်မှာသေချာ၏။ 45သို့ရာတွင် ထိုအစေခံသည် သခင်ပြန်လာမည့်အချိန် နောက်ကျမည်ဟု ထင်ပြီး တစ်ခြားသောအစေခံများနှင့် ရိုက်လားပုတ်လား ၊စားလိုက်၊သောက်လိုက်နှင့်မူးရုးနေသည့်အချိန်တွင် 46ထိုသခင် ပြန်ရောက်လာပါက သူ့အားအလုပ်မှဖယ်ရှားပါ လိမ့်မည်။ထို့နောက် ထိုမမှန်မကန်လုပ်သော အစေခံအား အပြင်သို့ဆွဲထုတ်ပြီး အပြစ်ပေးပါလိမ့်မည်။ 47အစေခံ တို့သည် သူတို့သခင်၏ဆန္ဒကိုသိသော်လည်း လုပ်ဆောင် ခြင်းမရှိလျှင် ပြင်းထန်သောကြိမ်ဒဏ် ခံစားရလိမ့်မည်။ 48သို့ရာတွင် အစေခံတို့သည် သခင်၏အလိုဆန္ဒကိုမသိ ၍ ကြိမ်ဒဏ်အပြစ်ပေးခံထိုက်သော အမှားမျိုးကိုပြုမိသူ သည် အလွန်နာကျင်သောကြိမ်ဒဏ်ကို ခံရမည်မဟုတ်။ သို့သော် အဘဘုရားရှင်သည် သင်တို့အပေါ်တွင် လိုက်ရော လျှင် သင်တို့သည်ဘုရားရှင်၏အမှုတော်ကို ကောင်းစွာ ထမ်း ရွက်ကြရလိမ့်မည်။ ဘုရားရှင်သည် ထိုထက်ပို၍ လိုက်ရောလျှင် သင်တို့သည်လည်း ပို၍ကောင်းမွန်စွာ အမှု တော်အားဆောင်ရွက်ကြပါ။” ဟု မိန့်တော်မူလေသည်။ 49ငါသည် ဤကမ္ဘာမြေကို မီးနှင့်သန့်စင်စေရန်အတွက် ငါလာ၏။ယခုပင်လျှင် မီးဖြင့်သန့်စင်ရန် အလိုတော်ရှိ၏။ 50ငါသည် အခက်ခဲဆုံးစမ်းသပ်မူ့တစ်ခုကို ကြုံရတော့ မည်။ ဤကာလကိုမကျော်လွန်မီအထိ ငါသည်ဒုက္ခဝေဒနာ ကို ခံစားရအုံးမည်။ 51ငါသည်ဤကမ္ဘာမြေကြီးပေါ်သို့ ငြိမ်း ချမ်ရေးကိုသာ ဆောင်ယူလာသည်ဟု သင်တို့ထင်နေ ကြတာလား ဤသို့မဟုတ်ပါ ငါသည် ဘုရားဘက်တော် သားများကို ရွေးကောက်တော်မူရန် အတွက်ပါ ကြွလာ တော်မူခြင်းဖြစ်၏။ 52မိသားစုဝင်ငါးဦးရှိလျှင် နှစ်ဦးကတစ် ဘက် သုံးဦးကတစ်ဘက် ဆန့်ကျင်ဘက်ဖြစ်ကြမည်။ 53မိဘနှင့်သားသမီး ချွေးမနှင့်ယေက္ခမ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင် ဘက်ဖြစ်ကြမည်။ 54ထို့နောက် ကိုယ်တော်က လူအပေါင်းတို့အား “သင်တို့ သည် အနောက်အရပ်မှ မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးရွာတော့မည်ဟု ချက်ချင်းပြောကြ၏ 55တောင်လေ တိုက်လာလျှင်လည်း"နွေဥတုရောက်တော့မည်”ဟုပြောကြ ပြီး ပြောသည့်အတိုင်းပင် အမှန်ဖြစ်လာ၏။ 56သူတော် ကောင်းယောင်ဆောင်သူတို့ သင်တို့သည် မိုးနှင့် မြေကြီးကို ကြည့်ရှု၍ မိုးလေဝသအခြေအနေကို ခန့်မှန်း နိုင်ကြလျှင်၊ ယခုဖြစ်နေသော အခြေအနေအမှန်ကို ဘာကြောင့် သင်တို့ မသိနိုင်ကြတာလဲ။ 57မှန်ကန်သောအမှုကိုဆောင်ရွက်ရန် သင်တို့ဘာကြောင့်နားမလည်နိုင်ကြသနည်း။ 58သင့်အား တစ်စုံတစ်ယောက်က စွပ်စွဲ အပြစ်တင်လာသောအခါ တ ရားရုံးသို့ ခေါ်မသွားမီစေ့စပ်ဆွေးနွေးပါ။ထိုသို့မလုပ်ဆောင် ပါက သင့်အားတရားစီရင်ရန် အတွက် ဆွဲခေါ်သွားကြလိမ့် မည်။ ထို့နောက်တရားသူကြီးသည် သင့်အားထောင်မှူး လက်ထဲသို့အပ်၍ အကျဉ်းကျစေလိမ့်မည်။ 59သင်ပေး ဆပ်ရမည့် အကြွေးအကုန်လုံးကို မဆပ်မချင်း ထောင်မှ လွှတ်ပေးလိမ့်မည်မဟုတ်" ဟု မိန့် တော်မူလိုက်လေသည်။
Currently Selected:
Luke 12: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.