YouVersion Logo
Search Icon

Luke 11

11
1ကိုယ်တော်ယေရှုဆုတောင်းပြီးသောအခါတပည့်တော်တစ်ဦးက “အရှင်ယောဟန်သည် သူ၏တပည့်တို့ကို ဆု တောင်းနည်းကို သင်ပေးတော်မူသကဲ့သို့ တပည့်တော် တို့ ကို ဆုတောင်းပုံ၊ဆုတောင်းနည်း သင်ပေးတော်မူပါ” ဟု လျှောက်တင်လေ၏။ 2ထို့ကြောင့် ကိုယ်တော်က သူတို့ အား သင်တို့ဆုတောင်းသောအခါတွင် “အဖဘုရား၊လူအပေါင်းတို့သည်ဘုရားရှင်အားရိုသေလေးမြတ်ကြပါစေ။ ဘုရားရှင်ကြွလာတော်မူပြီးလူတစ်ဦးစီတိုင်းအားအုပ်စိုးတော်မူပါအရှင်ဘုရား။ 3တပည့်တော်တို့အတွက် နေ့စဉ်နေ့တိုင်း လိုအပ်သော အစာအာဟာရများကို ပေးသနားတော်မူပါ အရှင်ဘုရား 4တပည့်တော်တို့အပေါ်အပြစ် ကျူးလွန်သူအပေါင်းတို့အား တပည့်တော်တို့မှ ခွင့်လွှတ်ပေးသကဲ့သို့၊ တပည့်တော်တို့၏ ဒုစရိုက်အပြစ်များကိုခွင့်လွှတ်ပေးတော်မူပါ။ကျွန်ုပ်တို့အားဒုစရိုက်အပြစ်ကျူးလွန်မိစေရန် သွေးဆောင်သမျှကိုလည်း တားဆီးပေးတော်မူပါ။ ဟူ၍ဆုတောင်းကြပါ” ဟု မိန့် တော်မူလေသည်။ 5ထို့နောက်ကိုယ်တော်က ဆက်လက် ၍ “သင်တို့ထဲမှတစ်ယောက်သောသူက မိတ်ဆွေတစ်ဦး ထံသို့ ညသန်းခေါင်အချိန်တွင်သွား၍ “ငါ့ကိုပေါင်မုန့် သုံးလုံး လောက်ချေးပေးပါ။ 6ကျွန်ုပ်၏မိတ်ဆွေတစ်ဦး ရောက်ရှိလာ၍ သူစားဖို့ ဘာမှမရှိတော့လို့ပါ" 7ထိုအခါသင့်မိတ်ဆွေက"ငါ့ကိုမနှောင့်ယှက်ပါနဲ့၊တံခါးတွေလဲပိတ်ထားပြီးပြီ၊ ငါ့ကလေးတွေနဲ့ ငါအိပ်ယာထဲကို ရောက်နေပြီ၊ ငါအိပ်ယာကထပြီး ဘာမှမပေးနိုင်တော့ဘူး"ဟုပြော နိုင်သည်။ 8သူသည် သင်၏ မိတ်ဆွေတစ်ဦးဖြစ်သော် လည်း အိပ်ယာမှထ၍ သင့်ကို ပေါင်မုန့်ပေးလိမ့်မည်မဟုတ် ပါ။ သို့သော်သင်သည် မိမိ၏အရှက်သိက္ခာကို မငဲ့ကွက်ဘဲ ဆက်လက်တောင်းခံလျှင် သူသည် အိပ်ယာမှထလာပြီး သင်လိုအပ်သောမုန့်များကို ပေးပါလိမ့်မည်။ 9ထို့ကြောင့်သင်တို့ဘုရားထံမှ "တောင်းခံကြပါ၊ သင်တို့လက်ခံရရှိကြလိမ့်မည်။ ရှာသော သူတွေ့လိမ့်မည်။ တံခါးခေါက်ပါ၊ တံခါးခေါက်သူတိုင်းအား ဖွင့်ပေးပါလိမ့်မည်။ 10တောင်းသောသူတိုင်း ရကြပါလိမ့် မည်၊ ရှာသောသူတိုင်း တွေ့ကြပါလိမ့်မည်၊ တံခါးခေါက်သူ တိုင်းအား တံခါးဖွင့်ပေးပါလိမ့်မည်။ 11သင်တို့သား သမီး များဆာလောင်၍ ငါး ကိုတောင်းလျှင် မည်သည့်ဖခင်က မြွေကိုပေးပါမည်နည်း။ 12သင်တို့၏ သားသမီးက ကြက်ဥ ကိုတောင်းလျှင် မည်သည့်ဖခင်က ကင်းမြီးကောက်ကို ပေး ပါမည်နည်း။ 13သင်တို့သည် လူဆိုးများဖြစ်နေလျှင်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာများကိုသာ ပေးတတ်လျှင် နိဗ္ဗာန်ရွှေမြို့တော်အရှင် အဖဘုရားသည် တောင်းခံသူ မည်သူ့ကိုမဆို ဘုရားဉာဏ်အလင်းတော်အား ပေးအပ်ရန်အသင့်ရှိလေသည်။ 14ကိုယ်တော်ယေရှုသည် လူတစ်ယောက်ကို စကားမ ပြောနိုင်အောင် ပြုစားထားသော မကောင်းဆိုးဝါးတစ် ကောင်အား နှင်ထုတ်လိုက်လေသည်။ ထို့နောက် ထို မကောင်းဆိုးဝါးထွက်သွား၍ ထိုလူစတင်စကားပြောရာ လူ ပရိသတ်တို့ အံ့ဩသွားကြလေသည်။ 15သို့သော် လူတစ် ချို့က"ဒီလူကမကောင်းဆိုးဝါးတွေရဲ့ဘုရင်“ဗေလဇေဗုလ” ထံမှတန်ခိုးတော်တွေနဲ့ ဒီမကောင်းဆိုးဝါးတွေကို မောင်း ထုတ်တာဖြစ်ရမယ်"ဟူ၍ပြောကြလေသည်။ 16တစ်ခြားသောသူများကလည်းကိုယ်တော်အားစမ်းသပ်လိုကြသည်။ထို့ကြောင့်သူတို့သည်ကိုယ်တော့်အားဘုရားရှင်ထံမှအမှတ်အသားတစ်ခုခုကိုပြပါဟုတောင်းဆိုကြသည်။ 17ကိုယ် တော်က ထိုသူတို့မည်သို့တွေးတောနေသည်ကို သိတော်မူ သောကြောင့် "နိုင်ငံတစ်ခုတွင် လူတို့စိတ်ဝမ်းကွဲပြားပြီး တိုက်ပွဲများဖြစ်နေလျှင် ထိုနိုင်ငံပျက်စီးရလိမ့်မည်။ ထို့ အတူမိသားစုတွင်လည်း အချင်းချင်းရန်ဖြစ်နေလျှင် ထိုမိ သားစုပြိုကွဲပျက်စီးရလိမ့်မည်။ 18အကယ်၍မာရ်နတ်တို့ သည် သူကိုယ်တိုင်အချင်းချင်း ဆန့်ကျင်တိုက်ခိုက်နေလျှင် နောက်ဆုံးတွင် သူ၏တိုင်းပြည်ကို မည်သို့တည်ထောင်နိုင် ပါမည်နည်း။ယခုငါသည် ‘ဗေလဇေဗုလ’၏တန်ခိုးအာဏာ ဖြင့်မကောင်းဆိုးဝါးတွေကို မောင်းထုတ်သည်ဟု သင်တို့ ပြောကြ၏။ 19အကယ်၍ ငါသည်သူ၏ တန်ခိုးအာဏာ ဖြင့်မကောင်းဆိုးဝါးများကို မောင်းထုတ်သည်ဆိုလျှင် သင် တို့၏တပည့်များသည် မည်သူ၏တန်ခိုးအာဏာများကို သုံး၍ မကောင်းဆိုးဝါးများကို မောင်းထုတ်ကြသနည်း။ ထိုသူတို့သည် သင့်အား အဆုံးအဖြတ်ပေးကြလိမ့်မည်။ 20သို့သော် အကယ်၍ ငါသည်ဘုရားရှင်၏ ဘုန်းတန်ခိုး တော်ကို အသုံးပြု၍ မကောင်းဆိုးဝါးကို မောင်းထုတ်သည် ဆိုလျှင် သင်တို့ထံသို့ ဘုရားရှင်၏ သာသနာတော်ရောက်ရှိ နေပြီဖြစ်သည်ကို သက်သေထူနိုင်၏။ 21သန်မာထွား ကြိုင်းသောလူတစ်ယောက်သည် သူကိုယ်တိုင်သူ့အိမ်ကို စောင့်ကြပ်နိုင်သောကြောင့် သူ၏ပိုင်ဆိုင်သောအရာအား လုံး လုံခြုံမှုရှိ၏။ 22သို့သော်သူ့ထက် သန်မာထွားကြိုင်း သူကလာ၍ သူ့အားအောင်နိုင်ခဲ့လျှင် ထိုသူယုံကြည် အားကိုးသော လက်နက်ကိရိယာများကို သိမ်းဆည်း သယ်ဆောင် သွားလိမ့်မည်။ ထို့နောက်တစ်ခြားသောသူတို့ ကိုလည်း သူယူဆောင်လာခဲ့သည်များကို ခွဲဝေးပေးပါလိမ့် မည်။ 23အကယ်၍သင်တို့သည် ကျွန်ုပ်ဘက်မှမရပ်တည် လျှင် ကျွန်ုပ်ကို ဆန့်ကျင်သူသာဖြစ်သည်။ အကယ်၍ သင်တို့သည် ကျွန်ုပ်နှင့်အတူ ကောက်ပဲသီးနှံ့များကို အတူ တကွမရိတ်သိမ်းလျှင် သင်တို့သည် ကောက်ပဲသီးနှံများကို လွှင့်ပစ်သူသာဖြစ်သည်။ 24“မကောင်းဆိုးဝါးသည် ပူးနေသူထံမှ ကန္တာရထဲသို့ ထွက်ခွာသွားပြီး နားနေရန်နေရာတစ်ခုကို လိုက်ရှာ၏။ သို့သော်နေရာရှာမတွေ့သောအခါ သူက “ငါနေသားကျနေတဲ့လူဆီကိုဘဲ ပြန်တော့မယ်” ဟုပြောလေ၏။ 25သူပြန် ရောက်သောအခါ ထိုလူသည် သန့်ရှင်းစွာလှည်းကျင်းထားသောအိမ်ကဲ့သို့ နေချင်စဖွယ်ဖြစ်နေ၏။ 26ထိုအခါ မကောင်းဆိုးဝါးသည် သူ့ထက် ပိုဆိုးဝါးသော မကောင်းဆိုးဝါးခုနှစ် ကောင်အား သွားခေါ်လေသည်။ သူတို့အားလုံး ထိုလူထံသို့လာ၍ နေထိုင်ကြသောအခါ ထိုလူ၏အခြေအနေသည်ယခင်ကထက် ပိုမိုဆိုးဝါးစွာလေတော့သည်" ဟု မိန့်တော်မူလိုက်လေသည်။ 27ကိုယ်တော်ယေရှုသည် လူထုပရိသတ်အား ဟောပြော နေစဉ်အမျိုးသမီးတစ်ယောက်က"အရှင်ကိုမွေးဖွားသန့်စင်ပေးပြီး ပြုစုစောင့်ရှောက်ခဲ့သောအမျိုးသမီးသည် မင်္ဂလာ ရှိသူသာဖြစ်ပါတယ်”ဟုလျှောက်တင်လေ၏။ 28ထိုအခါကိုယ်တော်က“ဤစကားဟာမှန်ပါ၏။ သို့သော်ဘုရားရှင်၏ မင်္ဂလာတရားတော်မြတ်ကို နာကြားရသူများသည်သာ အမှန်ပင် ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာကို ခံစား ရတာဖြစ်တယ်”ဟုမိန့်တော်မူလိုက်လေသည်။ 29လူထုပရိသတ်တို့သည် ကိုယ်တော်အားဝိုင်းရံ စုရုံးနေ စဉ်ကိုယ်တော်က “ယခုခေတ်လူတို့သည် အလွန်ဆိုးဝါး သည့် ပုဂ္ဂိုလ်များဖြစ်ကြပြီး သင်တို့သည် ဘုရားရှင်ထံမှ နိမိတ်လက္ခဏာများပြရန် တောင်းဆိုကြသည်၊ သို့သော် ‘ယောန’ ၏ အ ဖြစ်အပျက်သည် သင်တို့ကိုပြလိုက်သော နိမိတ်လက္ခဏာ တစ်ခုပင်ဖြစ်တယ်။ 30'နိနေဝ'မြို့သား တို့အား‘ယောန’၏ ဖြစ်စဉ်ကို သာဓကပြသကဲ့သို့၊ "လူ့သားတော်" သည်လည်းယနေ့လူများကို နိမိတ် လက္ခဏာ တစ်ခုပြပေးလိမ့်မည်။ 31တရားစီရင်သော အချိန်သို့ရောက်လျှင် ‘ရှေဘ’ပြည် (အာရေးဗီးယားနိုင်ငံ တောင်ပိုင်း၌ရှိသော)ဘုရင်မသည်သင်တို့နှင့်အတူ ရင်ဆိုင် ပြီး သင်တို့အားစွဲချက်တင်လိမ့်မည်။ ထိုဘုရင်မသည်ပညာ ရှိ ရှောလမုန်ထံမှ ပညာရှိတို့၏စကားကို နားထောင်လို သည့် အတွက်ကြောင့် ခရီးအဝေးကြီးမှ လာခဲ့ခြင်းဖြစ် သည်။သို့သော် ဤနေရာတွင် ပညာရှိရှောလမုန်ထက် ကြီး ကျယ်မြင့်မြတ်သောသူ ရောက်နေပြီဖြစ်သည်။ 32‘နိနေဝေ’မြို့သားတို့သည်သင်တို့အားစွဲချက်တင်၍ရင်ဆိုင် ကြလိမ့်မည်။သူတို့သည်"ယောန" ဟောပြောသွန်သင်တဲ့ အတွက် နောင်တရပြီး ဘုရားကိုဆည်းကပ်လာကြသူများ ဖြစ်သည်။ဤနေရာတွင် ယောနထက် ပိုပြီးကြီးကျယ်မြင့် မြတ်သူရောက်နေပြီ"ဟုမိန့်တော်မူလိုက်လေသည်။ 33"ဆီမီးထွန်းညှိထားသောမီးအိမ်ကိုမည်သူမျှဝှက်ထား လေ့မရှိ၊မြေအိုးအောက်တွင်လည်းမထားပေ၊အိမ်ထဲသို့ဝင်လာသူများအလင်းရစေရန်မီးအိမ်ကိုမီးတိုင်တွင်သာချိတ်ဆွဲကြ၏။ 34သင်တို့၏မျက်စိများသည်သင်တို့၏ခန္ဒာကိုယ် မီးအိမ်သဖွယ်ပင်ဖြစ်သည်။ သင်မျက်စိကောင်းသောအခါ သင်လိုအပ်သော အလင်းရောင်အားလုံး ကိုရရှိနိုင်ပြီး၊ သင် မျက်စိမကောင်းလျှင် အရာအားလုံး မှောင်မိုက်နေပါလိမ့် မည်။ 35ထို့ကြောင့်သင်တို့၏ အလင်းရောင်ကို အမှောင် မဖြစ်စေရန် သေချာစွာလုပ်ပါ။ 36အကယ်၍သင့်တွင် အလင်းရောင်ရှိနေလျှင် မည်သည့်အရာမှ မမှောင်မိုက်ခြင်း မရှိတော့ဘဲ မီးအိမ်သည် တောက်ပသောအလင်းရောင်ဖြင့် သင့်အပေါ်ထွန်းလင်းသကဲ့သို့နေရာတိုင်းတွင်ထွန်းလင်း တောက်ပနေပါလိမ့်မည်”ဟုမိန့်တော်မူခဲ့လေသည်။ 37ထိုသို့ မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် ကိုယ်တော်ယေရှုအား ညနေစာဖြင့်ဧည့်ခံရန် သူ့အိမ်သို့ပင့် ဖိတ်လေ၏။ 38ကိုယ်တော်သည်သူ၏အိမ်သို့ကြွ၍ထမင်း စားပွဲတွင်ထိုင်လိုက်၏။ကိုယ်တော်သည်အစာမစားမှီလက်မဆေးဘဲထမင်းစားပွဲတွင်ထိုင်သောကြောင့်ထိုဖာရိရှဲသည်အလွန်ပင်အံ့ဩသွားလေသည်။ 39ထို့ကြောင့်ကိုယ်တော်ကထိုသူအား"သင်တို့ဖာရိရှဲများသည်ပန်းကန်ခွက်ယောက်များ၏အပြင်ဘက်ကိုသာဆေးကြောသန့်စင်ကြပြီးသင်တို့၏အတွင်းစိတ်များမှာလောဘတရားများနှင့်ယုတ်ညံ့လျက်ရှိ၏။ 40လူမိုက်တို့၊ ဘုရားရှင်သည်အတွင်းနှင့် အပြင် နှစ်ဖက်စလုံးကို ဖန်ဆင်းပေးထားတော်မူ၏။ 41သင်တို့ သည် ဆင်းရဲသားများကိုပေးကမ်းစွန့်ကြဲလျင် သင်တို့လုပ် ဆောင်သောအရာတိုင်းအား ဘုရားရှင်ကျေနပ်နှစ်သက်ပါ လိမ့်မည်။ 42ဖာရိရှဲတို့ သင်တို့သည်ဒုက္ခတွေ့နေကြပြီ၊ သင်တို့သည် ဘုရားရှင်အား သင်တို့၏ဥယျာဉ်မှထွက်သော ပင်စိမ်းရွက်၊လျှူရွက် ကဲ့သို့သော အသီးအနှံများကို ဆယ်ဖို့ တစ်ဖို့ပေးလှူကြသည်။သို့သော်သင်တို့သည်သူတပါးအားလိမ်ညာလှည့်စားပြီး ဘုရားရှင်ကိုလည်း မကြည်ညိုကြ။ သင်တို့သည် ဘုရားရှင်အား ဆယ်ဖို့တစ်ဖို့ပေးလှူသည့် အပြင် တစ်ခြားသောသူများအား တရားမျှတစွာကျင့်သုံး၍ သနားကြင်နာကြရမည်။ 43ဖာရိရှဲတို့၊ သင်တို့သည် ဒုက္ခ တွေ့နေကြပြီ။ ဓမ္မာရုံများတွင်လည်းရှေ့ဆုံးမှထိုင်၍ နေရာ ယူရသည်ကို ချစ်မြတ်နိုးကြသည်။ ဈေးထဲတွင်လူအများ ဂုဏ်ပြုကြိုဆိုသည်ကိုလည်း နှစ်သက်ကြသေးသည်။ 44သို့သော်သင်တို့ဒုက္ခကြုံနေရပြီ၊ သင်တို့သည်အမှတ်အသား မရှိသည့် သင်္ချိုင်းတွင်းများနှင့်တူ၏။ လူတို့သည်ထိုအမှတ် အသား မရှိသောနေရာပေါ်မှ လျှောက်လှမ်းကြသောအခါ သင်္ချိုင်းတွင်းဖြစ်မှန်းမသိကြ" ဟု မိန့်တော်မူလိုက်လေ သည်။ 45မောရှေကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးက"ကိုယ်တော်ဤသို့မိန့်တော်မူသည်မှာ ကျွန်ုပ်တို့ကို စော်ကားခြင်းသာ ဖြစ်ပါသည်"ဟုပြန်ပြောလေ၏။ 46ကိုယ်တော်က"ကျမ်းတတ်ဆရာတို့သင်တို့သည်ဒုက္ခတွေ့နေကြပြီ။သင်တို့သည်လူတို့ကိုလေးလံသည့် ဝန်ထုပ်ဝန်ပိုးများကို ထမ်းစေ၏။ သို့သော် သင်တို့သည် ထိုလူများထမ်းသောဝန်များကို လက်ဖျားနဲ့ပင်တို့ထိ၍ မကူညီကြ။ 47သင်တို့သည် အမှန်ပင်ဒုက္ခသားကောင်များ ဖြစ်ကြ၏။ ရှေ့ယခင် သင်တို့ ၏ ဘိုးဘွားများကသတ်ခဲ့သော ပညာရှိပရောဖက်များအ တွက် သင်တို့က ဂုဏ်ပြုခြင်းအထိမ်းအမှတ် ကျောက်တိုင် များ စိုက်ထူပေးကြ၏။ 48ထိုသို့ဆောင်ရွက်ခြင်းသည် သင်တို့ ဘိုးဘေးများ၏ လုပ်ဆောင်ချက်မှန်ကန်သည်ဟု သင်တို့ တွေးခေါ်သောကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သင်တို့သည် ထိုသူတို့သတ်ခဲ့သော ပညာရှိပရောဖတ်များ အတွက် ထိုအထိမ်းအမှတ် ကျောက်တိုင်များကို စိုက်ထူ ကြလိမ့်မည်မဟုတ်။ 49ထို့ကြောင့်ဘုရားရှင်သည် ဉာဏ် အလင်းတော်ဖြင့် သူတို့၏ မကောင်းမူဒုစရိုက် အကြောင်း များကို မိန့်တော်မူခဲ့သည်မှာ“သင်တို့ထံသို့ ပညာရှိပရော ဖတ် များနှင့်တမာန်တော်များကို စေလွှတ်တော်မူမည်။ သို့သော် သင်တို့သည် ထိုပရောဖတ်များ တမာန်တော်များ အားတချို့ကိုသတ်၍ တချို့ကိုညှဉ်းဆံကြလိမ့်မည်။” ဟူ၍ ဖြစ်သည်။ 50ယနေ့လောကီသားတို့သည်အားလုံးသောပညာရှိသူတော်ကောင်းများကိုကမာ္ဘဦးအစကပင်သတ်ဖြတ်ခဲ့ကြသည့်အတွက်အပြစ်သင့်နေကြပြီ။ 51ထိုပညာရှိသူ တော်ကောင်းများထဲတွင် ‘အာဗေလ’မှအစပြု၍ဗိမာန် တော်အတွင်းနှင့်ယဇ်ပလ္လင်အကြားတွင်အသတ်ခံခဲ့ရသောပညာရှိပရောဖတ် ‘ဇာခရိ’အထိပင်ဖြစ်သည်။ထို့ကြောင့် ဤအရာအားလုံးအတွက် သင်တို့လူသားတို့သည် အပြစ် ပေးခံရမည်မှာ အသေအချာပင်ဖြစ်သည်။ 52မောရှေကျမ်း တတ်ပုဂ္ဂိုလ်တို့ သင်တို့သည်မိုက်တွင်းနက်ကြ၏။ သင်တို့ သည် ဘုရားရှင်နှင့် သက်ဆိုင်သော အသိပညာဘဏ်တိုက် တံခါးသော့ကို သိမ်းထားကြပြီး၊ ကိုယ်တိုင်လည်းမဝင်၊ အခြားသူများကိုလည်းတာဆီးကြ၏" ဟု မိန့်တော်မူလိုက် လေသည်။ 53ကိုယ်တော်သည် ထိုအရပ်မှကြွတော် မူသောအခါ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများသည် သူ တို့နှင့်အတူ ကိုယ်တော်အားရှိစေလို၏။ သူတို့သည် ကိုယ်တော်အား တစ်ခြားသော အကြောင်းအရာတို့ကို ဟောပြော စေလိုကြသည်။ 54အကြောင်းရင်းမှာ သူတို့ သည် ကိုယ်တော်မိန့်တော်မူသည့် စကားများတွင်အမှား တစ်စုံတစ်ရာ ပါဝင်ခဲ့ပါက ဖမ်းဆီးနိုင်ရန်အတွက်ပင်ဖြစ် သည်။

Currently Selected:

Luke 11: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in