YouVersion Logo
Search Icon

မဿဲ 10

10
တမန်တော်​ဆယ့်နှစ်ပါး​အား စေလွှတ်တော်မူခြင်း
1ယေရှု​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်တော်မူ​၍ နတ်ဆိုးများ​ကို နှင်ထုတ်နိုင်သော​အခွင့်အာဏာ​နှင့် အနာရောဂါ​အမျိုးမျိုး၊ ဖျားနာခြင်း​အမျိုးမျိုး​ကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့​ကို ပေးတော်မူ၏။ 2ထို​တမန်တော်​ဆယ့်နှစ်ပါးတို့​၏​အမည်များ​မှာ
ရှေးဦးစွာ ပေတရု​ဟူ၍​လည်း ခေါ်ဝေါ်သော​ရှိမုန်၊
ထို့နောက် သူ​၏​ညီ အန္ဒြေ၊
ဇေဗေဒဲ​၏​သား ယာကုပ်၊
ယာကုပ်​၏​ညီ ယောဟန်၊
3ဖိလိပ္ပု၊
ဗာသောလမဲ၊
သောမ၊
အခွန်​ကောက်သူ မဿဲ၊
အာလဖဲ​၏​သား ယာကုပ်၊
သဒ္ဒဲ၊#10:3 အခြား​လက်ရေးမူကျမ်းများ​တွင် “လေဗဲ၊” သို့မဟုတ် “သဒ္ဒဲ” ဟု ခေါ်သော “လေဗဲ” ဟု ဖော်ပြထားသည်။
4မျိုးချစ်စိတ်​ထက်သန်သူ#10:4 မူရင်း​ဂရိကျမ်း​တွင် “ကာနနိတ်လူမျိုး” ဟု ဖော်ပြထားပြီး ၎င်း​သည် ဂျူး​မျိုးချစ်စိတ်​ရှိသူများ​အား ခေါ်ဝေါ်သည့် အာရမိတ်​အခေါ်​ဖြစ်သည်။ ရှိမုန်​နှင့်
ယေရှု​အား သစ္စာဖောက်သော​ယုဒရှကာရုတ်​တို့
ဖြစ်ကြ၏။
5ယေရှု​သည် ထို​တမန်တော် ဆယ့်နှစ်ပါးတို့​အား စေလွှတ်တော်မူ​၍ “လူမျိုးခြားများ​ထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့​၏​မြို့ရွာများ​သို့ မသွားကြနှင့်။ 6ဘုရားသခင်​၏ ပျောက်သော​သိုးများ​ဖြစ်သည့် အစ္စရေးလူမျိုးများ​ထံသို့​သာ သွားကြလော့။ 7သူတို့​ထံသို့ သွား​၍ ‘ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ’ ဟု ဟောပြောကြလော့။ 8ဖျားနာသူများ​ကို ကျန်းမာစေကြလော့။ သေလွန်သော​သူတို့​ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များ​ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများ​ကို နှင်ထုတ်ကြလော့။ သင်တို့​သည် အဖိုးအခ​မပေးဆောင်ရဘဲ ရရှိထားသည်​ဖြစ်၍ အဖိုးအခ​မယူဘဲ ပေးကမ်းကြလော့။
9သင်တို့​၏ ခါးစည်း​ထဲတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါး​စသည်တို့​ကို မဆောင်ကြနှင့်။ 10ခရီးဆောင်အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​အပို၊ တောင်ဝှေး​တို့​ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်​ကိုလည်း လက်ခံ​ရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ​သည် စားစရာ​ကို ရထိုက်​သောကြောင့်​ဖြစ်၏။
11မြို့​တစ်မြို့၊ သို့မဟုတ် ရွာ​တစ်ရွာ​သို့ ဝင်​သောအခါ သင်တို့​အား လက်ခံကြိုဆိုမည့်သူ​ကို ရှာ​၍ ထို​မြို့ရွာ​မှ မထွက်​မီ​တိုင်အောင် သူ​၏​အိမ်​၌သာ တည်းခိုကြလော့။ 12ထို​အိမ်​သို့ ဝင်​သောအခါ မင်္ဂလာပါ​ဟု နှုတ်ဆက်လော့။ 13ထို​အိမ်​သည် ထိုက်တန်​လျှင် သင်တို့​၏​ငြိမ်းချမ်းခြင်း​သည် ထို​အိမ်​အပေါ် သက်ရောက်​လိမ့်မည်။ မထိုက်တန်​ပါက ထို​ငြိမ်းချမ်းခြင်း​သည် သင်တို့​ထံ ပြန်လာ​လိမ့်မည်။ 14သို့သော်လည်း မည်သူ​မျှ သင်တို့​ကို မကြိုဆို၊ သင်တို့​ဟောသည့်​တရား​ကိုလည်း မနာယူ​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​မှ ထွက်ခွာ​သောအခါ သင်တို့​၏​ခြေဖဝါး​မှ ဖုန်မှုန့်​ကို ခါချလော့။ 15သင်တို့​အား ငါ​အမှန်​ဆို၏။ တရားစီရင်သော​နေ့​တွင် ထို​မြို့​သည် ဆိုးသွမ်းသည့်​သောဒုံမြို့​နှင့် ဂေါမောရမြို့​ထက် ပို၍​အပြစ်ဒဏ်ခံရ​လိမ့်မည်။ 16ဝံပုလွေများ​ထဲသို့ သိုးများ​ကို စေလွှတ်​သကဲ့သို့ သင်တို့​ကို ငါ​စေလွှတ်၏။ ထို့ကြောင့် မြွေများ​ကဲ့သို့ လိမ္မာပါးနပ်​၍ ချိုးငှက်များ​ကဲ့သို့ အဆိပ်ကင်းကြလော့။ 17လူတို့​ကို သတိပြုကြလော့။ သူတို့​သည် သင်တို့​ကို တရားရုံးများ​သို့ အပ်ကြ​လိမ့်မည်။ ဂျူးဝတ်ပြုဆောင်များ​တွင်လည်း ကြိမ်ဒဏ်ပေးကြ​လိမ့်မည်။ 18ငါ​၏ နောက်လိုက်များ​ဖြစ်​သောကြောင့် သင်တို့​ကို အစိုးရအာဏာပိုင်များ​နှင့် ရှင်ဘုရင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။ သို့သော် ဤ​အရာ​သည် ထို​သူတို့​နှင့် လူမျိုးခြားတို့​ထံ ငါ့​အကြောင်း​သက်သေခံရသော​အခွင့်​ကို ဖြစ်စေ​လိမ့်မည်။ 19သင်တို့​ကို အပ်နှံကြ​သောအခါ မည်သို့​တုံ့ပြန်​ပြောဆို​ရမည်​ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်​သည် သင်တို့​ပြောဆိုရမည့်​စကား​ကို ထို​အချိန်​၌ ပေးတော်မူ​လိမ့်မည်။ 20သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူ​မှာ သင်တို့​မဟုတ်ဘဲ သင်တို့​အဖ​၏​ဝိညာဉ်တော်​သည် သင်တို့​အားဖြင့် ပြောဆိုနေမည်​ဖြစ်၏။
21ညီအစ်ကို​ချင်း တစ်ဦး​ကို​တစ်ဦး သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ ဖခင်​သည်လည်း မိမိ​သားသမီး​ကို သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ သားသမီးတို့​သည်လည်း မိဘ​ကို ပုန်ကန်​၍ သေစေကြ​လိမ့်မည်။ 22ငါ​၏​နောက်လိုက်များ​ဖြစ်​သောကြောင့်#10:22 မူရင်း​ဂရိကျမ်း​တွင် “ငါ​၏​အမည်​နာမ​ကြောင့်” ဟု ဖော်ပြထားသည်။ လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။ 23မြို့​တစ်မြို့​တွင် သင်တို့​ကို ညှဉ်းပန်းနှိပ်စက်​သောအခါ အခြား​တစ်မြို့​သို့ ပြေးကြလော့။ သင်တို့​အား ငါ​အမှန်​ဆို၏။ အစ္စရေးမြို့များ​ကို သင်တို့​နှံ့စပ်အောင်​မရောက်​မီ လူသား#10:23 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ကြွလာ​လိမ့်မည်။
24တပည့်​သည် ဆရာ​ထက် မြတ်သည်​မဟုတ်။ ကျွန်​သည်လည်း သခင်​ထက် မြတ်သည်​မဟုတ်။ 25တပည့်​သည် ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည်​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီး​ဖြစ်သူ​ကို နတ်ဆိုးမင်း#10:25 မူရင်း​ဂရိကျမ်း​တွင် “ဗေလဇေဗုလ” ဟူ၍ ဖော်ပြထားသည်။​ဟု ခေါ်ကြ​လျှင် အိမ်သူအိမ်သားတို့​ကို ပို​၍ ဆိုးရွား​စွာ ခေါ်ကြ​လိမ့်မည်။
26သို့သော် ထို​သူတို့​ကို မကြောက်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဖုံးကွယ်ထား​သမျှ​သည် ဖော်ထုတ်​ခံရ​ပြီး လျှို့ဝှက်ထား​သမျှတို့​သည် ပေါ်လာမည်​ဖြစ်​သောကြောင့်​ပင် ဖြစ်၏။ 27သို့ဖြစ်၍ သင်တို့​အား အမှောင်​၌ ငါ​ပြော​သမျှ​ကို အလင်း​တွင် ပြောကြလော့။ သင်တို့​နား​၌ ငါ​တီးတိုး​ပြောသမျှ​ကို လသာဆောင်#10:27 ပထမ​ရာစု​ကာလ​၌ ယုဒပြည်​နှင့် ဂါလိလဲပြည်​တို့​တွင် အိမ်အမိုးများ​မှာ ပြန့်​ပြီး တက်ရောက်​သွားလာ​နိုင်သည်။ ထို​အိမ်အမိုး​ပေါ်မှ အော်ပြော​လျှင် လမ်းပေါ်​ရှိ လူတိုင်း​ကြားနိုင်သည်။​ပေါ်မှ ကြေညာကြလော့။
28ကိုယ်ခန္ဓာ​ကိုသာ သတ်​၍ စိတ်ဝိညာဉ်​ကို​မသတ်နိုင်သော​သူတို့​ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​နှစ်မျိုးလုံး​ကို ငရဲ​တွင် ဖျက်ဆီးနိုင်သော​ဘုရားသခင်​ကိုသာ ကြောက်ကြလော့။ 29စာကလေး​နှစ်ကောင်​ကို ကြေးဒင်္ဂါးလေး#10:29 မူရင်း​ဂရိကျမ်း​တွင် “အဿရိ” ဟု တွေ့ရှိရသည်။ ၎င်း​သည် “အဿရိ” ဟု ခေါ်သော “ရောမ​ကြေးဒင်္ဂါး” ကို​ဆိုလိုသည်။ ထို​အဿရိ​ခေါ် ကြေးဒင်္ဂါး​တစ်ပြား​သည် ဒေနာရိ ဆယ့်ခြောက်ပုံ​တစ်ပုံ၊ သို့မဟုတ် ပျမ်းမျှ​နာရီဝက်​လုပ်အားခ​ထက်​နည်းသည့် တန်ဖိုး​နှင့် ညီမျှသည်။​တစ်ပြား​နှင့်သာ ဝယ်ရသည်​မဟုတ်လော။ သို့သော်လည်း သင်တို့​အဖ​၏​အခွင့်​မရှိဘဲ ထို​စာကလေး​တစ်ကောင်​မျှ မြေ​ပေါ်သို့​မကျရ။ 30ထိုမျှမက သင်တို့​၏​ဦးခေါင်း​မှ ဆံပင်​ရှိသမျှ​ကိုလည်း ရေတွက်ထားတော်မူ၏။ 31ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့​သည် စာကလေး​များစွာ​ထက် ပို၍​အဖိုးတန်၏။
32သို့ဖြစ်၍ လူတို့​ရှေ့တွင် ငါ့​ကို ထုတ်ဖော်ဝန်ခံ​သူ ရှိသမျှတို့​ကို ငါ​သည်လည်း ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။ 33သို့သော် လူတို့​ရှေ့တွင် ငါ့​ကို ငြင်းပယ်သော​သူ​အား ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​ရှေ့တွင် ငါ​သည် ငြင်းပယ်မည်။
34ဤ​လောက​သို့ ငြိမ်းချမ်းခြင်း​ကို ယူဆောင်လာ​ရန် ငါ​လာသည်​ဟု မထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်း​ကို ယူဆောင်လာ​ရန် ငါ​လာသည် မဟုတ်ပါ။ ဓား​ကို​ယူဆောင်လာ​ရန် ငါ​လာ၏။
35သား​သည် ဖခင်​ကို​လည်းကောင်း၊
သမီး​သည် မိခင်​ကို​လည်းကောင်း၊
ချွေးမ​သည် ယောက္ခမ​ကို​လည်းကောင်း၊
အချင်းချင်း ဆန့်ကျင်​စေရန် ငါ​လာ၏။
36မိမိ​၏​အိမ်သူအိမ်သားများ​သည်
မိမိ​ရန်သူများ ဖြစ်ကြ​လိမ့်မည်။#10:36 မိ ၇:၆။
37ငါ့​ကို​ချစ်သည်​ထက် မိမိ​၏​ဖခင်၊ သို့မဟုတ် မိခင်​ကို ပို၍​ချစ်သော​သူ​သည် ငါ့​တပည့်​ဖြစ်​ရန် မထိုက်တန်ပါ။ ငါ့​ကို​ချစ်သည်​ထက် မိမိ​၏​သားသမီး​ကို ပို၍​ချစ်သော​သူ​သည်လည်း ငါ့​တပည့်​ဖြစ်​ရန် မထိုက်တန်ပါ။ 38မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​၍ ငါ့​နောက်သို့ မလိုက်သောသူ​သည်လည်း ငါ့​တပည့်​ဖြစ်​ရန် မထိုက်တန်ပါ။ 39မိမိ​အသက်​ကို ဖက်တွယ်သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​ကြောင့် အသက်​ဆုံးရှုံးသော​သူ​သည် အသက်​ကို ရ​လိမ့်မည်။
40သင်တို့​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​ကို လက်ခံ၏။ 41ပရောဖက်​တစ်ပါး​ကို ဘုရားသခင်​၏​ကိုယ်စားလှယ်​အဖြစ် လက်ခံသော​သူ​သည်#10:41 မူရင်း​ဂရိကျမ်း​တွင် “ပရောဖက်​အမည်​နာမ​ကို ထောက်​၍ ပရောဖက်​တစ်ပါး​ကို လက်ခံသော​သူ​၏” ဟု ဖော်ပြထားသည်။ ပရောဖက်​၏​အကျိုးကျေးဇူး​ကို ခံစားရ​လိမ့်မည်။ ဖြောင့်မတ်သောသူ​၏ မျက်နှာ​ကို​ထောက်​၍ ဖြောင့်မတ်သောသူ​ကို လက်ခံသော​သူ​သည် ဖြောင့်မတ်သောသူ​၏ အကျိုးကျေးဇူး​ကို ခံစားရ​လိမ့်မည်။ 42ငါ့​တပည့်​၏ မျက်နှာ​ကို​ထောက်​၍ ဤ​အသေးနုပ်ဆုံးသောသူ​ထဲမှ တစ်ဦး​အား ရေအေး​တစ်ခွက်​ကို တိုက်သော​သူသည် အကျိုးကျေးဇူး​ကို မခံစားဘဲ​မနေရ​ဟု ငါ​အမှန်​ဆို၏” ဟု ညွှန်ကြား​လျက် မိန့်တော်မူ၏။

Currently Selected:

မဿဲ 10: BCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in