YouVersion Logo
Search Icon

တိတု 2

2
စင်​ကြယ်​သော​ဩ​ဝါ​ဒ
1သင်​မူ​ကား၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ထိုက်​တန်​သ​မျှ​တို့​ကို ဟော​ပြော​လော့။- 2အ​သက်​ကြီး​ရင့်​သော ယောက်ျား​တို့​သည် သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ တည်​ကြည်​သော​သူ၊ ဣ​န္ဒြေ​စောင့် သော​သူ၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၌ စိတ်​သန်​သော​သူ ဖြစ်​ရ​ကြ​မည်​အ​ကြောင်း၊- 3ထို​နည်း​တူ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ကျင့်​ကြံ​ပြု​မူ​ရာ​မှာ ဓ​မ္မ​အ​မှု​နှင့် ထိုက်​တန်​သော​သူ၊ မ​ချော​စား​တတ်​သော​သူ၊ စ​ပျစ်​ရည်၌ မ​လွန်​ကြူး​တတ်​သော​သူ၊ ကောင်း​သော​အ​တတ်​ကို သင်​ပေး​တတ်​သော​သူ ကိုယ်​တိုင်​ဖြစ်၍၊- 4ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​စိမ့်​သော​ငှာ၊ အ​သက်​ပျို​သော မိန်း​မ​တို့​သည် ကိုယ်​ခင်​ပွန်း​ကို ချစ်​သော​သူ၊ သား​သ​မီး​ကို ချစ်​သော​သူ၊- 5ဣ​န္ဒြေ​စောင့်​သော​သူ၊ စင်​ကြယ်​သော​သူ၊ မိ​မိ​အိမ်​ကို​ပြု​စု​သော​သူ၊ ကောင်း​မွန်​သော​သူ၊ ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​သော​သူ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ဆုံး​မ​ပေး​ရ​ကြ​မည်​အ​ကြောင်း၊- 6ထို​နည်း​တူ၊ အ​သက်​ပျို​သော​ယောက်ျား​တို့​သည်​လည်း၊ ဣ​န္ဒြေ​စောင့်​ရ​ကြ​မည်​အ​ကြောင်း တိုက်​တွန်း သွေး​ဆောင်​လော့။
7အ​ရာ​ရာ၌ ကောင်း​သော​အ​ကျင့်​တို့၏ ပုံ​သက်​သေ​ကို ကိုယ်​တိုင်​ပြ​လော့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​အ​ခါ၊ မိ​စ္ဆာ​ဒိ​ဋ္ဌိ​နှင့်​ကင်း​ခြင်း၊ တည်​ကြည်​ခြင်း၊- 8အ​ပြစ်​တင်​ဖွယ်​မ​ရှိ၊ စင်​ကြယ်​သော​တ​ရား​စ​ကား​ကို ဟော​ပြော​ခြင်း​တို့​ကို ပြု​လော့။ သို့​ဖြစ်၍၊ တစ်​ဖက်၌ နေ​သော​သူ​သည်၊ ငါ​တို့​ကို ကဲ့​ရဲ့​စ​ရာ​အ​ခွင့် မ​ရ​နိုင်​သော​ကြောင့်၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​လိမ့်​မည်။
9အ​စေ​ခံ​ကျွန်​တို့​သည်၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ဩ​ဝါ​ဒ​ကို အ​ရာ​ရာ၌ တန်​ဆာ​ဆင်​ခြင်း​ငှာ၊ မိ​မိ​တို့​သ​ခင်၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ၍၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ အ​ရာ​ရာ၌ သ​ခင်၏​အ​လို​သို့ လိုက်​မည်​အ​ကြောင်း​နှင့်၊- 10တိတ်​ဆိတ်​စွာ ခိုး​ယူ​ခြင်း​ကို​မ​ပြု​ဘဲ၊ ခပ်​သိမ်း​သော သ​စ္စာ​ကို ထင်​ရှား​စွာ​ပြ​မည်​အ​ကြောင်း တိုက်​တွန်း သွေး​ဆောင်​လော့။
11-13အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ရှိ​သော မျှော်​လ​င့်​ရာ​ကို​လည်း​ကောင်း၊ ကြီး​မြတ်​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘုန်း​အ​သ​ရေ​တော် ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သည် မျှော်​လ​င့်​လျက်၊ ဘု​ရား​မဲ့ တ​ရား​မဲ့​နေ​ခြင်း၊ လော​ကီ​တပ်​မက်​ခြင်း​ကို ပယ်​ရှား​လျက်၊ ယ​ခု​ဘ​ဝ၌ ဣ​န္ဒြေ​စောင့်​ခြင်း၊ တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌​မွေ့​လျော်​ခြင်း​တို့​ကို ပြု​နေ​ရ​မည်​အ​ကြောင်း၊ ငါ​တို့​ကို ဆုံး​မ​သွန်​သင်၍၊ လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​သည် ထင်​ရှား ပေါ်​ထွန်း​လျက်​ရှိ၏။- 14ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ဒု​စ​ရိုက်​မှ ငါ​တို့​ကို ရွေး​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော အ​ကျင့်​ဘက်၌ စိတ်​အား​ကြီး၍၊ ပိုင်​ထိုက်​တော်​မူ​သော အ​မျိုး​ကို မိ​မိ​အ​ဖို့ စင်​ကြယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် စွန့်​ကြဲ​တော်​မူ​ပြီ။- 15ဤ​တ​ရား​စ​ကား​ကို​ဟော​ပြော​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ပြစ်​တင်​ခြင်း​တို့​ကို ခပ်​သိမ်း​သော အာ​ဏာ​နှင့်​တ​ကွ​ပြု​လော့။ အ​ဘယ်​သူ​မျှ သင့်​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။

Currently Selected:

တိတု 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy