YouVersion Logo
Search Icon

ဆာလံ 67

67
ကျေး​ဇူး​တော်​ချီး​မွမ်း​သီ​ချင်း
1ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ်​တော်​ရှိ​သ​ဖြင့်၊ ကောင်း​ချီး​ပေး၍ မျက်​နှာ​တော်၏​အ​လင်း​ကို လွှတ်​တော်​မူ​ပါ​စေ​သော။ 2ထို​သို့​သော​အား​ဖြင့် မြေ​ကြီး​သား​တို့​သည် အ​မှု​တော်​တို့​ကို​သိ၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​ပါ​စေ​သော။ 3အို ဘု​ရား​သ​ခင်၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ လူ​များ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ 4လူ​အ​မျိုး​မျိုး​တို့​သည် ဝမ်း​မြောက်၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် လူ​တို့​ကို ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်၍၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​မျိုး​တို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ 5အို ဘု​ရား​သ​ခင်၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ လူ​များ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ 6မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ 7ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ဦး​မည်။ မြေ​ကြီး​စွန်း​အ​ပေါင်း​တို့​သည်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လိမ့်​မည်။

Currently Selected:

ဆာလံ 67: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in