YouVersion Logo
Search Icon

နေဟမိ 1

1
နေ​ဟ​မိ​၏​ဆု​တောင်း​ခြင်း
1ဟာ​ခ​လိ​သား နေ​ဟ​မိ​စ​ကား​ဟူ​မူ​ကား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ ခိ​သ​လု​လ​တွင်၊ ငါ​သည် ရှု​ရှန်​နန်း​တော်၌ ရှိ​နေ​စဉ်၊ 2ငါ့​ညီ ဟာ​နန်​နှင့် ယု​ဒ​လူ​အ​ချို့​တို့​သည် ရောက်​လာ၍၊ ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​လူ​စု​ထဲ​က လွတ်​သော​သူ​တို့၏ အ​ကြောင်း​အ​ရာ​နှင့်၊ ယေ​ရု​ရှ​လင်​မြို့၏ အ​ကြောင်း​အ​ရာ​ကို​မေး​မြန်း​လျှင်၊ 3သူ​တို့​က၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု​ထဲ​က လွတ်၍၊ ထို​ပြည်၌ နေ​သော​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ပြီ​ဟု ပြန်​ပြော​ကြ၏။ 4ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​သည်​ထိုင်၍ အင်​တန်​ကာ​လ​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​စာ​ရှောင်​လျက်​နေ၍၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဆု​တောင်း​သော​ပ​တ္ထ​နာ ဟူ​မူ​ကား၊ 5အို​ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ ပ​ညတ်​တော်​တို့​ကို နှစ်​သက်၍ ကျင့်​စောင့်​သော သူ​တို့​နှင့်​ဖွဲ့​သော က​ရု​ဏာ​ပ​ဋိ​ညာဉ်​ကို မ​ဖျက်၊ တည်​စေ​တော်​မူ​သော ဘု​ရား၊ 6ကိုယ်​တော်​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​ဆု​တောင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို ဖော်​ပြ၍ တောင်း​ပန်​သော ကိုယ်​တော်​ကျွန်၏ ပ​တ္ထ​နာ​စ​ကား​ကို ကြား​ခြင်း​ငှာ၊ ယ​ခု​နား​ထောင်၍ စေ့​စေ့​ကြည့်​ရှု​တော်​မူ​ပါ။ 7အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​တို့​သည် ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား၍၊ အ​လွန်​ဆိုး​ညစ်​သော အ​မှု​တို့​ကို ပြု​မိ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို မ​စောင့်​ဘဲ​နေ​ပါ​ပြီ။ 8ကိုယ်​တော်​က၊ သင်​တို့​သည် လွန်​ကျူး​လျှင်၊ သင်​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ​ကွဲ​ပြား​စေ​မည်။#ဝတ်၊ ၂၆:၃၃။ 9တစ်​ဖန် ငါ့​ထံ​သို့ ပြန်​လာ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​ပြန်​လျှင်၊ မိုး​ကောင်း​ကင်​အောက် အ​ဝေး​ဆုံး​သော​အ​ရပ်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​ရပ်​က ငါ​သိမ်း​ယူ၍၊ ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ချယ်​သော​အ​ရပ်​သို့ ဆောင်​ခဲ့​မည်​ဟု ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ​ပါ။#တ​ရား၊ ၃၀:၁-၅။ 10ယ​ခု​မှာ၊ ဤ​သူ​တို့​သည် မ​ဟာ​တန်​ခိုး​တော်​နှင့် အား​ကြီး​သော​လက်​တော်​ဖြင့် ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်​ကျွန်၊ ကိုယ်​တော်​လူ​မျိုး ဖြစ်​ကြ​ပါ၏။ 11အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

Currently Selected:

နေဟမိ 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in