YouVersion Logo
Search Icon

Popular Bible Verses from နေဟမိ 1

အို​ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ ပ​ညတ်​တော်​တို့​ကို နှစ်​သက်၍ ကျင့်​စောင့်​သော သူ​တို့​နှင့်​ဖွဲ့​သော က​ရု​ဏာ​ပ​ဋိ​ညာဉ်​ကို မ​ဖျက်၊ တည်​စေ​တော်​မူ​သော ဘု​ရား၊ ကိုယ်​တော်​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​ဆု​တောင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို ဖော်​ပြ၍ တောင်း​ပန်​သော ကိုယ်​တော်​ကျွန်၏ ပ​တ္ထ​နာ​စ​ကား​ကို ကြား​ခြင်း​ငှာ၊ ယ​ခု​နား​ထောင်၍ စေ့​စေ့​ကြည့်​ရှု​တော်​မူ​ပါ။

အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​တို့​သည် ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား၍၊ အ​လွန်​ဆိုး​ညစ်​သော အ​မှု​တို့​ကို ပြု​မိ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို မ​စောင့်​ဘဲ​နေ​ပါ​ပြီ။ ကိုယ်​တော်​က၊ သင်​တို့​သည် လွန်​ကျူး​လျှင်၊ သင်​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ​ကွဲ​ပြား​စေ​မည်။ တစ်​ဖန် ငါ့​ထံ​သို့ ပြန်​လာ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​ပြန်​လျှင်၊ မိုး​ကောင်း​ကင်​အောက် အ​ဝေး​ဆုံး​သော​အ​ရပ်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​ရပ်​က ငါ​သိမ်း​ယူ၍၊ ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ချယ်​သော​အ​ရပ်​သို့ ဆောင်​ခဲ့​မည်​ဟု ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ​ပါ။

Free Reading Plans and Devotionals related to နေဟမိ 1