YouVersion Logo
Search Icon

ဝတ်ပြုရာ 3

3
မိတ်​သ​ဟာ​ယ​ယဇ်
1နွား​ကို​မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။ 2ပူ​ဇော်​သော​နွား၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။ 3အ​အူ​ကို ဖုံး​သော​ဆီ​ဥ၊ 4အ​အူ​နှင့်​ဆိုင်​သ​မျှ​သော​ဆီ​ဥ၊ ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​တို့​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ထဲ​က​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ဖို့ ဆက်​ပြီး​မှ၊ 5အာ​ရုန်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​အ​ပေါ်၌​ရှိ​သော ထင်း​မီး​ပေါ်​မှာ​တင်​သော ယဇ်​ကောင်​နှင့်​အ​တူ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။
6ထာ​ဝ​ရ​ဘု​ရား​အား သိုး၊ ဆိတ်​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို​ဆက်​ရ​မည်။ 7သိုး​သ​ငယ်​ကို​ပူ​ဇော်​လို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ပြီး​မှ၊ 8ပူ​ဇော်​သော​သိုး၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​တို့​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။ 9အ​ကောင်​ဆီ​ဥ၊ ကျော​ရိုး​က​တိ​တိ​ဖြတ်​သော အ​မြီး​ရှိ​သ​မျှ၊ အ​အူ​ကို​ဖုံး​သော အ​ဆီ​ဥ၊ အ​အူ​နှင့်​ဆိုင်​သ​မျှ​သော အ​ဆီ​ဥ၊ 10ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​တို့​ကို၊ မိတ်​သ​ဟာ​ယ ယဇ်​ကောင်​ထဲ​က​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ဖို့​ဆက်​ပြီး​မှ၊ 11ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။
12ဆိတ်​ကို​ပူ​ဇော်​လို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ပြီး​မှ၊ 13ဆိတ်​ခေါင်း​ပေါ်​မှာ​မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​တို့​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။ 14အ​အူ​ကို​ဖုံး​သော ဆီ​ဥ၊ အ​အူ​နှင့်​ဆိုင်​သ​မျှ​သော ဆီ​ဥ၊ 15ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော အ​မြှေး​တို့​ကို၊ မိ​မိ​ပူ​ဇော်​သ​ကာ​ထဲ​တွင် ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖို့​ဆက်​ပြီး​မှ၊ 16ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။ ဆီ​ဥ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​ဆိုင်​တော်​မူ၏။ 17သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ နေ​လေ​ရာ​ရာ၌ ဆီ​ဥ​ကို​မ​စား​ရ၊ အ​သွေး​ကို​မ​စား​ရ​ဟု ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in