YouVersion Logo
Search Icon

ဝတ်ပြုရာ 2

2
ဘော​ဇဉ်​ပူ​ဇော်​သ​ကာ
1ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ မုန့်​ညက်​ကို​ဆက်​ရ​မည်။ မုန့်​ညက်​အ​ပေါ်​မှာ ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​လည်း​ထည့်​ပြီး​မှ၊ 2အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆွန်း၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​ကို​ယူ၍၊ ထို​အ​တွက်​အ​တာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။ 3ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော အ​ရာ​ဖြစ်၏။
4မီး​ဖို၌​ဖုတ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​နှင့်​မုန့်​ညက်​ဖြင့်​လုပ်​သော တ​ဆေး​မဲ့ မုန့်​ပြား​သော်​လည်း​ကောင်း၊ ဆီ​လူး​သော တ​ဆေး​မဲ့​မုန့်​ကြွပ်​သော်​လည်း​ကောင်း ဖြစ်​ရ​မည်။ 5သံ​ပြား​ပူ​နှင့်​လုပ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော၍ တ​ဆေး​မ​ပါ​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။ 6ထို​မုန့်​ကို​ချိုး​ဖဲ့၍ ဆီ​ကို​လောင်း​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ဖြစ်​သ​တည်း။ 7အိုး​ကင်း​နှင့်​ကြော်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။
8ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​မျိုး​မျိုး​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​အား​ဆက်​ပြီး​မှ၊ သူ​သည် ယဇ်​ပ​လ္လင်​သို့​ဆောင်​ခဲ့​ရ​မည်။ 9ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ထဲ​က အ​တွက်​အ​တာ​ကို​နှိုက်​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။ 10ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော​အ​ရာ​ဖြစ်၏။ 11ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၌ တ​ဆေး​မ​ပါ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​သော​အ​ခါ၊ တ​ဆေး​ကို​မီး​မ​ရှို့​ရ။ ပျား​ရည်​ကို​လည်း​မ​ရှို့​ရ။ 12အ​ဦး​သီး​သော အ​သီး​အ​နှံ​ကို ပူ​ဇော်​သော​အ​မှု​မှာ၊ တ​ဆေး​နှင့်​ပျား​ရည်​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​သော်​လည်း၊ မွှေး​ကြိုင်​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​မ​ရှို့​ရ။ 13ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လေ​ရာ​ရာ၌ ဆား​ခပ်​ရ​မည်။ သင်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၌၊ သင်၏​ဘု​ရား​သ​ခင်​ပ​ဋိ​ညာဉ်​ဆား​ကို မ​ခပ်​ဘဲ​မ​နေ​ရ။ 14အ​ဦး​သီး​သော​အ​သီး​အ​နှံ​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ စ​ပါး​နှံ​ကို အ​ရည်​စစ်​အောင် မီး​နား​မှာ​ထား၍၊ စ​ပါး​စေ့​ကို ပွတ်​ယူ​ပြီး​မှ၊ 15ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​တင်​လျက်၊ ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။ 16ပွတ်​ယူ​သော​စ​ပါး​စေ့​အ​ချို့၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​တည်း​ဟူ​သော ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​တွက်​အ​တာ​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in