YouVersion Logo
Search Icon

ယေရမိမြည်တမ်း 3

3
ဘု​ရား​သ​ခင်၏​တည်​မြဲ​သော​ချစ်​ခြင်း
1ငါ​သည် ဘု​ရား​သ​ခင်၏​အ​မျက်​တော်​ကြိမ်​လုံး​အောက်၌ ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၏။ 2ငါ့​ကို​သွေး​ဆောင်၍ အ​လင်း​သို့​မ​ပို့၊ မှောင်​မိုက်​ထဲ​သို့ ပို့​ဆောင်​တော်​မူ၏။ 3အ​ကယ်​စင်​စစ် ငါ့​ကို​တစ်​နေ့​လုံး အ​ထပ်​ထပ် ဒဏ်​ခတ်​တော်​မူ၏။ 4ငါ့​အ​ရေ​နှင့် အ​သား​ကို ဆွေး​ရိ​စေ၍ ငါ့​အ​ရိုး​တို့​ကို​လည်း ချိုး​တော်​မူ၏။ 5ငါ့​တစ်​ဖက်၌ တပ်​တည်၍ ခါး​သော​အ​ရာ၊ ပင်​ပန်း​စ​ရာ​အ​ကြောင်း​တို့​နှင့် ပိုင်း​တော်​မူ၏။ 6သေ​လွန်​သော​သူ​တို့​ကို ပြု​တတ်​သ​ကဲ့​သို့၊ ငါ့​ကို မိုက်​သော​အ​ရပ်၌ ထား​တော်​မူ၏။ 7ငါ​မ​ထွက်​နိုင်​အောင်​ဝင်း​ခတ်၍၊ လေး​သော သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။ 8ထို​မျှ​မ​က ငါ​သည်​ကြွေး​ကြော်​အော်​ဟစ်၍ ဆု​တောင်း​သော်​လည်း ငြင်း​ပယ်​တော်​မူ၏။ 9ငါ​သွား​ရာ​လမ်း​ကို​ကျောက်​ထ​ရံ​နှင့် ပိတ်၍၊ ကောက်​သော​လမ်း​ဖြင့် သွား​စေ​တော်​မူ၏။ 10ငါ့​ကို ချောင်း​မြောင်း​သော​ဝက်​ဝံ​ကဲ့​သို့​လည်း​ကောင်း၊ မ​ထင်​ရှား​သော အ​ရပ်၌​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​တော်​မူ၏။ 11ငါ့​ကို လမ်း​လွဲ​စေ​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဖြတ်၍ ဖျက်​ဆီး​တော်​မူ၏။ 12လေး​တော်​ကို​တင်၍ ပြစ်​စ​ရာ​စက်​အ​ရာ၌ ငါ့​ကို ထား​တော်​မူ၏။ 13မြား​တော်​တို့​ကို​လည်း၊ ငါ့​ကျောက်​ကပ်​ကို ခွင်း​စေ​တော်​မူ၏။ 14ငါ​သည်​ငါ၏​လူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​နှင့် တစ်​နေ့​လုံး သီ​ချင်း​ဆို​စ​ရာ​အ​ကြောင်း​ဖြစ်​ပါ​သည်​တ​ကား။ 15ခါး​သော​ဆေး​နှင့် ငါ့​ကို​ဖြည့်၍၊ ဒေါ​န​နှင့် ယစ်​မူး​စေ​တော်​မူ၏။ 16ကျောက်​စ​ရစ်​ကို​ကျွေး၍ ငါ့​သွား​တို့​ကို ချိုး​တော်​မူ၏။ မီး​ဖို​ပြာ​နှင့် ဖုံး​တော်​မူ၏။ 17ငါ၏​ဝိ​ညာဉ်​ကို ချမ်း​သာ​နှင့်​ဝေး​စွာ​ရွှေ့​တော်​မူ​သော​ကြောင့်၊ ငါ​သည် မင်္ဂ​လာ​အ​ကြောင်း​ကို မေ့​လျော့၏။ 18သို့​ဖြစ်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စွမ်း​သ​တ္တိ​နှင့် မျှော်​လင့်​စ​ရာ​အ​ကြောင်း ပျက်​လေ​ပြီ​ဟု ဆို​ရ၏။
19အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို​လည်း​ကောင်း၊ ဒေါ​န​နှင့် သည်း​ခြေ​အ​ရည်​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။ 20ဧ​ကန်​အ​မှန် အောက်​မေ့​တော်​မူ​လိမ့်​မည်။ 21ထို​သို့ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​သည် ဆင်​ခြင်၍​သ​တိ​ရ​သော​အ​ခါ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ​ပါ၏။ 22ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။ 23နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။ 24ငါ့​ဝိ​ညာဉ်၏​သ​ဘော​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​ဖို့​ဖြစ်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​ကို ငါ​မျှော်​လင့်​ပါ၏။ 25ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။ 26ကယ်​တင်​တော်​မူ​မည်​ဟု မျှော်​လင့်​လျက်၊ ငြိမ်​ဝပ်​စွာ​စောင့်၍​နေ​ကောင်း၏။ 27လူ​သည် အ​သက်​ပျို​စဉ်​အ​ခါ ထမ်း​ပိုး​ကို​ထမ်း​ကောင်း၏။ 28ထမ်း​ပိုး​ကို တင်​တော်​မူ​သော​ကြောင့် တစ်​ယောက်​တည်း​ထိုင်၍ ငြိမ်​ဝပ်​စွာ​နေ​စေ။ 29မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ကောင်း​ရှိ​လိမ့်​မည်​ဟု ထင်​လျက်၊ မိ​မိ​နှုတ်​ကို မြေ​မှုန့်၌​ကပ်​စေ။ 30ရိုက်​သော​သူ​အား မိ​မိ​ပါး​ကို​ပေး၍၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် ပြည့်​ဝ​စေ။ 31အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ် စွန့်​ပစ်​တော်​မ​မူ​တတ်။ 32ဝမ်း​နည်း​စေ​တော်​မူ​သော်​လည်း၊ က​ရု​ဏာ​တော်​များ​ပြား​သည်​နှင့်​အ​ညီ သ​နား​တော်​မူ​လိမ့်​မည်။ 33ဆင်း​ရဲ​စေ​ချင်​သော စိတ်​နှင့် လူ​သား​တို့​ကို​ညှဉ်း​ဆဲ၍ ဝမ်း​နည်း​စေ​တော်​မူ​သည် မ​ဟုတ်။ 34ချုပ်​ထား​သော ပြည်​သား​အ​ပေါင်း​တို့​ကို​ခြေ​နှင့် နင်း​ကြိတ်​ခြင်း​အ​မှု၊ 35လူ​ခံ​ထိုက်​သော​တ​ရား​ကို အ​မြင့်​ဆုံး​သော​ဘု​ရား​မျက်​မှောက်၌ ဖျက်​ခြင်း​အ​မှု၊ 36သူ​တစ်​ပါး​ကို မ​တ​ရား​သ​ဖြင့် ရှုံး​စေ​ခြင်း​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ။ 37ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မ​မူ​ဘဲ၊ အ​ဘယ်​သူ​သည်​ပြော၍ တစ်​စုံ​တစ်​ခု​ကို ဖြစ်​စေ​နိုင်​သ​နည်း။ 38အ​မြင့်​ဆုံး​သော​ဘု​ရား၏ နှုတ်​တော်​ထွက်​ရှိ​သည်​အ​တိုင်း မင်္ဂ​လာ​နှင့် အ​မင်္ဂ​လာ​ဖြစ်​တတ်​သည် မ​ဟုတ်​လော။ 39အ​သက်​ရှင်​သော​လူ​သ​တ္တ​ဝါ​သည် အ​ဘယ်​ကြောင့် မြည်​တမ်း​ရ​မည်​နည်း။ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် မြည်​တမ်း​ရ​မည်​လော။ 40ငါ​တို့​သည် ကိုယ်​လိုက်​သော​လမ်း​တို့​ကို စစ်​ကြော​စုံ​စမ်း၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​သွား​ကြ​ကုန်​အံ့။ 41ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ နှ​လုံး​နှင့် လက်​တို့​ကို ချီ​ကြွ​ကြ​ကုန်​အံ့။
42အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား ပုန်​ကန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ပြစ်​လွှတ်​တော်​မ​မူ​ပါ။ 43အ​မျက်​တော်​ထွက်၍ မျက်​နှာ​လွှဲ​တော်​မူ၏။ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို​လိုက်၍ က​ရု​ဏာ​မ​ရှိ​ဘဲ ကွပ်​မျက်​တော်​မူ၏။ 44အ​ကျွန်ုပ်​တို့ ပ​တ္ထ​နာ​စ​ကား​သည် အ​ထံ​တော်​သို့ မ​ပေါက်​နိုင်​အောင်၊ မိုး​တိမ်​ဖြင့် ကိုယ်​ကို ကွယ်​ကာ​တော်​မူ၏။ 45အ​ကျွန်ုပ်​တို့​ကို လူ​မျိုး​တို့​တွင် လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ရွံ​စ​ရာ​အ​ရာ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ၏။ 46ရန်​သူ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်​ကြ​ပါ၏။ 47အ​ကျွန်ုပ်​တို့​သည် ကြောက်​လန့်​ဖွယ်​သော​အ​ရာ​ထဲ​သို့​လည်း​ကောင်း၊ တွင်း​ထဲ​သို့​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း ဖျက်​ဆီး​ခြင်း​ထဲ​သို့​လည်း​ကောင်း ရောက်​ကြ​ပါ​ပြီ။
48ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ 49ငါ့​မျက်​စိ​သည် မြစ်​ရေ​ဖြစ်၍ စီး​လျက်​ရှိ၏။ 50ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​က​ငုံ့​ကြည့်၍ ရှု​မှတ်​တော်​မ​မူ​မီ​တိုင်​အောင်၊ ငါ့​မျက်​ရည်​သည်​ကျ၍ အ​စဉ်​မ​ပြတ် ယို​စီး​လျက်​ရှိ၏။ 51ငါ၏​မြို့​သ​မီး​အ​ပေါင်း​တို့​အ​တွက်​ကြောင့်၊ ငါ့​မျက်​စိ​သည် ငါ့​နှ​လုံး​ကို ပူ​စေ​တတ်၏။
52အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​ရန်​ပြု​သော သူ​တို့​သည် ငှက်​ကို​လိုက်၍ ရှာ​သ​ကဲ့​သို့ ငါ့​ကို လိုက်၍​ရှာ​ကြ၏။ 53မြေ​တွင်း၌ ငါ့​အ​သက်​ကို​ဖြတ်၍ ငါ့​အ​ပေါ်​မှာ ကျောက်​ကို တင်​ထား​ကြ၏။ 54ငါ့​ခေါင်း​ကို ရေ​လွှမ်း​မိုး​သည်​ဖြစ်၍၊ ငါ​သည် ဆုံး​ရှုံး​ပြီ​ဟု ဆို​ရ၏။ 55အို ထာ​ဝ​ရ​ဘု​ရား၊ နက်​သော​မြေ​တွင်း​ထဲ​က အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​နာ​မ​ကို​ခေါ်​ပါ၏။ 56အ​ကျွန်ုပ်​ခေါ်​သံ​ကို ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ညည်း​တွား​အော်​ဟစ်​သော​အ​ခါ နား​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ 57အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ဟစ်​ခေါ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ချဉ်း​ကပ်​တော်​မူ၍၊ မ​ကြောက်​နှင့်​ဟု မိန့်​တော်​မူ​ပြီ။ 58အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​နှင့် ဆိုင်​သော​အ​မှု​ကို​စောင့်၍ ရွေး​နုတ်​တော်​မူ​ပြီ။ 59အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​ကို မြင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​ပါ။ 60သူ​တို့​သည် အ​ကျွန်ုပ်​ကို ရန်​ငြိုး​ဖွဲ့​သ​မျှ​နှင့် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​မျှ​ကို ကိုယ်​တော်​မြင်​တော်​မူ​ပြီ။ 61အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကဲ့​ရဲ့​သော​အ​ကြောင်း​နှင့် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ 62အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့၏​အ​ပြစ်​တင်​ခြင်း၊ အ​ကျွန်ုပ်​တစ်​ဖက်၌ တစ်​နေ့​လုံး ကြံ​စည်​ခြင်း​ကို​လည်း​ကောင်း ကိုယ်​တော်​ကြား​တော်​မူ​ပြီ။ 63သူ​တို့​ထိုင်​ခြင်း၊ ထ​ခြင်း​ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် သူ​တို့ သီ​ချင်း​ဆို​စ​ရာ​အ​ကြောင်း​ဖြစ်​ပါ၏။ 64အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​ပါ။ 65သူ​တို့​စိတ်​နှ​လုံး​ကို​ခိုင်​မာ​စေ၍ ကျိန်​တော်​မူ​ပါ။ 66အ​မျက်​တော်​ထွက်၍ သူ​တို့​ကို ညှဉ်း​ဆဲ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ မိုး​ကောင်း​ကင်​အောက်​မှ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy