YouVersion Logo
Search Icon

ယောဘ 39

39
1သင်​သည် တော​ဆိတ်​မွေး​ရ​သော​ကာ​လ​ကို သိ​သ​လော။ သ​မင်​ဒ​ရယ်​မ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ခံ​ရ​သော​အ​ချိန်​ကို မှတ်​နိုင်​သ​လော။ 2ကိုယ်​ဝန်​ဆောင်​ရ​သော နေ့​လ​တို့​ကို​ရေ​တွက်၍၊ ဖွား​ရ​သော အ​ချိန်​ကာ​လ​ကို သိ​သ​လော။ 3သူ​တို့​သည် ကျော​ကိုင်း၍ သား​ငယ်​ကို​မွေး​ဖွား​သ​ဖြင့် ဝေ​ဒ​နာ​ငြိမ်း​ကြ၏။ 4သား​ငယ်​တို့​သည် ကျန်း​မာ၍၊ လွင်​ပြင်၌ ကြီး​ပွား​တတ်​ကြ၏။ အ​ခြား​သို့​သွား၍ အ​မိ​ထံ​သို့​ပြန်​မ​လာ​ဘဲ နေ​တတ်​ကြ၏။ 5တော​မြည်း​ကို အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လွှတ်​သ​နည်း။ တော​မြင်း၌ ချည်​နှောင်​ခြင်း​ကို အ​ဘယ်​သူ​ဖြေ​သ​နည်း။ 6တော​ကို သူ့​အိမ်​ဖို့​လည်း​ကောင်း၊ လွင်​ပြင်​ကို သူ့​နေ​ရာ​ဖို့​လည်း​ကောင်း ငါ​ခန့်​ထား​ပြီ။ 7မြို့၌​ဖြစ်​သော လူ​တို့၏​အ​သံ​ဗ​လံ​ကို သူ​သည် မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ နှင်​သော​သူ အော်​ဟစ်​နှိုး​ဆော်​သံ​ကို မ​မှတ်​တတ်။ 8တောင်​ရိုး၌ ကျက်​စား၍၊ စိမ်း​သော​အ​ပင် အ​မျိုး​မျိုး​ကို ရှာ​တတ်၏။
9ကြံ့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ သင်၏​တင်း​ကုပ်၌ နေ​ခြင်း​ငှာ အ​လို​ရှိ​လိမ့်​မည်​လော။ 10ကြံ့​ကို ထွန်​ကြောင်း​သို့ လိုက်​စေ​ခြင်း​ငှာ ကြိုး​နှင့် ချည်​နိုင်​သ​လော။ သို့​မ​ဟုတ် သင့်​နောက်​သို့​လိုက်၍ ချိုင့်၌ လယ်​ထွန်​လိမ့်​မည်​လော။ 11ကြံ့​သည် အား​ကြီး​သော​ကြောင့် သူ့​ကို​ယုံ​မည်​လော။ သင်​လုပ်​ရ​သော​အ​လုပ်​ကို သူ၌​အပ်​မည်​လော။ 12သင်၏​စ​ပါး​ကို ဆောင်​ခဲ့၍ စ​ပါး​ကျီ၌ စု​သိမ်း​လိမ့်​မည်​ဟု ယုံ​သ​လော။
13ကု​လား​အုတ်​ငှက်​သည် အ​တောင်​ခတ်​လျက် နေ​တတ်၏။ တော​ငန်း​သည် အ​မွေး​အ​တောင်​နှင့် ပြည့်​စုံ၏။ 14သို့​သော်​လည်း မြေ၌​ဥ၍ အ​ဥ​တို့​ကို မြေ​မှုန့်၌ နွေး​စေ​တတ်၏။ 15သူ့​ခြေ​သည် အ​ဥ​တို့​ကို​နင်း​မိ​မည်၊ သား​ရဲ​ခွဲ​လိမ့်​မည်​ဟု မ​စိုး​ရိမ်။ 16သား​ငယ်​တို့​ကို ကိုယ်​သား​ကဲ့​သို့​မ​မှတ် ကြမ်း​တမ်း​စွာ​ပြု​တတ်၏။ စိုး​ရိမ်​ခြင်း မ​ရှိ။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို အ​ချည်း​နှီး​ခံ​တတ်၏။ 17အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​မဲ့​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ၏။ ဉာဏ်​ကို ပေး​တော်​မ​မူ။ 18သို့​သော်​လည်း ကိုယ်​ကို​ချီ​ကြွ​သော​အ​ခါ၊ မြင်း​နှင့် မြင်း​စီး​သော​သူ​ကို​ပင် ရယ်​တတ်၏။ 19သင်​သည် မြင်း​ကို​ခွန်​အား​နှင့် ပြည့်​စုံ​စေ​သ​လော။ သူ၏​လည်​ပင်း၌ မိုး​ကြိုး​လ​က္ခ​ဏာ​ကို သွင်း​သ​လော။ 20ကျိုင်း​ကောင်​ခုန်​သ​ကဲ့​သို့ ခုန်​တတ်​စေ​သ​လော။ သူ၏​နှာ​ခေါင်း​မြည်​သံ​သည် ကြောက်​မက်​ဖွယ်​ဖြစ်၏။ 21လွင်​ပြင်​ကို​ယက်၍၊ မိ​မိ​ခွန်​အား၌ ဝါ​ကြွား​လျက်၊ သူ​ရဲ​များ​ကို​တွေ့​အံ့​သော​ငှာ သွား​တတ်၏။ 22ကြောက်​စ​ရာ​အ​ကြောင်း​ကို ကဲ့​ရဲ့၍၊ ကြောက်​လန့်​သော​သ​ဘော​နှင့် ကင်း​လွတ်​သ​ဖြင့်၊ ဓား​ဘေး​ကို မ​ရှောင်​တတ်။ 23သူ့​တစ်​ဖက်၌ မြား​တောင့်​လှုပ်​သံ​မြည်၍၊ လှံ​နှင့်​ဒိုင်း​လွှား​သည် ပြောင်​လက်​လျက်​ရှိ၏။ 24မာ​န​ကြီး၍ ပြင်း​ထန်​သော​စိတ်​နှင့် မြေ​ကို​မျို​တတ်၏။ တံ​ပိုး​သံ​ကို ကြား​သော​အ​ခါ၊ ငြိမ်​ဝပ်​စွာ​မ​နေ​နိုင်။ 25တံ​ပိုး​များ အ​လယ်​သို့​ရောက်၍ အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​တတ်၏။ ဗိုလ်​ခြေ​အော်​ဟစ်၍ အ​သံ​ဗ​လံ​ပြု​ခြင်း​နှင့်​တ​ကွ၊ စစ်​တိုက်​ပွဲ​ကို အ​ဝေး​က အ​နံ့​ခံ​တတ်၏။
26သင်​ပေး​သော​ဉာဏ်​အား​ဖြင့် သိမ်း​ငှက်​သည် အ​တောင်​ကို​ဖြန့်၍ တောင်​မျက်​နှာ​သို့ ပျံ​သွား​တတ်​သ​လော။ 27သင်​စီ​ရင်​သော​ကြောင့် ရွှေ​လင်း​တ​သည် အ​ထက်​သို့​တက်၍၊ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​တတ်​သ​လော။ 28သူ​သည် ကျောက်​ပေါ်​မှာ​နေ၍ တောင်​ထိပ်​နှင့် ကျောက်​ငူ​ပေါ်​မှာ နေ​ရာ​ကျ​တတ်၏။ 29ထို​အ​ရပ်​က​ကြည့်၍ ကိုက်​စား​စ​ရာ​အ​ကောင်​ကို အ​ဝေး​က​ပင် မြင်​တတ်၏။ 30သူ၏​သား​ငယ်​တို့​သည် အ​သွေး​ကို သောက်​တတ်၏။ အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ ထို​ငှက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

Currently Selected:

ယောဘ 39: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in