YouVersion Logo
Search Icon

ယောဘ 38

38
ဘု​ရား​သ​ခင်၏​အ​ဖြေ
1ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​စ​ကား​ကို လှန်​ပြန်၍၊ မိုး​သက်​မုန်​တိုင်း​ထဲ​က မိန့်​တော်​မူ​သည်​ကား၊ 2ပ​ညာ​မ​ရှိ​ဘဲ စ​ကား​ပြော​ကာ​မျှ​နှင့် ငါ့​အ​ကြံ​ကို​မိုက်​စေ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ 3လူ​ယောက်ျား​ကဲ့​သို့ သင့်​ခါး​ကို စီး​လော့။ ငါ​မေး​မြန်း​သော ပြဿ​နာ​တို့​ကို ဖြေ​လော့။ 4မြေ​ကြီး​အ​မြစ်​ကို ငါ​တည်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ နား​လည်​လျှင် ဖော်​ပြ​လော့။ 5မြေ​ကြီး​အ​တိုင်း​အ​ရှည် ပ​မာ​ဏ​ကို အ​ဘယ်​သူ စီ​ရင်​သ​နည်း။ နား​လည်​လျှင် ပြော​လော့။ မျဉ်း​ကြိုး​ကို အ​ဘယ်​သူ​တန်း၍ ချ​သ​နည်း။ 6မြေ​ကြီး​တိုက်​မြစ်​ကို အ​ဘယ်​အ​ရပ်၌ စွဲ​စေ​သ​နည်း။ 7နံ​နက်​ကြယ်​တို့​သည် တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို၍၊ ဘု​ရား​သ​ခင်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​သ​ဖြင့်၊ ကြွေး​ကြော်​ကြ​စဉ်၊ တိုက်​ထောင့်​အ​ထွတ်​ကျောက်​ကို အ​ဘယ်​သူ​တင်​ထား​သ​နည်း။ 8သ​မု​ဒ္ဒ​ရာ​သည် အ​မိ​ဝမ်း​ထဲ​က ဖွား၍​ထွက်​လာ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် တံ​ခါး​ပိတ်​နှင့် ပိတ်​ထား​သ​နည်း။ 9သ​မု​ဒ္ဒ​ရာ​ကို မိုး​တိမ်​နှင့် ငါ​ခြုံ၍ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် ထုပ်​ရစ်​သည်​ကာ​လ၌​လည်း​ကောင်း၊ 10သင်​သည် ဤ​အ​ရပ်​တိုင်​အောင် လာ​ရ၏။ 11တိုး၍​မ​လွန်​ရ၊ ဤ​အ​ရပ်၌ သင်၏​ထောင်​လွှား​သော လှိုင်း​တံ​ပိုး​ဆုံး​ရ၏​ဟု ပ​ညတ်​လျက်၊ သ​မု​ဒ္ဒ​ရာ​အ​ပိုင်း​အ​ခြား​ကို ငါ​စီ​ရင်၍၊ တံ​ခါး​ပိတ်​နှင့် ကန့်​လန့်​ကျင်​တို့​ကို ထား​သည်​ကာ​လ၌​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ဝိုင်း၍​ကူ​ညီ​သ​နည်း။#ယေ၊ ၅း၂၂။ 12သင်​သည် တစ်​သက်​လုံး​တွင် တစ်​ခါ​မျှ နံ​နက်​ကို မှာ​ထား​ဖူး​သ​လော။ မိုး​သောက်​လင်း​ကို နေ​ရာ​ချ​ဖူး​သ​လော။ 13နံ​နက်​အ​လင်း​သည် မြေ​ကြီး​စွန်း​ကို​ကိုင်​လျက်၊ လူ​ဆိုး​တို့​ကို​ခါ၍ ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ဖူး​သ​လော။ 14မြေ​ကြီး​သည် တံ​ဆိပ်​ခတ်​သ​ကဲ့​သို့​ပုံ​ပေါ်၍ အ​ဝတ်​တန်​ဆာ​ဆင်​သ​ကဲ့​သို့ ရှိ၏။ 15လူ​ဆိုး​တို့၏​အ​လင်း​သည် ကွယ်၍ ချီ​ကြွ​သော​လက်​လည်း ကျိုး​တတ်၏။ 16သင်​သည် သ​မု​ဒ္ဒ​ရာ​စမ်း​ရေ​ပေါက်​ထဲ​သို့ ဝင်​ဖူး​သ​လော။ နက်​နဲ​သော အောက်​ဆုံး​အ​ရပ်၌ လှည့်​လည်​ဖူး​သ​လော။ 17သေ​ခြင်း​တံ​ခါး​တို့​ကို သင့်​အား​ဖွင့်​ဖူး​သ​လော။ သေ​မင်း​အ​ရိပ်​ထဲ​သို့​ဝင်​သော လမ်း​ဝ​တို့​ကို မြင်​ဖူး​သ​လော။ 18မြေ​ကြီး​မျက်​နှာ တစ်​ပြင်​လုံး​ကို ကြည့်​ရှု​ဖူး​သ​လော။ အ​လုံး​စုံ​ကို သိ​မြင်​လျှင် ဖော်​ပြ​လော့။ 19အ​လင်း​နေ​ရာ​သို့ အ​ဘယ်​မည်​သော​လမ်း​ဖြင့် ရောက်​ရ​သ​နည်း။ မှောင်​မိုက်​နေ​ရာ​လည်း အ​ဘယ်​မှာ​ရှိ​သ​နည်း။ 20အ​ကယ်​စင်​စစ် သင်​သည် အ​လင်း​အ​မိုက်​အ​ပိုင်း​အ​ခြား​သို့ ငါ​တို့​ကို ပို့​ဆောင်​နိုင်၏။ သူ​တို့​နေ​ရာ​အိမ်​သို့ ရောက်​သော​လမ်း​တို့​ကို သိ​လိမ့်​မည်။ 21သင်​သည် ရှေး​ကာ​လ၌​ဖွား​မြင်၍ အ​လွန် အ​သက်​ကြီး​သော​ကြောင့် သိ​လိမ့်​မည်။
22သင်​သည် မိုး​ပွင့်​ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ ဝင်​ဖူး​သ​လော။ 23ဘေး​ရောက်​ရာ အ​ချိန်​ကာ​လ​နှင့် စစ်​ပြိုင်၍ တိုက်​ရာ​အ​ချိန်​ကာ​လ​ဖို့၊ ငါ​သို​ထား​သော မိုး​သီး​ဘ​ဏ္ဍာ​များ​ကို မြင်​ဖူး​သ​လော။ 24အ​လင်း​သည် အ​ဘယ်​သို့​သော​လမ်း​ဖြင့် နှံ့​ပြား​သ​နည်း။ အ​ရှေ့​လေ​သည် မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​ကြောင့်​လွင့်​သ​နည်း။ 25လူ​မ​ရှိ​သော​မြေ​နှင့် လူ​မ​နေ​သော​တော၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ 26လွတ်​လပ်​သော​လွင်​ပြင်​ကို ရေ​နှင့်​ဝ​စေ၍၊ နု​သော​မြက်​ပင်​အ​ညှောက်​ကို ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ 27လျှံ​သော​မိုး​ရေ​စီး​ရာ​လမ်း၊ မိုး​ကြိုး​နှင့်​ဆိုင်​သော လျှပ်​စစ်​ပြက်​ရာ​လမ်း​ကို အ​ဘယ်​သူ​ဖွင့်​သ​နည်း။ 28မိုး​ရေ၏​အ​ဘ​ကား အ​ဘယ်​သူ​နည်း။ နှင်း​ပေါက်​တို့​ကို အ​ဘယ်​သူ ဖြစ်​ပွား​စေ​သ​နည်း။ 29ရေ​ခဲ​သည် အ​ဘယ်​သူ၏​ဝမ်း​ထဲ​က ထွက်​လာ​သ​နည်း။ မိုး​ကောင်း​ကင်​နှင်း​ခဲ​ကို အ​ဘယ်​သူ​သည် ပ​ဋိ​သ​န္ဓေ​ပေး​သ​နည်း။ 30ရေ​သည် ကျောက်​ခဲ​ကဲ့​သို့​ဖြစ်၍ ပင်​လယ်​မျက်​နှာ တင်း​မာ​လျက်​ရှိ၏။ 31သင်​သည် ခိ​မ​ကြယ်​စု၏ သာ​ယာ​စွာ​ပြု​ပြင်​ခြင်း​ကို ချုပ်​တည်း​နိုင်​သ​လော။ က​သိ​လ​ကြယ်၏ ချည်​နှောင်​ခြင်း​ကို ဖြည်​နိုင်​သ​လော။#ယောဘ၊ ၉:၉၊ အာ၊ ၅:၈။ 32မာ​ဇ​ရုတ်​ကြယ်​တို့​ကို အ​ချိန်​ရောက်​လျှင် ထုတ်​ဖော်​နိုင်​သ​လော။ အာ​ရှ​ကြယ်​နှင့် သူ၏​သား​တို့​ကို ပဲ့​ပြင်​နိုင်​သ​လော။ 33မိုး​ကောင်း​ကင်​တ​ရား​တို့​ကို နား​လည်​သ​လော။ ထို​တ​ရား​တို့​သည် မြေ​ကြီး​ကို​အုပ်​စိုး​မည်​အ​ကြောင်း အ​ခွင့်​ပေး​နိုင်​သ​လော။ 34များ​စွာ​သော​မိုး​ရေ​သည် သင့်​ကို လွှမ်း​မိုး​စေ​ခြင်း​ငှာ မိုး​တိမ်​တို့​ကို အ​သံ​လွှင့်​နိုင်​သ​လော။ 35လျှပ်​စစ်​တို့​ကို လွှတ်​နိုင်​သ​လော။ သူ​တို့​က ကျွန်​တော်​တို့​ရှိ​ပါ၏​ဟု သင့်​ကို​လျှောက်​လျက် သွား​ကြ​လိမ့်​မည်​လော။ 36ကိုယ်​ခ​န္ဓာ​ထဲ​သို့ ပ​ညာ​ကို အ​ဘယ်​သူ​သွင်း​သ​နည်း။ နား​လည်​နိုင်​သော​ဉာဏ်​ကို အ​ဘယ်​သူ​ပေး​သ​နည်း။ ပ​ညာ​ရှိ၍ မိုး​တိမ်​တို့​ကို အ​ဘယ်​သူ ရေ​တွက်​နိုင်​သ​နည်း။ 37မြေ​မှုန့်​သည် လုံး​ထွေး၍ မြေ​စိုင်​တို့​သည် ကပ်​လျက်​နေ​သော​အ​ခါ၊ 38မိုး​ကောင်း​ကင်၏ ရေ​ဘူး​တို့​ကို အ​ဘယ်​သူ​သွန်း​ချ​သ​နည်း။
39သင်​သည် ခြင်္သေ့​မ​အ​ဖို့ စား​စ​ရာ​အ​ကောင်​ကို လိုက်​ရှာ​နိုင်​သ​လော။ 40ခြင်္သေ့​ပျို​တို့​သည် ခို​လှုံ​ရာ၌​ဝပ်၍၊ ချုံ​ပုတ်​အောက်၌ ချောင်း​ကြည့်​လျက်​နေ​သော​အ​ခါ၊ သူ​တို့​ကို ဝ​စွာ​ကျွေး​နိုင်​သ​လော။ 41ကျီး​အ​သူ​ငယ်​တို့​သည် စား​စ​ရာ​မ​ရှိ​သော​ကြောင့် လှည့်​လည်၍ ဘု​ရား​သ​ခင်​ကို အော်​ဟစ်​သော​အ​ခါ၊ စား​စ​ရာ​ကို အ​ဘယ်​သူ​ပေး​သ​နည်း။

Currently Selected:

ယောဘ 38: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy