YouVersion Logo
Search Icon

ယေရမိ 7

7
ဘာသာဓလေ့နှင့်အကျင့်များပြုပြင်ရန်
1ထာ​ဝ​ရ​ဘု​ရား၏​အ​ထံ​တော်​က နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊ သင်​သည် ဗိ​မာန်​တော်​တံ​ခါး​ဝ၌ ရပ်​လျက် ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ 2ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဤ​တံ​ခါး​တို့​အ​တွင်း​သို့​ဝင်​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။ 3ဣ​သ​ရေ​လ​အ​မျိုး​၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့ အ​ကျင့်​များ​တို့​ကို ပြု​ပြင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ကို ဤ​အ​ရပ်၌ ငါ​နေ​စေ​မည်။ 4ဤ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ဖြစ်​သ​တည်း​ဟု မု​သား​စ​ကား​ကို ပြော​သော​သူ​တို့၌ မ​မှီ​ဝဲ​ကြ​နှင့်။ 5သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့​အ​ကျင့်​များ​တို့​ကို စုံ​လင်​စွာ ပြု​ပြင်​လျှင်​လည်း​ကောင်း၊ အ​မှု​သည်​ချင်း​တို့​ကို သေ​ချာ​စွာ တ​ရား​သ​ဖြင့် စီ​ရင်​လျှင်​လည်း​ကောင်း၊ 6ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ကို မ​ညှဉ်း​ဆဲ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို ဤ​အ​ရပ်၌ မ​သတ်၊ ကိုယ်​အ​ကျိုး​ကို ဖျက်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ချဉ်း​ကပ်​ဘဲ​နေ​လျှင်​လည်း​ကောင်း၊ 7သင်​တို့​ဘိုး​ဘေး​တို့​အား၊ ငါ​သည် အ​စဉ်​မ​ပြတ်​ပေး​သော​ပြည်​တည်း​ဟူ​သော ဤ​အ​ရပ်​ဌာ​န၌ သင်​တို့​ကို ငါ​နေ​စေ​မည်။ 8အ​ကျိုး​မ​ရှိ​ဘဲ မု​သား​စ​ကား​ကို​ပြော​သော​သူ​တို့၌ သင်​တို့​သည် ခို​လှုံ​ကြ၏။ 9သင်​တို့​သည် သူ့​ဥ​စ္စာ​ကို​ခိုး​လျက်၊ လူ​အ​သက်​ကို သတ်​လျက်၊ သူ့​မ​ယား​ကို​ပြစ်​မှား​လျက်၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​လျက်၊ ဗာ​လ​ဘု​ရား​ရှေ့၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​နောက်​သို့ လိုက်​လျက်​နှင့်၊ 10ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၌၊ ငါ့​ရှေ့​မှာ​ဝင်၍ ရပ်​လျက်၊ ဤ​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် ကယ်​နုတ်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို​ခံ​ရ​ပါ​ပြီ​ဟု လျှောက်​ရ​ကြ​မည်​လော။ 11ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်​ကို၊ သင်​တို့​သည် ဓား​ပြ​တွင်း​ကဲ့​သို့ ထင်​ကြ​သ​လော။ ဤ​အ​မှု​ကို ငါ့​ကိုယ်​တိုင်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#မ၊ ၂၁:၁၃။ မာ၊ ၁၁:၁၇။ လု၊ ၁၉:၄၆။ 12ရှေ့​ဦး​စွာ ငါ၏​နာ​မ​ကို ငါ​တည်​စေ​သော​အ​ရပ်၊ ရှိ​လော​ရွာ၌​ရှိ​သော ငါ့​အ​ရပ်​ဌာ​န​သို့​သွား၍၊ ငါ၏​အ​မျိုး ဣ​သ​ရေ​လ​လူ​တို့၏ အ​ပြစ်​ကြောင့်၊ ထို​အ​ရပ်​ကို အ​ဘယ်​သို့​ငါ​ပြု​ဖူး​သည်​ကို ကြည့်​ရှု​ကြ​လော့။#ယော​ရှု၊ ၁၈:၁။ ဆာ၊ ၇၈:၆၀။ ယေ၊ ၂၆:၆။ 13ယ​ခု​တွင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်​လည်း​ကောင်း၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်၊ ငါ​ခေါ်၍ သင်​တို့​သည် မ​ထူး​သော​ကြောင့်​လည်း​ကောင်း၊ 14ရှိ​လော​ရွာ​ကို ငါ​ပြု​သ​ကဲ့​သို့၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော၊ သင်​တို့​ခို​လှုံ​သော ဤ​အိမ်​တော်၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ငါ​ပေး​သော အ​ရပ်​ဌာ​န​ကို ငါ​ပြု​မည်။ 15သင်​တို့​ညီ​အစ်​ကို ဧ​ဖ​ရိမ်​အ​မျိုး​သား​ရှိ​သ​မျှ​တို့​ကို ငါ​နှင်​ထုတ်​သ​ကဲ့​သို့၊ သင်​တို့​ကို ငါ့​ထံ​မှ​ငါ​နှင်​ထုတ်​မည်။
လူ​တို့​နား​မ​ထောင်​ခြင်း
16သင်​သည်​လည်း ဤ​လူ​မျိုး​အ​ဖို့ ပ​တ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​ဖို့​အော်​ဟစ်​ခြင်း၊ ဆု​တောင်း​ခြင်း​ကို မ​ပြု​နှင့်။ ငါ့​ကို​မ​သွေး​ဆောင်​နှင့်။ သင်၏​စ​ကား​ကို ငါ​နား​မ​ထောင်။ 17သူ​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့​၌ ပြု​ကြ​သော​အ​မှု​ကို မ​မြင်​သ​လော။ 18ငါ့​ကို နှောင့်​ယှက်​မည်​အ​ကြံ​နှင့်၊ ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ မုန့်​ပြား​တို့​ကို​လုပ်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ၊ သား​တို့​သည် ထင်း​ခွေ​ကြ၏။ အ​ဘ​တို့​သည် မီး​ထည့်​ကြ၏။ မိန်း​မ​တို့​သည် မုန့်​နယ်​ကြ၏။#ယေ၊ ၄၄:၇-၁၉။ 19ထို​သို့​ပြု၍ ငါ့​ကို​နှောင့်​ယှက်​ကြ​သ​လော။ မိ​မိ​တို့ မျက်​နှာ​ကို​ဖျက်​မည်​အ​ကြောင်း၊ မိ​မိ​တို့​ကိုယ်​ကို​သာ နှောင့်​ယှက်​ကြ​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 20သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်၊ သစ်​ပင်၊ မြေ​အ​သီး​အ​နှံ​အ​ပေါ်​မှာ ငါ​သည် ဒေါ​သ​အ​မျက်​မီး​ကို သွန်း​လောင်း၍၊ ထို​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​လိမ့်​မည်။
21ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့ မီး​ရှို့​ရာ​ယဇ်​များ​ကို အ​ခြား​သော​ယဇ်​များ​နှင့် အ​တူ​ထား၍၊ အ​မဲ​သား​ကို စား​ကြ​လော့။ 22အ​ကြောင်း​မူ​ကား၊ သင်​တို့ ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​များ​အ​တွက် သူ​တို့​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်။ 23ငါ​မှာ​ထား​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ငါ​သည်​သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း၊ ငါ၏​လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို​စောင့်​လို​သော​ငှာ၊ ငါ​စီ​ရင်​သ​မျှ​သော​တ​ရား​လမ်း​သို့ လိုက်​ရ​ကြ​မည်​ဟု မှာ​ထား​၏။ 24သို့​ရာ​တွင်၊ သူ​တို့​သည် နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ ဆိုး​ညစ်​သော​နှ​လုံး ခိုင်​မာ​သည်​နှင့်​အ​ညီ ကျင့်​ကြံ​ပြု​မူ​၍ မျက်​နှာ​မ​ပြု၊ ကျော​ခိုင်း​လျက်​နေ​ကြ​၏။ 25သင်​တို့​အ​ဘ​များ​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သွား​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည်​နေ့​တိုင်း​စော​စော​ထ၍၊ ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော်​လည်း၊ 26သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ မ​နာ​မ​ယူ​ဘဲ​နေ၍ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​သ​ဖြင့်၊ အ​ဘ​များ​ထက် သာ၍​ဆိုး​သွမ်း​ကြ​၏။ 27သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​ကို သူ​တို့​အား ပြော​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ခေါ်​သော်​လည်း မ​ထူး​ကြ။ 28သို့​ဖြစ်၍ သင်​က​လည်း၊ ဤ​လူ​မျိုး​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ ဆုံး​မ၍ မ​နိုင်​သော​အ​မျိုး ဖြစ်၏။ သ​စ္စာ​စ​ကား​ကို​မ​ပြော၊ သ​စ္စာ​ပျက်​သော​အ​မျိုး​ဖြစ်​သည်​ဟု သူ​တို့​အား​ပြော​ဆို​ရ​မည်။
ဟိ​န္နုံ​ချိုင့်​ဝှမ်း​တွင်​ပြု​သည့်​ဒု​စ​ရိုက်
29သင်၏​သ​စ္စာ​ဆံ​ပင်​ကို​ရိတ်၍ ပစ်​လိုက်​လော့။ မြင့်​သော​အ​ရပ်၌ မြည်​တမ်း​ခြင်း​ကို ပြု​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​ပယ်​တော်​မူ​ပြီ။ အ​မျက်​တော်​သင့်​ရောက်​သော​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​ပြီ။ 30ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ငါ့​ရှေ့​မှာ ဆိုး​သော​အ​မှု​ကို ပြု​ကြ​ပြီ။ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော အိမ်​တော်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ။ 31ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော်​လည်း၊ သူ​တို့​သား​သ​မီး​များ​ကို မီး​ရှို့​ခြင်း​ငှာ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော တော​ဖက်​ကုန်း​တို့​ကို တည်​ကြ​ပြီ။#ဝတ်၊ ၁၈:၂၁။ ၄ ရာ၊ ၂၃:၁၀။ ယေ၊ ၃၂:၃၅။ 32သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ချိုင့်​ကို​တော​ဖက်​ချိုင့်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏​ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တော​ဘက်၌ မြေ​လွတ်​မ​ရှိ​သည်​တိုင်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ 33ဤ​လူ​မျိုး​အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။ 34ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌ ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင်​သ​တို့​သား​အသံ​နှင့် မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ​ကို ငါ​စဲ​စေ​မည်။ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​လိမ့်​မည် ဟု​မိန့်​တော်​မူ၏။#ယေ၊ ၁၆:၉၊ ၂၅:၁၀။ ဗျာ၊ ၁၈:၂၃။

Currently Selected:

ယေရမိ 7: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in