YouVersion Logo
Search Icon

ယေရမိ 29

29
ပြည်​နှင်​ဒဏ်​ခံ​သူ​များ​ထံ​ပေး​စာ
1ရှင်​ဘု​ရင်​ယေ​ခေါ​နိ​နှင့်​တ​ကွ မိ​ဖု​ရား​အ​စ​ရှိ​သော မိန်း​မ​စိုး​များ၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ သွား​သော​နောက်၊#၄​ရာ၊ ၂၄:၁၂-၁၆။ ၆​ရာ၊ ၃၆:၁၀။ 2ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ထံ၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်​သော ရှာ​ဖန်​သား​ဧ​လာ​သာ​နှင့် ဟိ​လ​ခိ​သား ဂေ​မ​ရိ​တွင်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည်​စာ​ရေး၍ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​သက်​ကြီး​သူ၊ 3ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ဆင်း​ရဲ​သား ကျန်​ကြွင်း​သ​မျှ​တို့​နေ​ရာ​သို့ ယေ​ရု​ရှ​လင်​မြို့​မှ ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊ 4ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​စေ​တော်​မူ​သော သူ​အ​ပေါင်း​တို့​အား​မိန့်​တော်​မူ​သည်​ကား၊ 5အိမ်​တို့​ကို​ဆောက်၍ နေ​ရာ​ချ​ကြ​လော့။ 6ဥ​ယျာဉ်​တို့​ကို စိုက်​ပျိုး၍ အ​သီး​ကို စား​ကြ​လော့။ သင်​တို့​သည် ထို​ပြည်၌ ခေါင်း​ပါး​ခြင်း​မ​ရှိ၊ တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ မ​ယား​နှင့်​နေ၍ သား​သ​မီး​ကို​ဖွား​မြင်​ကြ​လော့။ သား​သ​မီး​တို့​ကို​လည်း၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပေး​စား၍၊ တစ်​ဖန် သား​သ​မီး​ကို ဖွား​မြင်​စေ​ကြ​လော့။ 7ငါ​သည် သင်​တို့​ကို သိမ်း​သွား​စေ​သော မြို့​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ရှိ​မည်​အ​ကြောင်း​ကို ပြု​စု၍၊ ထို​မြို့​အ​ဖို့​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မေ​တ္တာ​ပို့​ကြ​လော့။ ထို​မြို့၏​ငြိမ်​သက်​ခြင်း​အား​ဖြင့်၊ သင်​တို့​သည်​လည်း ငြိမ်​သက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ 8ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင်​ရှိ​သော ပ​ရော​ဖက်​ဆ​ရာ၊ အ​နာ​ဂတ်​ဆ​ရာ​တို့​သည် သင်​တို့​ကို မ​လှည့်​စား​ကြ​စေ​နှင့်။ သင်​တို့​မြင်​စေ​သော အိပ်​မက်​တို့​ကို​လည်း မ​ယုံ​မ​မှတ်​ကြ​နှင့်။ 9တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ထို​ဆ​ရာ​တို့​သည် ငါ​စေ​လွှတ်​သော​သူ မ​ဟုတ်​ဘဲ၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ 10တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​မြို့၌ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ သင်​တို့​ကို ငါ​အ​ကြည့်​အ​ရှု ကြွ​လာ​မည်။ ငါ​ထား​သော က​တိ​ကောင်း​ကို တည်​စေ၍၊ သင်​တို့​ကို ဤ​ပြည်​သို့ ငါ​ပို့​ဆောင်​ဦး​မည်။#၆ ရာ၊ ၃၆:၂၁။ ယေ၊ ၂၅:၁၁။ ဒံ၊ ၉:၂။ 11တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။ 12တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။ 13ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။#တ​ရား၊ ၄:၂၉။ 14ငါ​သည်​လည်း၊ သင်​တို့​အ​တွေ့​ကို​ခံ​မည်။ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ငါ​သည်​ဖြေ​ရှင်း​ခြင်း​ငှာ၊ တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်​တို့​မှ သင်​တို့​ကို ငါ​စု​သိမ်း​ပြီး​လျှင်၊ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ရှုံး​သော​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
15ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​ဖို့​ပ​ရော​ဖက်​များ​ကို ဗာ​ဗု​လုန်​မြို့၌ ပေါ်​ထွန်း​စေ​တော်​မူ​ပြီ​ဟု သင်​တို့ ဆို​ကြ​သည်​ဖြစ်၍၊ 16ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​သော ရှင်​ဘု​ရင်​မှ​စ၍၊ ဤ​မြို့၌ နေ​သော​သူ အ​ပေါင်း​တည်း​ဟူ​သော၊ သင်​တို့​နှင့်​အ​တူ သိမ်း​သွား​ခြင်း​ကို မ​ခံ​ရ​သော သင်​တို့​ညီ​အစ်​ကို​များ​ကို​ရည်​မှတ်၍၊ 17ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ကို ငါ​စေ​လွှတ်​မည်။ မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော​သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ 18သူ​တို့​ကို ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် ငါ​ညှဉ်း​ဆဲ​မည်။ ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ လူ​အ​မျိုး​မျိုး​တို့​တွင်၊ သူ​တို့​သည် ကျိန်​ဆဲ​ရာ၊ အံ့​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​သ​ရေ​ရှုတ်​ချ​ရာ​ဖြစ်​မည်​အ​ကြောင်း၊ မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၏​နှောင့်​ယှက်​ခြင်း​သို့ သူ​တို့​ကို​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 19အ​ကြောင်း​မူ​ကား၊ ငါ​သည်​စော​စော​ထ၍၊ အ​ထပ်​ထပ်​မှာ​ထား​စေ​လွှတ်​သော ငါ၏​ကျွန်​ပ​ရော​ဖက်​တို့၏​စ​ကား​ကို သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 20ထို​ကြောင့် သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍၊ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ ငါ​စေ​လွှတ်​သော​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။
21ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​အား မု​သား​စ​ကား​ကို ဟော​ပြော​သော၊ ကော​လာ​ယ​သား အာ​ဟပ်​နှင့် မာ​သေ​ယ​သား ဇေ​ဒ​ကိ​တို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သူ​တို့​ကို သင်​တို့​မျက်​မှောက်၌ သတ်​လိမ့်​မည်။ 22ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​က၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် မီး​ရှို့​သော​ဇေ​ဒ​ကိ​နှင့် အာ​ဟပ်​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဖြစ်​စေ​တော်​မူ​ပါ​စေ​ဟု ထို​သူ​တို့​ကို ပုံ​ဆောင်၍ ကျိန်​ဆဲ​ကြ​လိမ့်​မည်။ 23အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ​ပြီ။ သူ့​မ​ယား​တို့​ကို ပြစ်​မှား​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​ကြ​ပြီ။ ငါ​သိ​သည်​အ​တိုင်း သက်​သေ​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ရှေ​မာ​ယ​၏​စာ
24န​ဟေ​လံ​ရွာ​သား ရှေ​မာ​ယ​ကို​လည်း ပြော​ရ​မည်​မှာ 25ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​မာ​သေ​ယ​သား ဇေ​ဖ​နိ​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​များ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​ကို စာ​ပေး​လိုက်၍၊ 26သင်​သည် ဗိ​မာန်​တော်၌ လူ​စောင့်​ကို​ခန့်​ထား​သ​ဖြင့်၊ ပ​ရော​ဖက်​လုပ်​သော​အ​ရူး​ရှိ​သ​မျှ​ကို ထောင်​ထဲ​မှာ​လှောင်၍ ထိတ်​ခတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ၏​ကိုယ်​စား သင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ 27သို့​ဖြစ်၍၊ သင်​တို့​တွင် ပ​ရော​ဖက်​လုပ်​သော အာ​န​သုတ်​ရွာ​သား​ယေ​ရ​မိ​ကို အ​ဘယ်​ကြောင့် မ​ဆုံး​မ​သ​နည်း။ 28သူ​က​လည်း၊ ဤ​အ​မှု ကြာ​လိမ့်​မည်။ အိမ်​တို့​ကို​ဆောက်၍ နေ​ရာ​ချ​ကြ​လော့။ ဥ​ယျာဉ်​တို့​ကို စိုက်​ပျိုး၍ အ​သီး​ကို စား​ကြ​လော့​ဟု၊ ဗာ​ဗု​လုန်​မြို့၌​နေ​သော ငါ​တို့​ကို​မှာ​လိုက်​ပါ​ပြီ​တ​ကား​ဟု၊ 29ရှေ​မာ​ယ​ပေး​လိုက်​သော​စာ​ကို ယဇ်​ပု​ရော​ဟိတ်​ဇေ​ဖ​နိ​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ရှေ့​မှာ ဖတ်​လေ၏။ 30ထို​အ​ခါ န​ဟေ​လံ​ရွာ​သား ရှေ​မာ​ယ​ကို​ရည်​မှတ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​မ​စေ​လွှတ်​ဘဲ ရှေ​မာ​ယ​သည် သင်​တို့​အား ပ​ရော​ဖက်​ပြု၍ မု​သား​၌​ခို​လှုံ​စေ​သော​ကြောင့်၊ 31-32ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ န​ဟေ​လံ​ရွာ​သား​ရှေ​မာ​ယ​နှင့် သူ၏​အ​မျိုး​ကို ငါ​သည်​ဒဏ်​ပေး​မည်။ ဤ​အ​မျိုး​သား​တို့​တွင်၊ သူ၏ လူ​တစ်​ယောက်​မျှ နေ​ရ​သော​အ​ခွင့် မ​ရှိ​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​စေ​ခြင်း​ငှာ သွန်​သင်​သော​ကြောင့်၊ ငါ၏​လူ​မျိုး၌ ငါ​ပြု​လ​တ္တံ့​သော ကျေး​ဇူး​ကို သူ​သည်​မ​မြင်​ရ​ဟု၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​အ​ပေါင်း​တို့​ကို စာ​ပေး​လိုက်​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍ မှာ​ထား​တော်​မူ၏။

Currently Selected:

ယေရမိ 29: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in