YouVersion Logo
Search Icon

ယေရမိ 28

28
ယေ​ရ​မိ​နှင့်​ဟာ​န​နိ
1ထို​နှစ်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ နန်း​စံ​စ​တု​တ္ထ​နှစ်၊ ပ​ဥ္စ​မ​လ​တွင်၊ ဂိ​ဗောင်​မြို့​နေ၊ အာ​ဇု​ရ​သား​ဟာ​န​နိ​က၊#၄​ရာ၊ ၂၄:၁၈-၂၀။ ၆​ရာ၊ ၃၆:၁၁-၁၃။ 2ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို ငါ​ချိုး​မည်။ 3ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဤ​အ​ရပ်​မှ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​သော ဗိ​မာန်​တော်​တန်​ဆာ​အ​လုံး​စုံ​တို့​ကို နှစ်​နှစ်​အ​တွင်း​တွင်၊ ဤ​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ 4ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေ​ခေါ​နိ​မင်း​ကို​လည်း၊ ဤ​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို ငါ​ချိုး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​အ​ပေါင်း​တို့​ရှေ့​မှာ ငါ့​အား​ပြော​ဆို၏။ 5ထို​အ​ခါ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ဗိ​မာန်​တော်၌​ရပ်​နေ​သော ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လူ​များ​အ​ပေါင်း​တို့​ရှေ့​မှာ၊ ပ​ရော​ဖက်​ဟာ​န​နိ​အား ပြန်​ပြော​သည်​ကား၊ 6အာ​မင်၊ ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။ ဗိ​မာန်​တော်​တန်​ဆာ​များ​နှင့်​တ​ကွ၊ ဤ​အ​ရပ်​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော သူ​များ​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဖန်​ဆောင်​ခဲ့၍၊ သင်​ဟော​ပြော​သော​စ​ကား မှန်​ကြောင်း​ကို ပြ​တော်​မူ​ပါ​စေ​သော။ 7သို့​ရာ​တွင်၊ သင်​နှင့်​တ​ကွ လူ​အ​ပေါင်း​တို့​အား ငါ​ယ​ခု ဟော​ပြော​သော​စ​ကား​ကို နား​ထောင်​လော့။ 8ငါ​တို့​မ​ဖြစ်​မီ ရှေး​ကာ​လ၌​ဖြစ်​ဖူး​သော ပ​ရော​ဖက်​တို့​သည်၊ များ​ပြား​သော​ပြည်၊ အား​ကြီး​သော တိုင်း​နိုင်​ငံ​တို့​ကို ရည်​မှတ်၍၊ စစ်​တိုက်​မည်​အ​ကြောင်း၊ ဘေး​ရောက်​မည်​အ​ကြောင်း၊ ကာ​လ​နာ​ပေါ​မည်​အ​ကြောင်း​တို့​ကို ဟော​ပြော​တတ်​ကြ၏။ 9ငြိမ်​ဝပ်​မည်​အ​ကြောင်း​ကို ဟော​ပြော​သော ပ​ရော​ဖက်​ရှိ​လျှင်၊ သူ၏​စ​ကား​ပြည့်​စုံ​သော​အ​ခါ စင်​စစ် ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း ထင်​ရှား​လိမ့်​မည်​ဟု ပြော​ဆို၏။ 10ထို​အ​ခါ ပ​ရော​ဖက်​ဟာ​န​နိ​သည် ပ​ရော​ဖက်​ယေ​ရ​မိ​လည်​ပင်း​မှ ထမ်း​ပိုး​ကို​ယူ၍ ချိုး​လျက်၊ 11ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ လူ​အ​မျိုး​မျိုး​တို့၏ လည်​ပင်း​ပေါ်​မှာ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​တင်​သော​ထမ်း​ပိုး​ကို နှစ်​နှစ်​အ​တွင်း​တွင် ငါ​ချိုး​ပယ်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ပြော​ဆို၏။ ထို​အ​ခါ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထွက်​သွား​လေ၏။
12ပ​ရော​ဖက်​ဟာ​န​နိ​သည် ပ​ရော​ဖက်​ယေ​ရ​မိ၏​လည်​ပင်း​မှ ထမ်း​ပိုး​ကို ချိုး​ပယ်​သော​နောက်၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ​သည်​ကား၊ 13သင်​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဟာ​န​နိ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​ချိုး​သော​သစ်​သား​ထမ်း​ပိုး​အ​စား၊ သံ​ထမ်း​ပိုး​ကို လုပ်​ရ​မည်။ 14ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​ခံ​စေ​ခြင်း​ငှာ၊ သူ​တို့​လည်​ပင်း​ပေါ်​မှာ သံ​ထမ်း​ပိုး​ကို ငါ​တင်​ပြီ။ ထို​သူ​တို့​သည် ထို​မင်း၏​အ​စေ​ကို ခံ​ရ​ကြ​မည်။ တော​တိ​ရ​စ္ဆာန်​များ​ကို​လည်း၊ သူ၌​ငါ​အပ်​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။ 15ပ​ရော​ဖက်​ယေ​ရ​မိ​က​လည်း၊ ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စေ​လွှတ်​တော်​မ​မူ။ ဤ​လူ​မျိုး​သည် မု​သား၌ ခို​လှုံ​မည်​အ​ကြောင်း​ကို သင်​ပြု​တတ်၏။ 16ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​စေ​ခြင်း​ငှာ သွန်​သင်​သော​ကြောင့်၊ သင့်​ကို မြေ​ပြင်​မှ ငါ​ပယ်​ရှင်း​မည်။ ယ​ခု​နှစ်​တွင် သင်​သည်​သေ​ရ​မည်​ဟု ပ​ရော​ဖက်​ဟာ​န​နိ​အား​ပြော​ဆို၏။ 17ထို​သို့​နှင့်​အ​ညီ ပ​ရော​ဖက်​ဟာ​န​နိ​သည် ထို​နှစ်​တွင်၊ သ​တ္တ​မ​လ၌​သေ​လေ၏။

Currently Selected:

ယေရမိ 28: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in