YouVersion Logo
Search Icon

ယေရမိ 21

21
ယေ​ရု​ရှ​လင်​မြို့​အ​ရေး​နိမ့်​မည်
1-2ဇေ​ဒ​ကိ​မင်း​ကြီး​သည် မေ​လ​ခိ​သား ပါ​ရှု​ရ​နှင့်၊ ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား​ဇေ​ဖ​နိ​တို့​ကို ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို စစ်​တိုက်​သည်​ဖြစ်၍၊ သူ့​ကို​ငါ​တို့​ထံ​မှ ပြန်​သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​သ​မျှ​အ​တိုင်း၊ ငါ​တို့၌ တစ်​ဖန်​ပြု​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​ပါ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊#၄​ရာ၊ ၂၅:၁-၁၁။ ၆​ရာ၊ ၃၆:၁၇-၂၁။ 3ယေ​ရ​မိ​က၊ သင်​တို့​သည် ဇေ​ဒ​ကိ​မင်း​ကြီး​အား​ပြန်​ပြော​ရ​မည်​မှာ၊ 4ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​မြို့​ပြင်​မှာ တပ်​စွဲ၍​နေ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​လျက်၊ သင်​တို့​စွဲ​ကိုင်​သော လက်​နက်​များ​ကို ငါ​လွဲ​စေ​မည်။ ထို​သူ​တို့​ကို မြို့​ထဲ၌ ငါ​စည်း​ဝေး​စေ​မည်။ 5ငါ့​ကိုယ်​တိုင်​လည်း အ​လွန်​ပြင်း​စွာ​ထွက်​သော အ​မျက်​အ​ရှိန်​အား​ကြီး၍၊ ဆန့်​သော​လက်၊ သန်​စွမ်း​သော​လက်​ရုံး​နှင့် သင်​တို့​ကို တိုက်​မည်။ 6ဤ​မြို့၌​နေ​သော လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​တို့​ကို ငါ​သည်​ဒဏ်​ခတ်၍၊ ပြင်း​စွာ​သော​ကာ​လ​နာ​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ 7ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။
8ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဤ​လူ​မျိုး​တို့​အား ဆင့်​ဆို​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ဟူ​မူ​ကား၊ အ​သက်​ရှင်​ရာ​လမ်း၊ သေ​ရာ​လမ်း​တို့​ကို သင်​တို့​ရှေ့​မှာ ငါ​ဖွင့်​ထား၏။ 9ဤ​မြို့​ထဲ​မှာ​နေ​သော သူ​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ​ခြင်း​ဘေး​ဖြင့် သေ​လိမ့်​မည်။ မြို့​ပြင်​သို့​ထွက်၍၊ မြို့​ပြင်​မှာ တပ်​စွဲ​လျက်​နေ​သော ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ဝင်​စား​သော​သူ​သည် အ​သက်​ချမ်း​သာ၍ လု​ယူ​ရ​သော​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို ရ​လိမ့်​မည်။ 10ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ကျေး​ဇူး​ပြု၍၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​သည်​မျက်​နှာ​ထား​သည်​ဖြစ်၍၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် မီး​ရှို့​လိမ့်​မည်။
ဒါဝိဒ်အမျိုးသို့သတင်းစကား
11ယု​ဒ​ရှင်​ဘု​ရင်​အ​မျိုး​ကို ရည်​မှတ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ 12အို ဒါ​ဝိဒ်​မင်း​ကြီး​အ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မ​ဆိုင်း​မ​လင့်၊ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော​သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ဖြစ်၍၊ အ​ဘယ်​သူ​မျှ​မ​သတ်​နိုင်​အောင် လောင်​လိမ့်​မည်။ 13ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ချိုင့်၌​နေ​သော​သူ၊ အို လွင်​ပြင်၌​ရှိ​သော​ကျောက်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်​တို့​က၊ ငါ​တို့​ကို အ​ဘယ်​သူ စစ်​တိုက်​နိုင်​မည်​နည်း။ ငါ​တို့​နေ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဝင်​နိုင်​မည်​နည်း​ဟု ဆို​တတ်​သော်​လည်း၊ 14သင်​တို့​အ​ကျင့်​နှင့် ထိုက်​လျောက်​အောင် အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်။ သင်​တို့​တော​ကို ငါ​ရှို့​သော​မီး​သည်၊ ပတ်​လည်၌ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို လောင်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Currently Selected:

ယေရမိ 21: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in