YouVersion Logo
Search Icon

တရားသူကြီး 21

21
ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အ​တွက်​ဇ​နီး​များ
1ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘယ်​သူ​မျှ မိ​မိ​သ​မီး​ကို ဗင်္ယာ​မိန်​အ​မျိုး​သား၌ မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ မိ​ဇ​ပါ​မြို့​မှာ ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။ 2လူ​များ​တို့​သည် ဘု​ရား​သ​ခင့် အိမ်​တော်​သို့​လာ၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ညဉ့်​ဦး​တိုင်​အောင်​နေ​လျက်၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လျက်၊ 3အို​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ယ​နေ့​တစ်​မျိုး ချို့​တဲ့​ရ​သော​အ​မှု​သည် အ​ဘယ်​ကြောင့် ဖြစ်​ရ​ပါ​သ​နည်း​ဟု လျှောက်​ဆို​ကြ၏။ 4နက်​ဖြန်​နံ​နက်​စော​စော လူ​များ​တို့​သည်​ထ​ပြီး​လျှင်၊ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။ 5ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် အ​ဘယ်​သူ​သည် ပ​ရိ​သတ်​အ​ပေါင်း​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း​ဟု မေး​ကြ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သော​သူ​သည် ဧ​ကန်​အ​မှန် အ​သေ​သတ်​ခြင်း​ကို​ခံ​စေ​ဟု ကြီး​စွာ​သော​ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။ 6ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း၊ ညီ​ဗင်္ယာ​မိန်​အ​တွက် နောင်​တ​ရ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ယ​နေ့​တစ်​မျိုး​ဆုံး​ပြီ။ 7ငါ​တို့​သည် ကိုယ်​သ​မီး​ကို သူ​တို့​အား​မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​သော​ကြောင့်၊ ကျန်​ကြွင်း​သော သူ​တို့​အ​ဖို့ မိန်း​မ​တို့​ကို အ​ဘယ်​သို့ ရ​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊ 8ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​တို့​တွင် အ​ဘယ်​သူ​သည် မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း ဟူ၍​လည်း​ကောင်း မေး​မြန်း​လျှင်၊ ဂိ​လဒ်​ပြည်၊ ယာ​ဗက်​မြို့​သား​တစ်​ယောက်​မျှ စု​ဝေး​ရာ​တပ်​သို့ မ​ရောက်​မ​လာ​ကြောင်း​ကို သိ​ကြ၏။ 9လူ​များ​တို့​ကို ရေ​တွက်​သော​အ​ခါ၊ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တစ်​ယောက်​မျှ မ​ပါ။ 10ထို​အ​ခါ စု​ဝေး​သော​သူ​တို့​သည် စစ်​သူ​ရဲ​တစ်​သောင်း​နှစ်​ထောင်​တို့​ကို စေ​လွှတ်​လျက်၊ သင်​တို့​သည်​သွား၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ​လော့။ 11သို့​ဆို​သော်၊ ယောက်ျား​အ​ပေါင်း​ကို​လည်း​ကောင်း၊ ယောက်ျား​နှင့်​ဆက်​ဆံ​သော မိန်း​မ​အ​ပေါင်း​ကို​လည်း​ကောင်း၊ ရှင်း​ရှင်း​ပယ်​ရှား​ကြ​လော့​ဟု​မှာ​ထား​သည်​အ​တိုင်း၊ 12စစ်​သူ​ရဲ​တို့​သည် ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​သား​တို့​တွင်၊ ယောက်ျား​နှင့် မ​ဆက်​ဆံ​သေး​သော က​ညာ​မိန်း​မ​ပျို​လေး​ရာ​တို့​ကို တွေ့၍ ခါ​နာန်​ပြည်၌ တပ်​ချ​ရာ၊ ရှိ​လော​မြို့​သို့ ဆောင်​ခဲ့​ကြ၏။ 13တစ်​ဖန် စု​ဝေး​သော သူ​အ​ပေါင်း​တို့​သည်၊ ရိ​မ္မုန်​ကျောက်၌​နေ​သော ဗင်္ယာ​မိန်​လူ​တို့​ကို နှုတ်​ဆက်၍ အ​သင့်​အ​တင့်​ခေါ်​ခြင်း​ငှာ လူ​တို့​ကို​စေ​လွှတ်​ကြ၏။ 14ထို​အ​ခါ ဗင်္ယာ​မိန်​လူ​တို့​သည် လာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် အ​ရှင်​ချန်​ထား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မိန်း​မ​တို့​နှင့် ပေး​စား​ကြ၏။ သို့​သော်​လည်း မိန်း​မ​တို့​သည် မ​လောက်​မ​င​ကြ။ 15ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ပြို​ပျက်​ရာ​ကို ပြု​တော်​မူ​သော​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဗင်္ယာ​မိန်​အ​တွက် နောင်​တ​ရ​ကြ၏။
16စု​ဝေး​ရာ​ပ​ရိ​သတ် အ​သက်​ကြီး​သူ​တို့​က​လည်း၊ ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က မိန်း​မ​တို့​ကို ပယ်​ရှင်း​သော​ကြောင့်၊ ကျန်​ကြွင်း​သော သူ​တို့​အ​ဖို့ မိန်း​မ​တို့​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊ 17ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင် တစ်​မျိုး​ကို မ​ပျောက်​စေ​ခြင်း​ငှာ သေ​ဘေး​မှ​လွတ်​သော ဗင်္ယာ​မိန်​လူ​တို့ အ​မွေ​ခံ​စ​ရာ​မြေ ရှိ​ရ​မည်။ 18သို့​သော်​လည်း အ​ကြင်​သူ​သည် ဗင်္ယာ​မိန်​လူ၌ သ​မီး​ကို​ပေး​စား၏။ ထို​သူ​သည် ကျိန်​အပ်​သော​သူ ဖြစ်​စေ​ဟု ဣ​သ​ရေ​လ​လူ​တို့​သည် ကျိန်​ဆို​ခြင်း​ကို ပြု​သော​ကြောင့် ငါ​တို့​သည် ကိုယ်​သ​မီး​တို့​ကို မ​ပေး​စား​ရ​ဟူ၍​လည်း​ကောင်း၊ 19ဗေ​သ​လ​မြို့​မြောက်​ဘက်၊ ဗေ​သ​လ​မြို့​မှ ရှေ​ခင်​မြို့​သို့​သွား​သော​လမ်း အ​ရှေ့​ဘက်၊ လေ​ဗော​န​မြို့​တောင်​ဘက်၊ ရှိ​လော​မြို့​နယ်​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ နှစ်​စဉ် ပွဲ​ခံ​တတ်​သည်​ဟူ၍​လည်း​ကောင်း၊ တိုင်​ပင်​ကြ​သည်​နှင့် အ​ညီ၊ 20ဗင်္ယာ​မိန်​လူ​တို့​ကို​ခေါ်၍ သင်​တို့​သည် သွား​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​တို့၌ ချောင်း​မြောင်း​လျက်​နေ​ကြ​လော့။ ရှိ​လော​မြို့​သ​မီး​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ က​လျက်​လာ​ကြ​သော​အ​ခါ၊ 21စ​ပျစ်​ဥ​ယျာဉ်​ထဲ​က ထွက်​ပြီး​လျှင်၊ ထို​မြို့​သ​မီး​တို့​ကို အ​သီး​အ​သီး ကိုယ်​မ​ယား​ဖြစ်​စေ​ဖို့ ဖမ်း​ဆီး၍ ဗင်္ယာ​မိန်​ပြည်​သို့ ဆောင်​သွား​ကြ​လော့။ 22သူ​တို့​အ​ဘ​နှင့်​မောင်​တို့​သည် ငါ​တို့​ထံ​သို့​လာ၍ အ​မှု​လုပ်​သော​အ​ခါ၊ ငါ​တို့​က ငါ​တို့​မျက်​နှာ​ကို​ထောက်၍ သူ​တို့​ကို သ​နား​ကြ​ပါ။ စစ်​တိုက်​ရာ​တွင် သူ​တို့ အ​သီး​အ​သီး​ဆိုင်​သော​မ​ယား​တို့​ကို သူ​တို့​အ​ဖို့ ငါ​တို့​သည် မ​ချန်​မ​ထား​မိ​ပါ။ သင်​တို့၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ ယ​ခု​ပေး​စား​ကြ​သည်​မ​ဟုတ်​ဟု သူ​တို့​အား ပြန်​ပြော​မည်​ဟု မှာ​ထား​ကြ​သည်​အ​တိုင်း၊ 23ဗင်္ယာ​မိန်​လူ​တို့​သည်​ပြု၍ ပွဲ​ခံ​လျက်​က​သော မိန်း​မ​တို့​ကို ကိုယ်​အ​ရေ​အ​တွက်​အ​တိုင်း မ​ယား​ဖြစ်​ဖို့​ရာ ဖမ်း​ဆီး၍ ယူ​သွား​ကြ၏။ ကိုယ်​အ​မွေ​ခံ​ရာ​မြေ​သို့ ပြန်​ရောက်​ပြီး​လျှင်၊ မြို့​တို့​ကို အ​သစ်​ပြင်​ဆင်၍ နေ​ကြ၏။ 24ထို​အ​ခါ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည်​လည်း ကိုယ်​အ​မျိုး၊ ကိုယ်​အ​ဆွေ​နေ​ရာ ကိုယ်​အ​မွေ​ခံ​ရာ​မြေ​သို့ ပြန်​သွား​ကြ၏။ 25ထို​ကာ​လ၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ၊ လူ​တိုင်း မိ​မိ​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​တည်း။#သူ​ကြီး၊ ၁၇:၆။
တ​ရား​သူ​ကြီး မှတ်​စာ​ပြီး၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in