YouVersion Logo
Search Icon

တရားသူကြီး 20

20
စစ်​တိုက်​ရန်​ပြင်​ဆင်​ခြင်း
1ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။ 2ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း၊ ပြည်​သား​အ​ပေါင်း​တို့၏ အ​ကြီး​အ​ကဲ​တို့​သည် စည်း​ဝေး​ကြ​သော်၊ ဘု​ရား​သ​ခင်၏​လူ၊ ဓား​လက်​နက်​စွဲ​ကိုင်​သော ခြေ​သည်​သူ​ရဲ လေး​သိန်း​နှင့်​တ​ကွ ချဉ်း​ကပ်​ကြ၏။ 3ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဇ​ပါ​မြို့​သို့ သွား​ကြောင်း​ကို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ကြား​သိ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ ထို​အ​ဓ​မ္မ​အ​မှု​ကား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​လျှင်၊ 4အ​သေ​ခံ​ရ​သော မိန်း​မ၏​လင် လေ​ဝိ​လူ​က၊ အ​ကျွန်ုပ်​သည် မ​ယား​ငယ်​နှင့်​အ​တူ​လာ၍ ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​မှာ ည​ကို​လွန်​စေ​ပါ၏။ 5ည​အ​ခါ ဂိ​ဗာ​မြို့​သား​တို့​သည် ထ၍ အ​ကျွန်ုပ်​တည်း​ခို​သော​အိမ်​ကို ဝိုင်း​လျက်၊ အ​ကျွန်ုပ်​ကို တိုက်​သတ်​မည် အား​ထုတ်​ကြ​ပါ၏။ မ​ယား​ငယ် သေ​သည်​တိုင်​အောင် ရှုတ်​ချ​ကြ​ပါ၏။ 6အ​ကျွန်ုပ်​သည်​လည်း မ​ယား​ငယ်​အ​ကောင်​ကို​ယူ၍ အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး အ​မွေ​ခံ​ရာ ပြည်​တစ်​လျှောက်​လုံး​သို့ ပေး​လိုက်​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ဆိုး​ညစ်​သော​အ​မှု၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ​ပါ​ပြီ။ 7သင်​တို့​ရှိ​သ​မျှ​သည် ဣ​သ​ရေ​လ​အ​မျိုး ဖြစ်​ကြ​ပါ၏။ ဤ​အ​ရပ်၌ တိုင်​ပင်​စီ​ရင်​ကြ​ပါ​လော့​ဟု ပြော​ဆို​လေ၏။ 8လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ ထ၍ ငါ​တို့​သည် တစ်​ယောက်​မျှ မိ​မိ​တဲ​သို့​မ​သွား၊ မိ​မိ​အိမ်​သို့​မ​ပြန်။ 9ဂိ​ဗာ​မြို့၌ အ​ဘယ်​သို့ ပြု​မည်​နည်း​ဟူ​မူ​ကား၊ စာ​ရေး​တံ​ချ၍ အ​တိုက်​သွား​မည်။ 10ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၌ ပြု​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​နှင့်​ညီ​လျော်​စွာ လူ​များ​တို့​သည် ထို​မြို့​သို့​ရောက်၍ အ​ပြစ်​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သူ​တို့​စား​စ​ရိတ်​ကို ပို့​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ လူ​တစ်​ရာ​တွင် တစ်​ဆယ်၊ တစ်​ထောင်​တွင် တစ်​ရာ၊ တစ်​သောင်း​တွင် တစ်​ထောင်​တို့​ကို ရွေး​ကောက်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ 11ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဂိ​ဗာ​မြို့​တစ်​ဖက်၌​စည်း​ဝေး၍ တစ်​ယောက်​သော​သူ​ကဲ့​သို့ သင်း​ဖွဲ့​လျက်​နေ​ကြ၏။
12ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဗင်္ယာ​မိန်​ခ​ရိုင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ သင်​တို့​တွင်​ပြု​သော ဤ​အ​ဓ​မ္မ​အ​မှု​ကား အ​ဘယ်​သို့​နည်း။ 13ယ​ခု​မှာ ဂိ​ဗာ​မြို့၌​ရှိ​သော ထို​အ​ဓ​မ္မ​လူ​တို့​ကို ငါ​တို့​ယူ၍​သတ်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​မည်​အ​ကြောင်း ထို​လူ​တို့​ကို​အပ်​ကြ​ပါ​ဟု မှာ​လိုက်​ကြ၏။ သို့​ရာ​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်၊ ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ 14ထို​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ၊ အ​မြို့​မြို့​အ​ရွာ​ရွာ​က​ထွက်၍ ဂိ​ဗာ​မြို့၌ စည်း​ဝေး​ကြ၏။ 15ထို​အ​ခါ ဂိ​ဗာ​မြို့​သား ယောက်ျား​ကောင်း ခု​နစ်​ရာ​မှ​တစ်​ပါး အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ဗင်္ယာ​မိန် အ​မျိုး​သား​အ​ရေ​အ​တွက်​ကား၊ ဓား​လက်​နက်​စွဲ​ကိုင်​သော​သူ နှစ်​သောင်း​ခြောက်​ထောင်​တည်း။ 16ထို​လူ​အ​ပေါင်း​တို့​တွင် လက်​ဝဲ​လက်​ကို သုံး​တတ်​သ​ဖြင့်၊ ဆံ​ခြည်​တစ်​ပင်​ကို လောက်​လွှဲ​နှင့်​မှန်​အောင် ပစ်​နိုင်​သော ယောက်ျား​ကောင်း ခု​နစ်​ရာ​ပါ​သ​တည်း။ 17ဗင်္ယာ​မိန်​အ​မျိုး​သား​မှ​တစ်​ပါး ဓား​လက်​နက်​စွဲ​ကိုင်၍ စစ်​သူ​ရဲ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရေ​အ​တွက်​ကား လေး​သိန်း​တည်း။
ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​နှ​င့်​စစ်​ဖြစ်​ခြင်း
18ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။ 19နံ​နက်​စော​စော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထ၍ ဂိ​ဗာ​မြို့​အ​နား၌ တပ်​ချ​ပြီး​မှ၊ 20ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ​ချီ​သွား၍ ဂိ​ဗာ​မြို့​ရှေ့​မှာ စစ်​ခင်း​ကျင်း​လျက် နေ​ကြ၏။ 21ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က​ထွက်​ပြီး​လျှင်၊ ထို​နေ့​တွင် ဣ​သ​ရေ​လ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို မြေ​ပေါ်​မှာ​လှဲ၍ သတ်​ကြ၏။ 22သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရဲ​ရင့်​သော​စိတ်​ကို​ယူ၍ ပ​ထ​မ​နေ့​တွင် စစ်​ခင်း​ကျင်း​သော​အ​ရပ်၌ တစ်​ဖန် ခင်း​ကျင်း​ကြ၏။ 23ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွား၍ ညဉ့်​ဦး​ယံ​တိုင်​အောင် ငို​ကြွေး​လျက်၊ အ​ကျွန်ုပ်​တို့​ညီ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန် စစ်​တိုက်​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က ချီ​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။ 24ဒု​တိ​ယ​နေ့​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​တို့​အ​နီး​သို့ ချဉ်း​ကြ​သော​အ​ခါ၊ 25ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က ထွက်​ပြီး​လျှင်၊ ဓား​လက်​နက်​စွဲ​ကိုင်​သော ဣ​သ​ရေ​လ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို မြေ​ပေါ်၌​လှဲ၍ သတ်​ကြ၏။
26ထို​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​အိမ်​တော်​သို့​သွား၍ ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ဝပ်​လျက်၊ တစ်​နေ့​လုံး ညဉ့်​ဦး​ယံ​တိုင်​အောင် အ​စာ​ကို​ရှောင်၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။ 27ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ပါ​လျက်၊ အာ​ရုန်၏​သား​ဖြစ်​သော ဧ​လာ​ဇာ၏​သား ဖိ​န​ဟတ်​သည်၊ သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​စောင့်​သည်​ဖြစ်၍၊ 28ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့ ညီ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန်​သွား၍ တိုက်​ရ​ပါ​မည်​လော၊ မ​သွား​ဘဲ​နေ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​ကြ​လော့။ နက်​ဖြန်​နေ့​တွင် သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။ 29ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ပတ်​လည်၌ ကင်း​စောင့်​လူ​တို့​ကို ထား​ပြီး​မှ၊ 30တ​တိ​ယ​နေ့​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ ချီ​သွား၍၊ ယ​မန်​ကဲ့​သို့ ဂိ​ဗာ​မြို့​အ​နား၌ စစ်​ခင်း​ကျင်း​လျက် နေ​ကြ၏။ 31ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​တိုက်​ထွက်၍ မြို့​နှင့်​ကွာ​သွား​ကြ၏။ ဗေ​သ​လ​မြို့​သို့​သွား​သော​လမ်း၊ ဂိ​ဗာ​တော​ရွာ​သို့ သွား​သော​လမ်း​တွင် ယ​မန်​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး သူ​ရဲ​တို့​ကို လုပ်​ကြံ​စ​ပြု၍ လူ​သုံး​ဆယ်​ခန့်​မျှ သေ​ကြ၏။ 32ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က၊ သူ​တို့​သည် ယ​မန်​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ​ရှုံး​ကြ​ပြီ​ဟု ဆို​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ပြေး​ကြ​ကုန်​အံ့၊ သူ​တို့​ကို မြို့​နှင့်​ဝေး​သော​လမ်း​တို့​သို့ သွေး​ဆောင်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ 33ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ​ထ၍ ဗာ​လ​တာ​မာ​မြို့၌ စစ်​ခင်း​ကြ၏။ ကင်း​စောင့်​လျက်​နေ​သော ဣ​သ​ရေ​လ​လူ​တို့​သည်​လည်း မိ​မိ​တို့​နေ​ရာ ဂိ​ဗာ​လွင်​ပြင်​မှ ထ​ကြ​သ​ဖြင့်၊ 34ဣ​သ​ရေ​လ​အ​မျိုး​သား ယောက်ျား​ကောင်း​တစ်​သောင်း​တို့​သည် ဂိ​ဗာ​မြို့​သို့​ချီ​လာ၍၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဘေး​ရောက်​လု​နီး​သည်​ကို မ​ရိပ်​မိ​သော​ကြောင့်၊ ကျပ်​တည်း​စွာ ဆီး၍​တိုက်​ကြ၏။ 35ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဗင်္ယာ​မိန်​လူ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ ရှုံး​စေ​တော်​မူ​သ​ဖြင့်၊ ထို​နေ့​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဓား​လက်​နက်​စွဲ​ကိုင်​သော ဗင်္ယာ​မိန်​လူ နှစ်​သောင်း​ငါး​ထောင်​တစ်​ရာ​တို့​ကို ပယ်​ရှင်း​ကြ၏။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အောင်​ပွဲ​ခံ​ခြင်း
36ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​ကြ၏။ ဣ​သ​ရေ​လူ​တို့​သည်၊ ဂိ​ဗာ​မြို့​အ​နား၌​ထား​သော ကင်း​တပ်​ကို ကိုး​စား​သော​ကြောင့်၊ အ​စ​က ဗင်္ယာ​မိန်​လူ​တို့​ရှေ့​မှာ​ဆုတ်​ကြ၏။ 37ကင်း​တပ်​သား​တို့​သည် ဂိ​ဗာ​မြို့​သို့ တစ်​ဟုန်​တည်း​ပြေး​ဝင်၍ အ​နှံ့​အ​ပြား​တိုက်​သ​ဖြင့် တစ်​မြို့​လုံး​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။ 38မြို့​ထဲ​မှာ ကြီး​စွာ​သော မီး​ခိုး​တက်​စေ​ရ​မည်​အ​ကြောင်း ဣ​သ​ရေ​လ​လူ​တို့​သည် ကင်း​စောင့်​လူ​တို့​အား အ​ကြံ​ပေး​နှင့်​ကြ​ပြီ​ဖြစ်၍၊ 39ဣ​သ​ရေ​လ​လူ​တို့​သည် စစ်​တိုက်​ရာ​တွင် ဆုတ်​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​က၊ အ​ကယ်၍ သူ​တို့​သည် ယ​မန်​စစ်​ရှုံး​သ​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ​ရှုံး​ကြ​ပြီ​ဟု ဆို​လျက် သူ​ရဲ​တို့​ကို​လုပ်​ကြံ​စ​ပြု၍ လူ​သုံး​ဆယ်​ခန့်​မျှ သေ​ကြ၏။ 40တစ်​ဖန် မီး​လောင်၍ ထူ​ထပ်​သော​မီး​ခိုး​သည် မြို့​ထဲ​မှာ တက်​စ​ရှိ​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ပြန်​ကြည့်၍ မြို့​ကို​လောင်​သော မီး​လျှံ​သည် မိုး​ကောင်း​ကင်​သို့ တက်​သည်​ကို မြင်​ကြ၍၊ 41ဣ​သ​ရေ​လ​လူ​တို့​သည် လှည့်၍​ပြန်​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ဘေး​ရောက်​ကြောင်း​ကို သိ​မြင်​လျှင်၊ 42မိန်း​မော​တွေ​ဝေ၍ ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ တော​လမ်း​သို့​ပြေး​သော်​လည်း၊ စစ်​တိုက်​လိုက်​လာ​သော သူ​တို့​သည်​မီ​သ​ဖြင့် ပြေး​သော​သူ​တို့​ကို​လည်း​ကောင်း၊ မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သော​သူ​တို့​ကို​လည်း​ကောင်း တစ်​ပြိုင်​နက် ဖျက်​ဆီး​ကြ၏။ 43ဗင်္ယာ​မိန်​လူ​တို့​ကို ဝိုင်း​လျက်​လိုက်​လျက်၊ နု​ခါ​ရွာ​မှ​စ၍ နေ​ထွက်​ရာ​ဘက်၊ ဂိ​ဗာ​မြို့​အ​နား​တိုင်​အောင် နှိပ်​နင်း​ကြ၏။ 44ထို​အ​ခါ ဗင်္ယာ​မိန်​သူ​ရဲ တစ်​သောင်း​ရှစ်​ထောင်​တို့​သည် လဲ၍​သေ​ကြ၏။ 45ကြွင်း​သော​သူ​တို့​သည် လှည့်၍ တော​အ​ရပ် ရိ​မ္မုန်​ကျောက်​သို့ ပြေး​ကြ​စဉ်​တွင်၊ လိုက်​သော​သူ​တို့​သည် လူ​ငါး​ထောင်​တို့​ကို လမ်း​မှာ​ဖမ်း​မိ​ကြ၏။ ဂိ​ဒုံ​မြို့​တိုင်​အောင် အ​ပြင်း​လိုက်၍ လူ​နှစ်​ထောင်​တို့​ကို​လည်း သတ်​ကြ၏။ 46ထို​နေ့​တွင် လဲ၍​သေ​သော ဗင်္ယာ​မိန် ဓား​စွဲ​သူ​ရဲ​တို့ အ​ရေ​အ​တွက်​ကား၊ နှစ်​သောင်း​ငါး​ထောင်​တည်း။ 47လူ​ခြောက်​ရာ​တို့​သည် လှည့်၍ တော​အ​ရပ်​ရိ​မ္မုန်​ကျောက်​ကို မီ​အောင်​ပြေး​သ​ဖြင့်၊ ထို​ကျောက်​အောက်​မှာ လေး​လ​နေ​ကြ၏။ 48ဣ​သ​ရေ​လ​လူ​တို့​သည် တစ်​ဖန်​လှည့်၍၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တိုက်​လျက် မြို့​ရွာ၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်​တွေ့​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍၊ တွေ့​သ​မျှ​သော မြို့​ရွာ​တို့​ကို မီး​ရှို့​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in