YouVersion Logo
Search Icon

တရားသူကြီး 17

17
မိ​က္ခာ​၏​ရုပ်​တု
1မိ​က္ခာ​အ​မည်​ရှိ​သော ဧ​ဖ​ရိမ်​တောင်​သား​တစ်​ယောက် ရှိ၏။ 2သူ​သည် အ​မိ​အား၊ အို​အ​မေ၊ ပျောက်​သော​ငွေ၊ အ​ကျွန်ုပ်​ရှေ့​မှာ ကျိန်​ဆဲ​သော​စ​ကား​ကို​ပြော​သော ငွေ​ဆယ်​တစ်​ပိဿာ​သည် အ​ကျွန်ုပ်၌ ရှိ​ပါ၏။ အ​ကျွန်ုပ်​ယူ​မိ​ပြီ​ဟု ဆို​သော်၊ အ​မိ​က၊ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ဆို၏။ 3ထို​ငွေ​ဆယ်​တစ်​ပိဿာ​ကို အ​မိ​အား​ပြန်​ပေး​သော​အ​ခါ၊ အ​မိ​က၊ ငါ့​သား​သည် ထု​သော​ရုပ်​တု​နှင့် သွန်း​သော​ရုပ်​တု​ကို လုပ်​စ​ရာ​ဖို့ ဤ​ငွေ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ငါ​ပူ​ဇော်​နှင့်​ပြီ။ 4သို့​ဖြစ်၍ ငါ့​သား​အား ယ​ခု​ငါ​ပြန်​ပေး​မည်​ဟု​ဆို​သော်​လည်း၊ သား​သည် ထို​ငွေ​ကို အ​မိ​အား​ပြန်​ပေး၏။ အ​မိ​သည်​လည်း နှစ်​ပိဿာ​ကို​ယူ၍ ပန်း​ထိမ်​သ​မား၌ အပ်​သ​ဖြင့်၊ သူ​သည် ထု​သော​ရုပ်​တု​နှင့် သွန်း​သော​ရုပ်​တု​ကို​လုပ်၍ ရုပ်​တု​တို့​သည် မိ​က္ခာ​အိမ်၌ ရှိ၏။ 5ထို​လူ​မိ​က္ခာ​သည် ဘု​ရား​ကျောင်း​ရှိ၍၊ သင်​တိုင်း​တော်​နှင့် တေ​ရပ်​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ မိ​မိ​သား​တစ်​ယောက်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။ 6ထို​ကာ​လ၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ။ လူ​တိုင်း မိ​မိ​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​တည်း။
7ယု​ဒ​အ​မျိုး​နှင့် စပ်​ဆိုင်​သော ဗက်​လင်​ယု​ဒ​မြို့​သား လေ​ဝိ​အ​မျိုး လု​လင်​တစ်​ယောက်​သည်၊ ဗက်​လင်​မြို့​မှာ တည်း​ခို၍ နေ​ပြီး​လျှင်၊ 8တစ်​ဖန် ထွက်​သွား၍ တည်း​ခို​စ​ရာ​အ​ရပ်​ကို ရှာ​လျက် ခ​ရီး​သွား​သ​ဖြင့်၊ ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​လေ၏။ 9မိ​က္ခာ​က​လည်း၊ သင်​သည် အ​ဘယ်​က လာ​သ​နည်း​ဟု​မေး​သော်၊ လု​လင်​က၊ ငါ​သည် ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သား လေ​ဝိ​လူ​ဖြစ်၏။ တည်း​ခို​စ​ရာ​အ​ရပ်​ကို ရှာ၏​ဟု ပြန်​ပြော​သော်၊ 10မိ​က္ခာ​က၊ အ​ကျွန်ုပ်​နှင့်​အ​တူ နေ​ပါ။ အ​ကျွန်ုပ်၏​အ​ဘ၊ အ​ကျွန်ုပ်၏ ယဇ်​ပု​ရော​ဟိတ် လုပ်​ပါ။ အ​ကျွန်ုပ်​သည် တစ်​နှစ်​တစ်​နှစ်​လျှင် ငွေ​အ​ကျပ်​တစ်​ဆယ်​နှင့် အ​ဝတ်​စုံ​ကို​လည်း​ကောင်း၊ စား​စ​ရာ​ကို​လည်း​ကောင်း ပေး​ပါ​မည်​ဟု ပင့်​ဖိတ်​သော​အ​ခါ၊ လေ​ဝိ​လူ​သည်​ဝင်၍၊ 11ထို​သူ​နှင့်​အ​တူ​နေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့် သား​ကဲ့​သို့​ဖြစ်​လေ၏။ 12မိ​က္ခာ​သည်​လည်း၊ ထို​လေ​ဝိ​လု​လင်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​သည်​အ​တိုင်း၊ လု​လင်​သည် ယဇ်​ပု​ရော​ဟိတ်​လုပ်၍ မိ​က္ခာ​အိမ်၌ နေ၏။ 13မိ​က္ခာ​က​လည်း၊ ယ​ခု​မှာ လေ​ဝိ​လူ​သည် ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​ကျေး​ဇူး​ပြု​တော်​မူ​မည်​ကို ငါ​သိ​သည်​ဟု ဆို၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in