YouVersion Logo
Search Icon

တရားသူကြီး 18

18
မိ​က္ခာ​နှ​င့်​ဒန်​အ​နွယ်​ဝင်​များ
1ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​စဉ်၊ ဒန်​အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​စ​ရာ​မြေ​ကို ရှာ​ကြ၏။ ထို​ကာ​လ​တိုင်​အောင် အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင်၊ အ​မွေ​ခံ​ထိုက်​သည်​အ​တိုင်း မ​ခံ​ရ​သေး။ 2သို့​ဖြစ်၍ ဒန်​အ​မျိုး​သား​တို့​သည် ပြည်​ကို ကြည့်​ရှု​စူး​စမ်း​စေ​ခြင်း​ငှာ မိ​မိ​တို့​အ​မျိုး​သား ခွန်​အား​ကြီး​သော သူ​ရဲ​ငါး​ယောက်​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ် ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ စေ​လွှတ်​လျက်၊ ပြည်​ကို​သွား၍ စူး​စမ်း​ကြ​လော့​ဟု မှာ​လိုက်​ကြ​သည်​အ​တိုင်း၊ သူ​တို့​သည် ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​ပြီး​လျှင် တည်း​ခို၍ နေ​ကြ၏။ 3မိ​က္ခာ​အိမ်၌ ရှိ​စဉ်​အ​ခါ၊ လေ​ဝိ​လု​လင်၏ စ​ကား​သံ​ကို​မှတ်​မိ၍၊ သူ့​နေ​ရာ​သို့​ဝင်​လျှင်၊ သင်​သည် ဤ​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ရောက်​သ​နည်း။ ဤ​သူ​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ဘယ်​သို့​လုပ်၍ နေ​သ​နည်း​ဟု​မေး​သော်၊ 4ထို​သူ​က၊ မိ​က္ခာ​သည် ဤ​မည်​သော​အ​မှု ဤ​မည်​သော​အ​ရာ​ကို ပေး၍ ငါ့​ကို​ငှား​သ​ဖြင့်၊ ငါ​သည် သူ၏​ယဇ်​ပု​ရော​ဟိတ် လုပ်​နေ​သည်​ဟု ပြန်​ပြော၏။ 5သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ယ​ခု​ခ​ရီး​သွား​ရာ​တွင် အ​ကြံ​မြောက်​မည် မ​မြောက်​မည်​ကို သိ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို မေး​မြန်း​ပါ​လော့​ဟု တောင်း​ပန်​သည်​အ​တိုင်း၊ 6ယဇ်​ပု​ရော​ဟိတ်​က ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ သင်​တို့​သွား​ရာ​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​တော်​မူ​သည်​ဟု ပြန်​ပြော၏။
7ထို​လူ​ငါး​ယောက်​တို့​သည် ထွက်​သွား၍ လဲ​ရှ​မြို့​သို့ ရောက်​သ​ဖြင့်၊ မြို့​သား​တို့​သည် ဇိ​ဒုန်​အ​မျိုး​သား​တို့ သ​တိ​မ​ရှိ​သ​ကဲ့​သို့ သ​တိ​မ​ရှိ၊ မ​စိုး​ရိမ်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ကြောင်း​ကို​လည်း​ကောင်း၊ ဆုံး​မ​ပိုင်​သော​မင်း​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဇိ​ဒုန်​အ​မျိုး​သား​တို့​နှင့်​ဝေး၍ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​ကြောင်း​ကို​လည်း​ကောင်း​ကြည့်​ရှု​ပြီး​မှ၊ 8အ​မျိုး​သား​ချင်း​ရှိ​ရာ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​သို့ ပြန်​လာ၍ အ​မျိုး​သား​ချင်း​တို့​က၊ သင်​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​မည်​နည်း​ဟု မေး​သော်၊ 9သူ​တို့​က၊ ထ၍ သွား​တိုက်​ကြ​ကုန်​အံ့၊ ထို​ပြည်​သည် ကောင်း​မွန်​သော ပြည်​ဖြစ်​သည်​ကို ငါ​တို့​မြင်​ပြီ။ ငြိမ်​ဝပ်​စွာ နေ​ကြ​သေး​သ​လော။ ထို​ပြည်​ကို သိမ်း​ယူ​ဝင်​စား​ခြင်း​ငှာ မ​ဖင့်​နွှဲ​ကြ​နှင့်။ 10သွား​လျှင် သ​တိ​မ​ရှိ​သော​လူ​မျိုး​နှင့် ကျယ်​ဝန်း​သော​ပြည်​ကို တွေ့​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။ ထို​ပြည်၌ မြေ​ကြီး​ဥ​စ္စာ စုံ​လင်​လျက်​ရှိ​သည်​ဟု ပြော​ဆို​ကြ၏။
11ထို​အ​ခါ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ ဒန်​အ​မျိုး​သား​လူ​ခြောက်​ရာ​တို့​သည် စစ်​တိုက်​လက်​နက်​ပါ​လျက် ချီ​သွား​ကြ၏။ 12သွား​ရာ​တွင်၊ ယု​ဒ​ခ​ရိုင် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှာ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​ကို ယ​နေ့​တိုင်​အောင် ဒန်​အ​မျိုး​တပ်​ဟူ၍ တွင်​သ​တည်း။ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့ နောက်​မှာ​ရှိ၏။ 13ထို​အ​ရပ်​မှ​သွား၍ ဧ​ဖ​ရိမ်​တောင်၌ မိ​က္ခာ​အိမ်​သို့ ရောက်​ကြ၏။ 14ထို​အ​ခါ လဲ​ရှ​မြို့​ကို စူး​စမ်း​ခြင်း​ငှာ​သွား​သော သူ​ငါး​ယောက်​တို့​က၊ ဤ​အိမ်​တို့၌ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​ရှိ​ကြောင်း​ကို သိ​သ​လော။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဆင်​ခြင်​ကြ​လော့​ဟု အ​မျိုး​သား​ချင်း​တို့​အား​ဆို​သော်၊ 15သူ​တို့​သည် ထို​အ​ရပ်​သို့ လှည့်​သွား​သ​ဖြင့်၊ လေ​ဝိ​လု​လင်​နေ​ရာ မိ​က္ခာ​အိမ်​သို့​ရောက်၍ သူ့​ကို​နှုတ်​ဆက်​ကြ၏။ 16စစ်​တိုက်​လက်​နက်​ပါ​သော ဒန်​အ​မျိုး​သား​ခြောက်​ရာ​တို့​သည် တံ​ခါး​ဝ၌ နေ​ကြ၏။ 17လဲ​ရှ​မြို့​ကို စူး​စမ်း​သော လူ​ငါး​ယောက်​တို့​သည် မိ​က္ခာ​အိမ်​သို့​ဝင်၍၊ 18ထု​သော​ရုပ်​တု၊ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​တို့​ကို ယဇ်​ပု​ရော​ဟိတ်​ရှေ့​မှာ ယူ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​က​လည်း၊ အ​ဘယ်​သို့​ပြု​ကြ​သ​နည်း​ဟု မေး​သော်၊ 19သူ​တို့​က တိတ်​ဆိတ်​စွာ​နေ​ပါ။ ကိုယ်​တော်​နှုတ်​ကို လက်​နှင့်​ပိတ်၍ အ​ကျွန်ုပ်​တို့​နှင့် ကြွ​ပါ။ အ​ကျွန်ုပ်​တို့​အ​ဘ လုပ်​ပါ။ ယဇ်​ပု​ရော​ဟိတ် လုပ်​ပါ။ တစ်​အိမ်​ထောင်၌​သာ ယဇ်​ပု​ရော​ဟိတ် လုပ်​ကောင်း​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် တစ်​မျိုး​တစ်​နွယ်​လုံး၌ ယဇ်​ပု​ရော​ဟိတ် မ​လုပ်​ကောင်း​သ​လော​ဟု ဆို​ကြ​သော်၊ 20ယဇ်​ပု​ရော​ဟိတ်​သည် ဝမ်း​မြောက်၍ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ ထု​သော​ရုပ်​တု​ကို ယူ​လျက်၊ ထို​လူ​စု​ထဲ​သို့ ဝင်​သွား​လေ၏။ 21ထို​သူ​တို့​သည် သူ​ငယ်​များ၊ တိ​ရ​စ္ဆာန်​များ၊ ဝန်​စ​လယ်​များ​ကို အ​ဦး​သွား​စေ​သ​ဖြင့် ကိုယ်​တိုင်​လိုက်​လျက် လှည့်​သွား​ကြ၏။ 22မိ​က္ခာ​အိမ်​နှင့် ဝေး​သော​အ​ခါ၊ မိ​က္ခာ၏ အိမ်​နီး​ချင်း​တို့​သည် စည်း​ဝေး၍၊ ဒန်​အ​မျိုး​သား​တို့​ကို မီ​အောင်​လိုက်​ကြ၏။ 23ကြွေး​ကြော်​သော​အ​ခါ၊ ဒန်​အ​မျိုး​သား​တို့​သည် လှည့်​ကြည့်​လျက် သင်​သည် အ​ဘယ်​အ​ခင်း​ရှိ၍ လူ​အ​ပေါင်း​တို့​နှင့် လိုက်​လာ​သ​နည်း​ဟု မိ​က္ခာ​အား​မေး​သော်၊ 24မိ​က္ခာ​က၊ သင်​တို့​သည် ငါ​လုပ်​သော​ဘု​ရား​တို့​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို ယူ​သွား​ကြ​သည်​တ​ကား။ ထို​အ​ရာ​မှ​တစ်​ပါး ငါ၌ အ​ဘယ်​အ​ရာ​ရှိ​သ​နည်း။ သို့​သော်​လည်း သင်​တို့​က၊ အ​ဘယ်​အ​ခင်း​ရှိ​သ​နည်း​ဟု ငါ့​ကို​မေး​ကြ​သည်​တ​ကား​ဟု ဆို​လေ​သော်၊ 25ဒန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​တွင် သင့်​စ​ကား​ကို မ​ကြား​ပါ​စေ​နှင့်။ သို့​မ​ဟုတ် စိတ်​ဆိုး​သော​သူ​တို့​သည် သင့်​ကို​တိုက်၍ သင့်​အ​သက်​နှင့် သင့်​အိမ်​သား​တို့​အ​သက် ဆုံး​ကောင်း​ဆုံး​လိမ့်​မည်​ဟု ဆို​လျက် ခ​ရီး​သွား​ကြ၏။ 26မိ​က္ခာ​သည် သူ​တို့​ကို မိ​မိ​မ​နိုင်​သည်​ကို​သိ၍ မိ​မိ​အိမ်​သို့ ပြန်​သွား​လေ၏။
27ဒန်​အ​မျိုး​သား​တို့​သည်၊ မိ​က္ခာ​လုပ်​သော​အ​ရာ​တို့​နှင့် သူ၌​နေ​သော ယဇ်​ပု​ရော​ဟိတ်​ကို ယူ​သွား၍၊ သ​တိ​မ​ရှိ ငြိမ်​ဝပ်​စွာ​နေ​သော လဲ​ရှ​မြို့​သား​တို့​ဆီ​သို့​ရောက်​သ​ဖြင့် ဓား​နှင့်​လုပ်​ကြံ၍ မြို့​ကို​မီး​ရှို့​ကြ၏။ 28ဇိ​ဒုန်​မြို့​နှင့်​ဝေး​သော​ကြောင့်​လည်း​ကောင်း၊ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​သော​ကြောင့်​လည်း​ကောင်း၊ ကယ်​နုတ်​သော​သူ မ​ရှိ။ ထို​မြို့​သည် ဗက်​ရ​ဟော​ဘ​မြို့​အ​နား​မှာ​ရှိ​သော ချိုင့်၌​တည်၏။ ထို​အ​ရပ်၌ မြို့​သစ်​ကို​တည်၍ နေ​ကြ၏။ 29ထို​မြို့​ကို သူ​တို့​အ​မျိုး၏​အ​ဘ ဣ​သ​ရေ​လ၏​သား ဒန်​အ​မည်​ကို​မှီ​သ​ဖြင့် ဒန်​မြို့​ဟူ၍ တွင်​ကြ၏။ ထို​မြို့​အ​မည်​ဟောင်း​ကား လဲ​ရှ​တည်း။ 30ဒန်​အ​မျိုး​သား​တို့​သည် မိ​က္ခာ​ထု​သော​ရုပ်​တု​ကို တည်​ထောင်၍ မ​နာ​ရှေ​သား ဂေ​ရ​ရှုံ၏​သား​ယော​န​သန်​နှင့် သူ၏​သား​တို့​သည် သေ​တ္တာ​တော်​ကို သိမ်း​သွား​သည်​နေ့​တိုင်​အောင် ဒန်​အ​မျိုး၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​ကြ၏။ 31ဘု​ရား​သ​ခင်၏​အိမ်​တော်​သည် ရှိ​လော​မြို့၌ ရှိ​သည်​ကာ​လ​ပတ်​လုံး၊ မိ​က္ခာ​သွန်း​သော​ရုပ်​တု​ကို​လည်း တည်​ထောင်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in