YouVersion Logo
Search Icon

ဟေရှာယ 43

43
လူ​မျိုး​တော်​ကို​ကယ်​တင်​ခြင်း
1အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်၊ သင့်​ကို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မ​စိုး​ရိမ်​နှင့်။ သင့်​ကို ငါ​ရွေး​နုတ်​ပြီ။ ငါ့​နာ​မ​ဖြင့် မှည့်​ပြီ။ သင့်​ကို ငါ​ဆိုင်၏။ 2သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။ 3အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင့်​ကို ရွေး​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သင့်​ကို​ရွေး​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း၊ သင့်​အ​တွက် ကု​ရှ​ပြည်​နှင့် သေ​ဘ​ပြည်​ကို​လည်း​ကောင်း ငါ​ပေး၏။ 4သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ 5မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်​နှင့်​အ​တူ ရှိ၏။ အ​ရှေ့​မျက်​နှာ​မှ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဆောင်​ခဲ့​မည်။ အ​နောက်​မျက်​နှာ​မှ သင့်​ကို စု​သိမ်း​မည်။ 6အပ်​လော့​ဟု မြောက်​မျက်​နှာ​ကို​လည်း​ကောင်း၊ မ​ထိမ်​နှင့်​ဟု တောင်​မျက်​နှာ​ကို​လည်း​ကောင်း ငါ​ပြော​မည်။ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ငါ့​သား​သ​မီး​တည်း​ဟူ​သော၊ 7ငါ့​နာ​မ​ဖြင့် သ​မုတ်​သော​သူ၊ ငါ၏​ဘုန်း​အ​သ​ရေ​ဖို့ ငါ​ဖန်​ဆင်း​ပြု​ပြင်၍၊ ဧ​ကန်​စင်​စစ် လုပ်​ပြီး​သော သူ​အ​ပေါင်း​တို့​ကို ဆောင်​ခဲ့​လော့​ဟု ငါ​ပြော​မည်။
8မျက်​စိ​ရှိ​လျက်​ပင် မျက်​စိ​ကန်း​သော​သူ​နှင့်၊ နား​ရှိ​လျက်​ပင် နား​ပင်း​သော​သူ​တို့​ကို ဆောင်​ခဲ့​လော့။ 9လူ​အ​မျိုး​မျိုး အ​စု​စု​တို့​သည် စု​ရုံး​စည်း​ဝေး​ကြ​စေ။ သူ​တို့​တွင် အ​ဘယ်​သူ​သည် ဤ​အ​မှု​ကို ဖော်​ပြ​မည်​နည်း။ အ​ရင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​ကို အ​ဘယ်​သူ ဟော​ပြော​မည်​နည်း။ သူ​တို့​သည် အ​ပြစ်​တင်​ခွင့်​နှင့် လွတ်​မည်​အ​ကြောင်း၊ သက်​သေ​တို့​ကို ပြ​ကြ​စေ။ သို့​မ​ဟုတ် နား​ထောင်၍၊ ဤ​သို့​မှန်​သည်​ဟု ဝန်​ခံ​ကြ​စေ။
10ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည်၊ ငါ့​ကို​သိ​မှတ်​ယုံ​ကြည်၍၊ ငါ​သည် မှန်​ပြီ​ဟု နား​လည်​မည်​အ​ကြောင်း၊ ငါ၏​သက်​သေ၊ ငါ​ရွေး​ကောက်​သော​ကျွန် ဖြစ်​ကြ၏။ ငါ့​ရှေ့​မှာ ဖန်​ဆင်း​ရာ​ထဲ​က အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ဖြစ်၊ ငါ့​နောက်​မှာ​လည်း၊ အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​ရာ။ 11ငါ​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍၊ ငါ​မှ​တစ်​ပါး ကယ်​တင်​သော​သ​ခင်​မ​ရှိ။ 12ငါ​သည် ဗျာ​ဒိတ်​ထား​နှင့်​သည်​အ​တိုင်း ကယ်​တင်​ပြီ။ ငါ​ဖော်​ပြ​နှင့်​ပြီ။ သင်​တို့​တွင် အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည် ဖော်​ပြ​နှင့်​သည် မ​ဟုတ်။ ငါ​သည် ဘု​ရား​သ​ခင်​မှန်​ပြီ​ဟု သင်​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။ 13နေ့​ရက်​ကာ​လ​မ​ဖြစ်​မီ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။ ငါ​ပြု​သော​အ​မှု​ကို အ​ဘယ်​သူ ဆီး​တား​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
ဗာ​ဗု​လုန်​မှ​လွတ်​မြောက်​ခြင်း
14သင်​တို့​ကို ရွေး​နုတ်​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​တွက်၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်၍၊ ပြေး​သော မြို့​သား​တို့​နှင့် ခါ​လ​ဒဲ​လူ​များ​ကို သူ​တို့​ပျော်​မွေ့​ရာ သင်္ဘော​သို့ ဆင်း​စေ​မည်။ 15ငါ​သည် သင်​တို့၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဖန်​ဆင်း​သော​ဘု​ရား၊ သင်​တို့၏​ရှင်​ဘု​ရင်​ဖြစ်၏။
16ပြင်း​ထန်​သော ပင်​လယ်​ရေ၌ လမ်း​ခ​ရီး​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊ 17ရ​ထား​များ၊ မြင်း​များ​နှင့်​တ​ကွ၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​တို့​ကို ဆောင်​ခဲ့​တော်​မူ​ထ​သော၊ သူ​တို့​ကို မ​ထ​နိုင်​အောင် တစ်​ပြိုင်​နက်​တည်း အိပ်​စေ၍၊ မီး​စာ​သေ​သ​ကဲ့​သို့၊ ငြိမ်း​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ 18ဖြစ်​ဖူး​သော​အ​မှု​တို့​ကို မ​အောက်​မေ့​ကြ​နှင့်။ ရှေး​ကာ​လ၏​အ​ရာ​တို့​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။ 19ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။ 20မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ 21ကိုယ်​အ​ဖို့ ငါ​ဖန်​ဆင်း​သော ထို​လူ​မျိုး​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ပြ​ရ​လိမ့်​မည်။
ဣ​သ​ရေ​လ​၏​ဒု​စ​ရိုက်​အ​ပြစ်
22သို့​သော်​လည်း၊ အို ယာ​ကုပ်​အ​မျိုး၊ သင်​သည် ငါ့​ကို​ပ​တ္ထ​နာ​မ​ပြု။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​ကို ငြီး​ငွေ့​သည်​တ​ကား။ 23မီး​ရှို့​ရာ သိုး​သ​ငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ့​ကို မ​ချီး​မြှောက်။ ငါ​သည် သင့်​ကို အ​လှူ​ဒါ​န​နှင့် အ​မှု​မ​ထမ်း​စေ။ လော​ဗန်​ကို တောင်း၍ သင့်​ကို မ​ပင်​ပန်း​စေ။ 24သင်​သည် မွှေး​သော​ကြံ​ကို ငါ့​ဖို့ ငွေ​နှင့်​မ​ဝယ်။ ပူ​ဇော်​သော​ယဇ်​ကောင်​ဆီ​ဥ​နှင့် ငါ့​ကို ဝ​စွာ​မ​ကျွေး။ သင်​သည် ဒု​စ​ရိုက်​အ​ပြစ်​နှင့် ငါ့​ကို အ​မှု​ထမ်း​စေ​ပြီ​တ​ကား။ အ​ဓ​မ္မ​အ​မှု​ကို​ပြု၍ ငါ့​ကို​ပင်​ပန်း​စေ​ပြီ​တ​ကား။ 25ငါ​တစ်​ပါး​တည်း​သာ​လျှင် ကိုယ်​အ​တွက်​ကြောင့်၊ သင်၏​အ​ပြစ်​တို့​ကို ဖြေ​မည်။ သင်၏​ဒု​စ​ရိုက်​အ​မှု​တို့​ကို မ​အောက်​မေ့။ 26ငါ့​ကို သ​တိ​ပေး​လော့၊ တ​ရား​တွေ့​ကြ​ကုန်​အံ့။ သင်​သည် အ​ပြစ်​လွတ်​မည်​အ​ကြောင်း ပြော​လော့။ 27သင်၏ ပ​ထ​မ​အ​ဘ​သည် ဒု​စ​ရိုက်​ကို​ပြု​ပြီ။ သင်၏​ဆ​ရာ​တို့​သည် ငါ့​ကို ပြစ်​မှား​ကြ​ပြီ။ 28ထို​ကြောင့်၊ သန့်​ရှင်း​ရာ​ဌာ​န၏​မင်း​တို့​ကို ငါ​ရှုတ်​ချ​ပြီ။ ယာ​ကုပ်​အ​မျိုး​သည် ကျိန်​ဆဲ​ခြင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​စေ​ခြင်း​ငှာ​ငါ​စွန့်​ပြီ။

Currently Selected:

ဟေရှာယ 43: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in