YouVersion Logo
Search Icon

ယေဇကျေလ 24

24
အိုး​ကင်း
1သ​က္က​ရာဇ်​ကိုး​ခု၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ ဤ​မည်​သော​နေ့၊ ယ​ခု​နေ့​ရက်​ကို​မှတ်​လော့။ ယ​ခု​နေ့၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​စ​ပြု၏။#၄ ရာ၊ ၂၅:၁။ ယေ၊ ၅၂:၄။ 3ပုန်​ကန်​တတ်​သော အ​မျိုး​အား​လည်း ပုံ​စ​ကား​တည်း​ဟူ​သော၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အိုး​ကင်း​ကို မီး​ဖို၌​တင်​ထား၍ ရေ​ကို​လောင်း​လော့။ 4အ​မဲ​သား​တစ်​များ၊ ကောင်း​သော​အ​တစ်​တို့​ကို စု​ထား၍၊ ပေါင်၊ ပ​ခုံး၊ အ​စ​ရှိ​သော အ​ကောင်း​ဆုံး​သော​အ​ရိုး​တို့​ကို အိုး​ကင်း၌ အ​ပြည့်​ထည့်​လော့။ 5သိုး​အ​ကောင်း​ဆုံး​တို့​ကို ယူ​ပြီး​လျှင်၊ အ​ရိုး​အ​ချို့​တို့​ကို အိုး​ကင်း​အောက်​မှာ​ပုံ၍၊ အိုး​ကင်း​ထဲ​မှာ အ​ရိုး​တို့​ကို ကျက်​စေ​ခြင်း​ငှာ၊ ကျပ်​ကျပ်​ဆူ​စေ​လော့။ 6ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့၊ သံ​ချေး​တက်၍ ရှိ​သေး​သော အိုး​ကင်း​သည် အ​မင်္ဂ​လာ​ရှိ၏။ သား​တစ်​တို့​ကို တစ်​ခု​နောက်​တစ်​ခု ထုတ်​လော့။ စာ​ရေး​တံ​မ​ပြု​နှင့်။ 7အ​ကြောင်း​မူ​ကား၊ ထို​မြို့​သတ်​သော​သူ၏ အ​သွေး​သည် မြို့​အ​လယ်၌​ရှိ၏။ ထို​အ​သွေး​ကို မြေ​မှုန့်​နှင့်​ဖုံး​ခြင်း​ငှာ မြေ​ပေါ်​မှာ သွန်း​သည်​မ​ဟုတ်၊ ရှင်း​လင်း​သော ကျောက်​ပေါ်​မှာ တင်​ထား​ပြီ။ 8ငါ​သည်​လည်း အ​ပြစ်​ဒဏ်​ပေး​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ထွက်​စေ​ခြင်း​ငှာ၊ ထို​အ​သွေး​ကို​မ​ဖုံး​ဘဲ ရှင်း​လင်း​သော​ကျောက်​ပေါ်​မှာ တင်​ထား​ပြီ။
9ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ ကြီး​စွာ​သော​မီး​ပုံ​ကို ငါ​စီ​ရင်​မည်။ 10ထင်း​များ​ကို​ပုံ​ထား၍ မီး​ရှို့​လော့။ အ​မဲ​သား​လျော့​၍ မြိန်​စွာ​သော စား​ဖွယ်​ဖြစ်​စေ​လော့။ အ​ရိုး​တို့​ကို​လည်း​ကျွမ်း​စေ။ 11ထို​နောက်၊ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ မီး​ခဲ​ပေါ်​မှာ တင်​ထား​လော့။ ကြေး​နီ​ပူ၍ မီး​တောက်​စေ။ အိုး​ကင်း၌​ပါ​သော​အ​ညစ်​အ​ကြေး​ကို အ​ရည်​ကျို၍ သံ​ချေး​ကုန်​စေ။ 12ကြိုး​စား၍​ပင်​ပန်း​သော်​လည်း၊ များ​စွာ​သော သံ​ချေး​မ​ထွက်​တတ်။ မီး​အား​ဖြင့် မ​ကုန်​တတ်။ 13သင်၏​အ​ညစ်​အ​ကြေး၌ အ​ဓ​မ္မ​အ​မှု​ပါ၏။ ငါ​ဆေး​ကြော၍ သင်​သည် ဆေး​ကြော​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​သည် သင့်​အ​ပေါ်​သို့​မ​ရောက်​မ​ချင်း​တိုင်​အောင်၊ သင်၏​အ​ညစ်​အ​ကြေး​ကို မ​ဆေး​ကြော​ရ။ 14ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ။ ပြော​သည်​အ​တိုင်း ငါ​ပြု၍​ပြည့်​စုံ​စေ​မည်။ နောက်​သို့​မ​ဆုတ်၊ မ​နှ​မြော၊ နောင်​တ​မ​ရ၊ သင်​ကျင့်​ကြံ​ပြု​မူ​သ​မျှ အ​တိုင်း၊ ငါ​စီ​ရင်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
ယေ​ဇ​ကျေ​လ​ခင်​ပွန်း​သေ​ဆုံး​ခြင်း
15တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 16အ​ချင်း​လူ​သား၊ သင်​ကြည့်​ရှု​လို​ဖွယ်​သော​သူ​ကို ငါ​သည် ဒဏ်​ခတ်၍ ပယ်​ရှား​မည်။ သို့​ရာ​တွင်၊ သင်​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။ မျက်​ရည်​မ​ကျ​ရ။ 17တိုး​တိုး​ညည်း​တွား​လော့။ သေ​သော​သူ​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​နှင့်။ ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို​စီး​လော့။ နှုတ်​ကို​မ​ဖုံး​နှင့်။ ဆင်း​ရဲ​သော​သူ၏ အ​စာ​ကို​မ​စား​နှင့်​ဟု မိန့်​တော်​မူ၏။ 18ထို​သို့​ငါ​သည် နံ​နက်​အ​ချိန်၌ လူ​များ​တို့​အား​ကြား​ပြော၏။ ညဉ့်​ဦး​အ​ချိန်၌ ငါ့​ခင်​ပွန်း​သည်​သေ၏။ မှာ​ထား​တော်​မူ​သည်​အ​တိုင်း နက်​ဖြန်​နံ​နက်​မှ​ငါ​ပြု၏။ 19လူ​များ​တို့​က​လည်း ဤ​သို့​သင်​ပြု​သော​အ​မှု​သည် ငါ​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ​တို့​အား​မ​ပြော​သ​လော​ဟု ငါ့​အား​မေး​ကြ​သော်၊ 20ငါ​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 21အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၊ သင်​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်၊ သင်​တို့​ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ အ​လွန်​နှ​မြော​သော​အ​ရာ​ကို ငါ​ရှုတ်​ချ​မည်။ သင်​တို့​ဖွား​မြင်​သော သား​သ​မီး​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။ 22ထို​အ​ခါ သင်​တို့​သည် ငါ​ပြု​သ​ကဲ့​သို့ ပြု​ရ​ကြ​လိမ့်​မည်။ နှုတ်​ကို​မ​ဖုံး၊ ဆင်း​ရဲ​သော​သူ​တို့၏ အ​စာ​ကို မ​စား​ရ​ကြ။ 23ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို စီး​ရ​ကြ​လိမ့်​မည်။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ​ကြ။ ကိုယ်​အ​ပြစ်​ကြောင့် ပိန်​ကြုံ၍ တစ်​ယောက်​ကို​တစ်​ယောက် ညည်း​တွား​ရ​ကြ​လိမ့်​မည်။ 24ထို​သို့ ယေ​ဇ​ကျေ​လ​သည် သင်​တို့​အား​ပု​ပ္ပ​နိ​မိတ်​ဖြစ်​ရ၏။ သူ​ပြု​သ​မျှ​အ​တိုင်း သင်​တို့​သည်၊ အ​မှု​ရောက်​သော​အ​ခါ​ပြု၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း သိ​ရ​ကြ​လိမ့်​မည်။
25အ​ချင်း​လူ​သား၊ သင်၏​အ​မှု​မူ​ကား၊ သူ​တို့​အ​စွမ်း​သ​တ္တိ၊ ဝါ​ကြွား​စ​ရာ​ဘုန်း၊ ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ စိတ်​စွဲ​လမ်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှား​သော​အ​ခါ၊ 26လွတ်​သော​သူ တစ်​စုံ​တစ်​ယောက်​သည် သင်​ရှိ​ရာ​သို့​ရောက်​လာ၍ ကြား​ပြော​လိမ့်​မည်။ 27ထို​အ​ခါ လွတ်​လပ်​သော​သူ​နှင့်​တွေ့​သ​ဖြင့် သင်၏​နှုတ်​ပွင့်​လိမ့်​မည်။ စ​ကား​မ​ပြော​ဘဲ​နေ​ချိန်​လွန်၍ ဟော​ပြော​ရ​လိမ့်​မည်။ ထို​သို့​သင်​သည် သူ​တို့​အား​ပု​ပ္ပ​နိ​မိတ်​ဖြစ်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in