YouVersion Logo
Search Icon

ယေဇကျေလ 23

23
ညီ​အစ်​မ​နှစ်​ယောက်
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ အ​မိ​မ​ကွဲ​ပြား​သော ညီ​အစ်​မ​နှစ်​ယောက် ရှိ၏။ 3သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။ 4အစ်​မ​ကား၊ အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ အ​မည်​ရှိ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ငါ၏​ခင်​ပွန်း​ဖြစ်၍ သား​သ​မီး​တို့​ကို ဖွား​မြင်​ကြ၏။ အ​ဟော​လ​အ​မည်​သည် ရှ​မာ​ရိ​ဟူ၍​လည်း​ကောင်း၊ အ​ဟော​လိ​ဗ​အ​မည်​သည် ယေ​ရု​ရှ​လင်​ဟူ၍​လည်း​ကောင်း ဆို​လို​သ​တည်း။
5အ​ဟော​လ​သည် ငါ၏​ခင်​ပွန်း​ဖြစ်​စဉ်​အ​ခါ၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၏။ 6မိ​မိ​ရည်း​စား​တည်း​ဟူ​သော၊ ပြာ​သော​အ​ဝတ်​ကို ဝတ်​သော မိ​မိ​အိမ်​နီး​ချင်း အာ​ရှု​ရိ​အ​မျိုး​သား ဗိုလ်​မင်း၊ ဝန်​မင်း၊ ချစ်​ဖွယ်​သော​လူ​ပျို၊ မြင်း​စီး​သူ​ရဲ​တို့​ကို တပ်​မက်၏။ 7ထို​အာ​ရှု​ရိ လူ​ကောင်း​လူ​မြတ်​အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု၏။ တပ်​မက်​သော​သူ​အ​ပေါင်း​တို့၏ ရုပ်​တု​များ​နှင့် ကိုယ်​ကို ညစ်​ညူး​စေ၏။ 8အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။ 9ထို​ကြောင့်၊ သူ​တပ်​မက်​သော ရည်း​စား၊ အာ​ရှု​ရိ​လူ​တို့၌ သူ့​ကို​ငါ​အပ်၍၊ 10သူ​တို့​သည် အ​ဝတ်​ကို ချွတ်​ကြ၏။ သူ၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ သူ့​ကို ဓား​နှင့် ကွပ်​မျက်​ကြ၏။ ထို​သို့ အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ မိန်း​မ​တ​ကာ​တို့​တွင် ကျော်​စော​သော​မိန်း​မ​ဖြစ်​လေ၏။
11ထို​အ​မှု​ကို ညီ​မ​အ​ဟော​လိ​ဗ​သည် မြင်​သော​အ​ခါ၊ အစ်​မ​ထက်​သာ၍ တပ်​မက်​သော​စိတ်​ရှိ​သည်​နှင့်၊ အစ်​မ​ထက်​သာ၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု၏။ 12တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​သော မိ​မိ​အိမ်​နီး​ချင်း အာ​ရှု​ရိ​အ​မျိုး​သား​ဗိုလ်​မင်း၊ ဝန်​မင်း၊ ချစ်​ဖွယ်​သော​လူ​ပျို၊ မြင်း​စီး​သူ​ရဲ​တို့​ကို တပ်​မက်၏။ 13ထို​အ​ခါ သူ​သည် ညစ်​ညူး​ကြောင်း​နှင့်၊ အစ်​မ​လိုက်​သော​လမ်း​သို့ လိုက်​ကြောင်း​ကို ငါ​သိ​မြင်၏။ 14အ​ထူး​သ​ဖြင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​အ​ကြောင်း​အ​ရာ ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ထူး​ဆန်း​သော​ပန်း​ဆိုး​ခေါင်း​ပေါင်း​ကို ပေါင်း​လျက်၊ မွေး​ဖွား​ရာ​ဌာ​န ခါ​လ​ဒဲ​ပြည် ဗာ​ဗု​လုန်​မြို့​သား​ကဲ့​သို့၊ မင်း၏​အ​သွင်​ကို ဆောင်​လျက်၊ 15အုတ်​ထ​ရံ၌ ဟ​င်္သာ​ပ​ဒါး​နှင့်​ရေး​သော ခါ​လ​ဒဲ​လူ၏​ရုပ်​ပုံ​တို့​ကို မြင်​သော​အ​ခါ၊ 16တပ်​မက်​သော​စိတ်​ရှိ၍၊ ခါ​လ​ဒဲ​ပြည်​သို့ တ​မန်​ကို​စေ​လွှတ်​လေ၏။ 17ဗာ​ဗု​လုန်​မြို့​သား​တို့​သည် သူ​နှင့် သံ​ဝါ​သ​ပြု​ရာ​ခု​တင်​သို့ လာ၍၊ မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​သော​အား​ဖြင့် ညစ်​ညူး​စေ​ကြ၏။ သူ​သည်​လည်း ထို​သူ​တို့​ကို ရွံ​ရှာ​သည်​တိုင်​အောင် ညစ်​ညူး​ခြင်း​ကို ခံ​လေ၏။ 18ထို​သို့ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​ဖော်​ပြ​သော​ကြောင့်၊ ငါ​သည် သူ​အစ်​မ​ကို ရွံ​ရှာ​သ​ကဲ့​သို့၊ သူ့​ကို​လည်း​ရွံ​ရှာ၏။ 19အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ မှား​ယွင်း​သော​ကာ​လ​ကို အောက်​မေ့​သ​ဖြင့်၊ မှား​ယွင်း​ခြင်း​ကို အ​ထပ်​ထပ်​ပြု၏။ 20မြည်း​အင်္ဂါ​နှင့်​တူ​သော​အင်္ဂါ၊ မြင်း​သုက်​ရည်​နှင့်​တူ​သော သုက်​ရည်​ရှိ​သော ထို​ရည်း​စား​တို့​ကို​ပင် တပ်​မက်​လေ​သည်​တ​ကား။
ညီ​မ​အ​ပေါ်​စီ​ရင်​ချက်
21သို့​ဖြစ်၍၊ အို အ​ဟော​လိ​ဗ၊ အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​အ​သ​ရေ​ကို​ရှုတ်​ချ၍၊ အ​ပျို​မ​သား​မြတ်​တို့​ကို ပွတ်​နယ်​ကြ​သ​ဖြင့်၊ သင်​အ​သက်​ငယ်​စဉ်​အ​ခါ သင်​ပြု​သော​အ​ဓ​မ္မ​အ​မှု​ကို အ​ထပ်​ထပ်​ပြု​သော​ကြောင့်၊ 22အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​ရွံ​ရှာ​သော​ရည်း​စား​တို့​ကို ငါ​ထ​စေ​ပြီး​လျှင်၊ အ​ရပ်​ရပ်​တို့​က​လာ၍ တိုက်​စေ​မည်။ 23အာ​ရှု​ရိ​လူ​များ​နှင့်​တ​ကွ အ​ကြီး​အ​ကဲ၊ သူ​ဌေး​သူ​ကြွယ်၊ ထင်​ရှား​သော​သူ​ဖြစ်​သော ဗာ​ဗု​လုန်​လူ၊ ခါ​လ​ဒဲ​လူ​များ​တည်း​ဟူ​သော၊ ချစ်​ဖွယ်​သော လူ​ပျို၊ ဗိုလ်​မင်း၊ ဝန်​မင်း။ မှူး​ကြီး​မတ်​ကြီး၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​သည်၊ 24စစ်​တိုက်​လက်​နက်​နှင့် လှည်း​ရ​ထား​ပါ​လျက်၊ လူ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ လာ၍ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို သင့်​ပတ်​လည်၌ ခင်း​ကျင်း​ကြ​လိမ့်​မည်။ တ​ရား​စီ​ရင်​သော​အ​ခွင့်​ကို သူ​တို့၌​ငါ​အပ်​ပေး၍၊ သူ​တို့​သည် မိ​မိ​ထုံး​စံ​အ​တိုင်း စီ​ရင်​ကြ​လိမ့်​မည်။ 25သူ​တို့​သည် သင့်​ကို မ​ယုံ​မည်​အ​ကြောင်း၊ ငါ​ပြု၍ သင့်​ကို ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​လိမ့်​မည်။ သင့်​နှာ​ခေါင်း၊ နား​ရွက်​တို့​ကို​ဖြတ်၍ အ​ကျန်​အ​ကြွင်း​ကို ဓား​နှင့် စဉ်း​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ ကျန်​ကြွင်း​သော သူ​တို့​ကို မီး​ရှို့​ကြ​လိမ့်​မည်။ 26သင့်​အ​ဝတ်​ကို​လည်း ချွတ်၍၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ 27ထို​သို့​သင်​သည် နောက်​တစ်​ဖန် မျှော်​မ​ကြည့်၊ အဲ​ဂု​တ္တု​ပြည်​ကို မ​အောက်​မေ့​စေ​ခြင်း​ငှာ၊ သင်​ပြု​သောအ​ဓ​မ္မအမှုနှင့် အဲ​ဂု​တ္တု​ပြည်​မှပါသောအ​ဓမ္မမေ​ထုန်​ကို​ငါ​ငြိမ်း​စေ​မည်။
28တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​မုန်း​သော​သူ၊ သင်​ရွံ​ရှာ​သော သူ​တို့​လက်​သို့ သင့်​ကို​ငါ​အပ်​သ​ဖြင့်၊ 29သူ​တို့​သည် မုန်း​သည်​အ​တိုင်း​ပြု​လျက်၊ သင်​ကြိုး​စား၍ ဆည်း​ပူး​သ​မျှ​သော ဥ​စ္စာ​တို့​ကို​သိမ်း​ယူ၍၊ သင့်​ကိုယ်၌ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း ရှိ​ရစ်​စေ​ကြ​လိမ့်​မည်။ သင်​မှား​ယွင်း၍ အ​ချည်း​စည်း​ရှိ​ခြင်း၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်​သို့ လိုက်​ခြင်း​အ​ရာ​သည် ထင်​ရှား​ရ​လိမ့်​မည်။ 30သင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မှား​ယွင်း၍၊ သူ​တို့​ရုပ်​တု​များ​နှင့် ညစ်​ညူး​သော​ကြောင့်၊ ထို​သို့ ငါ​စီ​ရင်​မည်။ 31သင်​သည် အစ်​မ​လိုက်​သော​လမ်း​ကို လိုက်​သော​ကြောင့်၊ သူ​သောက်​သော​ခွက်​ကို သင့်​လက်၌ ငါ​ထား​မည်။ 32အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အစ်​မ​သောက်​သော​ခွက်၊ ကျယ်၍​ဇောက်​နက်​သော​ခွက်​ကို သင်​သောက်​ရ​မည်။ ထို​ခွက်၌ များ​စွာ​ဝင်​သည်​ဖြစ်၍၊ သင်​သည် ကဲ့​ရဲ့​ခြင်း​နှင့် ပျက်​ချော်​ခြင်း​ကို ခံ​ရ​မည်။ 33သင့်​အစ်​မ​ရှ​မာ​ရိ သောက်​သော​ခွက်၊ မှိုင်​တွေ​စေ​သော​ခွက်​ကို သောက်၍၊ ယစ်​မူး​ခြင်း၊ ညှိုး​ငယ်​ခြင်း​နှင့် ဝ​ရ​လိမ့်​မည်။ 34ထို​ခွက်​ကို သောက်၍​စုတ်​ပြီး​မှ ခွက်​ခြမ်း​ကို ကိုက်​ခဲ၍၊ ကိုယ်​သား​မြတ်​တို့​ကို ဆွဲ​ဖြတ်​ရ​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 35သို့​ဖြစ်၍၊ သင်​သည် ငါ့​ကို​မေ့​လျော့၍၊ သင့်​ကျော​နောက်​သို့ ငါ့​ကို​ပစ်​လိုက်​သော​ကြောင့်၊ သင်​သည် အ​ဓ​မ္မ​အ​မှု​နှင့် မ​တ​ရား​သော မေ​ထုန်​အ​မှု၏​အ​ပြစ်​ကို​ခံ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ညီ​အစ်​မ​နှစ်​ယောက်​အ​ပေါ်​စီ​ရင်​ချက်
36တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့် အ​ဟော​လိ​ဗ​တို့​ကို စစ်​ကြော​လော့။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ဖော်​ပြ​ရ​မည်။ 37အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မျောက်​မ​ထား​ကြ​ပြီ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​ရှိ​ကြ၏။ ရုပ်​တု​တို့​နှင့်​ပင် မျောက်​မ​ထား​ကြ​ပြီ။ ငါ့​အ​ဖို့ ဖွား​မြင်​သော​သား​တို့​ကို​ပင် ရုပ်​တု​စား​စ​ရာ​ဖို့ မီး​ဖြင့်​ပူ​ဇော်​ကြ​ပြီ။ 38ထို​မှ​တစ်​ပါး၊ ငါ၌​ပြု​သော​အ​မှု​ဟူ​မူ​ကား၊ ထို​နေ့​ချင်း​တွင် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ၍၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ​ပြီ။ 39ကိုယ်​သား​သ​မီး​တို့​ကို ရုပ်​တု​ရှေ့​တွင်​သတ်​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ခြင်း​ငှာ လာ​ကြ၏။ ထို​သို့ ငါ့​အိမ်​တော်​အ​လယ်၌ ပြု​ကြ​ပြီ​တ​ကား။ 40ထို​မှ​တစ်​ပါး၊ သင်​သည် တ​မန်​တို့​ကို စေ​လွှတ်၍၊ ဝေး​သော​အ​ရပ်​မှ ယောက်ျား​တို့​ကို​ခေါ်၍ သူ​တို့​သည် လာ​ကြ၏။ သူ​တို့​အ​ဖို့ သင်​သည် ရေ​ချိုး​ခြင်း၊ မျက်​စိ၌ ဆေး​ထိုး​ခြင်း၊ တန်​ဆာ​ဆင်​ခြင်း​ကို​ပြု​ပြီး​လျှင်၊ 41အ​သ​ရေ​ရှိ​သော ခု​တင်​ပေါ်၌​ထိုင်၍၊ ငါ့​နံ့​သာ​ပေါင်း​နှင့် ငါ့​ဆီ​ကို တင်​သော​စား​ပွဲ​ကို ခု​တင်​ရှေ့​မှာ ခင်း​လေ၏။ 42ပျော်​မွေ့​လျက်​နေ​သော လူ​အ​လုံး​အ​ရင်း မြည်​သံ​ကို​လည်း ကြား​ရ၏။ အ​ခြား​သော​သူ​အ​များ​တို့​နှင့်​အ​တူ တော​က​လာ၍၊ လက်၌ လက်​ကောက်၊ ခေါင်း၌ တင့်​တယ်​သော​သ​ရ​ဖူ​ကို ဆောင်း​သော သေ​သောက်​ကြူး​တို့​လည်း ပါ​ကြ၏။
43ငါ​က​လည်း၊ ထို​သူ​တို့​သည် ဤ​မိန်း​မ​နှင့်​ပင် အ​ကယ်၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​လိမ့်​မည်​လော​ဟု၊ အို​သည်​တိုင်​အောင် ပြည့်တန်​ဆာ​လုပ်​သော ထို​မိန်း​မ​ကို ရည်​မှတ်၍​ဆို​သော်၊ 44ပြည့်​တန်​ဆာ​မိန်း​မ​ရှိ​ရာ​သို့ ယောက်ျား​ဝင်​တတ်​သ​ကဲ့​သို့၊ သူ​တို့​သည် ထို​အ​ဓ​မ္မ​မိန်း​မ​အ​ဟော​လ​နှင့် အ​ဟော​လိ​ဗ​ရှိ​ရာ​သို့ ဝင်​ကြ၏။ 45သို့​ဖြစ်၍၊ မျောက်​မ​ထား​သော​မိန်း​မ၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​ဖြစ်​သော​ကြောင့်၊ မျောက်​မ​ထား​သော​မိန်း​မ၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​ကို စီ​ရင်​သ​ကဲ့​သို့၊ ဖြောင့်​မတ်​သော​သူ​တို့​သည် စီ​ရင်​ကြ​လိမ့်​မည်။ 46အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​မိန်း​မ​ရှိ​ရာ​သို့ လူ​အ​လုံး​အ​ရင်း​ကို ငါ​ချီ​စေ၍၊ လု​ယက်​သိမ်း​သွား​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​မည်။ 47ထို​အ​လုံး​အ​ရင်း​သည် မိန်း​မ​တို့​ကို ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​ကို​သတ်၍ အိမ်​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။ 48ထို​သို့ အ​ခြား​သော မိန်း​မ​ရှိ​သ​မျှ​တို့​သည် သင်​တို့​ကဲ့​သို့ အ​ဓ​မ္မ​အ​မှု​ကို​မ​ပြု​ဘဲ သ​တိ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့ အ​ဓ​မ္မ​အ​မှု​ကို တစ်​ပြည်​လုံး၌ ငါ​ပယ်​ရှင်း​မည်။ 49လူ​အ​လုံး​အ​ရင်း​သည် သင်​တို့ အ​ဓ​မ္မ​အ​မှု၏​အ​ပြစ်​နှင့်​အ​လျောက်​စီ​ရင်၍၊ သင်​တို့​သည် ရုပ်​တု​များ​နှင့်​ဆိုင်​သော အ​ပြစ်​ကို​ခံ​ရ​လျက်၊ ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in