YouVersion Logo
Search Icon

ယေဇကျေလ 14

14
ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရှုတ်​ချ​ခြင်း
1ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ချို့​တို့​သည်​လာ၍ ငါ့​ရှေ့​မှာ ထိုင်​ကြ၏။ 2ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 3အ​ချင်း​လူ​သား၊ ဤ​လူ​တို့​သည် ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​ကြ​ပြီ။ သူ​တို့​မေး​လျှောက်​ခြင်း​ကို ငါ​ခံ​ရ​မည်​လော။ 4ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ကြင်​ဣ​သ​ရေ​လ အ​မျိုး​သား​သည် ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​တို့​ကို တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို​ထား​လျက် ပ​ရော​ဖက်​ထံ​သို့ ရောက်​လာ၏။ ထို​သူ၌ ရုပ်​တု များ​ပြား​သည်​နှင့်​အ​ညီ ငါ​ပြန်​ပြော​မည်။ 5ထို​သို့​သော​အား​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို သူ​တို့​စိတ်​သ​ဘော​ရှိ​သည်​နှင့်​အ​ညီ ငါ​ဖမ်း​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ရုပ်​တု​များ​ကြောင့် ငါ​နှင့် ကွာ​ဝေး​ကြ​ပြီ။
6ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ နောင်​တ​ရ၍ ရုပ်​တု​တို့​ကို ကြဉ်​ရှောင်​ကြ​လော့။ သင်​တို့​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​မှ မျက်​နှာ​လွှဲ​ကြ​လော့။ 7ငါ​နှင့်​ကွာ​ပြီး​လျှင်၊ ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို​တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​လျက်​ပင်၊ ငါ့​အ​လို​ကို မေး​မြန်း​ခြင်း​ငှာ၊ ပ​ရော​ဖက်​ထံ​သို့​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​အ​လို​အ​လျောက်​ပြန်​ပြော​သ​ဖြင့်၊ 8ထို​သူ​တစ်​ဖက်၌ ငါ​သည်​မျက်​နှာ​ထား၍ သူ့​ကို​နိ​မိတ်​ဖြစ်​စေ​မည်။ စ​ကား​ပုံ​လည်း ဖြစ်​စေ​မည်။ ထို​သူ​ကို ငါ၏​လူ​တို့​အ​ထဲ​မှ ပယ်​ရှား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ 9ပ​ရော​ဖက်​သည် ဟော​ပြော၍ မှား​ယွင်း​လျှင်၊ ထို​ပ​ရော​ဖက်​ကို ငါ​ထာ​ဝ​ရ​ဘု​ရား မှား​ယွင်း​စေ၏။ ထို​သူ​ကို ငါ​သည်​ဒဏ်​ခတ်၍၊ ငါ၏ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​မှ ပယ်​ရှား​မည်။ 10သူ​တို့​သည်​လည်း အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ခံ​ရ​ကြ​မည်။ ပ​ရော​ဖက်​ခံ​ရ​သော​ဒဏ်​သည် ပ​ရော​ဖက်​ကို ဆည်း​ကပ်​သော​သူ ခံ​ရ​သော​ဒဏ်​နှင့် တူ​ရ​လိမ့်​မည်။ 11ထို​သို့​ဖြစ်​လျှင်၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ကို​မ​စွန့်​ပစ်၊ လမ်း​မ​လွှဲ၊ မှား​ယွင်း​ခြင်း​အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် နောက်​တစ်​ဖန် မ​ညစ်​ညူး​ဘဲ၊ ငါ၏​လူ ဖြစ်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
နော​ဧ၊ ဒံ​ယေ​လ​နှင့် ယော​ဘ
12တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 13အ​ချင်း​လူ​သား၊ ပြည်​သား​တို့​သည် အ​ထပ်​ထပ်​လွန်​ကျူး၍ ငါ့​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ မုန့်​အ​ထောက်​အ​ပင့်​ကို ချိုး​သ​ဖြင့်၊ အ​စာ​အာ​ဟာ​ရ​ကို​ခေါင်း​ပါး​စေ၍၊ ထို​ပြည်​မှ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊ 14နော​ဧ၊ ဒံ​ယေ​လ၊ ယော​ဘ၊ ဤ​သုံး​ယောက်​ရှိ​သော်​လည်း၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို​သာ ကယ်​နုတ်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 15သား​ရဲ​တို့​သည် ပြည်၌​ပေါ်​လာ၍ ဖျက်​ဆီး​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​နေ​နိုင်​သ​ဖြင့် လူ​ဆိတ်​ညံ​လျှင်၊ 16ထို​သူ​သုံး​ယောက် ရှိ​သော်​လည်း၊ ငါ၏​အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​နုတ်​ရ။ ကိုယ်​တိုင်​သာ​ချမ်း​သာ​ရ​ကြ၍၊ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ​ရ​လိမ့်​မည်။ 17သို့​မ​ဟုတ်၊ အို​ဓား၊ ထို​ပြည်​ကို​လုပ်​ကြံ​လော့​ဟု ငါ​ဆို​လျက်၊ ဓား​ဘေး​ကို ရောက်​စေ​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊ 18ထို​သူ​သုံး​ယောက်​ရှိ​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​မ​နုတ်​ရ၊ ကိုယ်​တိုင်​သာ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။ 19သို့​မ​ဟုတ်၊ ထို​ပြည်၌ ကာ​လ​နာ​ကို ငါ​စေ​လွှတ်​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်၏​အ​သက်​ကို သတ်​ဖြတ်​ပယ်​ရှင်း​ခြင်း​ငှာ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​လျှင်၊ 20နော​ဧ၊ ဒံ​ယေ​လ၊ ယော​ဘ​တို့​ရှိ​သော်​လည်း၊ ငါ အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​မ​နုတ်၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို​သာ ကယ်​နုတ်​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 21ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။#ဗျာ၊ ၆:၈။ 22သို့​ရာ​တွင်၊ လွတ်၍ ထွက်​မြောက်​ရ​သော အ​ကျန်​အ​ကြွင်း သား​သ​မီး​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည် သင်​တို့​ရှိ​ရာ​သို့ ထွက်​လာ၍၊ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ငါ​ရောက်​စေ​သ​မျှ​သော အ​မှု​များ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​မ​ရှိ၊ သက်​သာ​ခြင်း​ရှိ​ကြ​လိမ့်​မည်။ 23သူ​တို့ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သည် မြင်​သော​အ​ခါ သက်​သာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​လေ​သ​မျှ​တို့၌၊ အ​ကြောင်း​မ​ရှိ​ဘဲ မ​ပြု​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in