YouVersion Logo
Search Icon

ယေဇကျေလ 13

13
ပ​ရော​ဖက်​မိုက်​တို့​ကို​ရှုတ်​ချ​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ ကိုယ်​အ​လို​အ​လျောက်​ပ​ရော​ဖက်​ပြု၍ ဟော​ပြော​တတ်​သော ဣ​သ​ရေ​လ​အ​မျိုး ပ​ရော​ဖက်​တို့​တစ်​ဖက်၌ ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ဟု သူ​တို့​အား​ပြော​လော့။ 3အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​မြင်​ဘဲ၊ ကိုယ်​စိတ်​အ​လို​သို့ လိုက်​တတ်​သော ပ​ရော​ဖက်​မိုက်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 4အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ပ​ရော​ဖက်​တို့​သည် တော၌​နေ​သော မြေ​ခွေး​နှင့်​တူ​ကြ၏။ 5ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရောက်​မှ စစ်​တိုက်၍ ခံ​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​သည် မြို့​ရိုး​ပျက်​အ​ပေါ်​သို့ တက်၍၊ ပြု​ပြင်​ခြင်း​အ​မှု​ကို မ​ပြု​ဘဲ​နေ​ကြ၏။ 6အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မ​မူ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု ဆို​လျက်၊ လှည့်​စား၍ ပ​ရော​ဖက်​ပြု​ကြ​ပြီ။ ကိုယ်​စ​ကား​ပြည့်​စုံ​မည်​ဟု သူ​တစ်​ပါး​ယုံ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ 7ငါ​မ​ပြော​ဘဲ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ဟု သင်​တို့​ဆို​လျက်၊ အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်​ကြ​ပြီ​မ​ဟုတ်​လော။ လှည့်​စား၍ ပ​ရော​ဖက်​ပြု​ကြ​ပြီ မ​ဟုတ်​လော့။
8ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​ချည်း​နှီး​သော​စ​ကား​ကို​ပြော၍ မု​သား​ရူ​ပါ​ရုံ​ကို​မြင်​သော​ကြောင့် ငါ​သည် သင်​တို့​တစ်​ဖက်၌​နေ၏။ 9အ​ချည်း​နှီး​သော​အ​ရာ​ကို​မြင်၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​သော ပ​ရော​ဖက်​တို့​ကို ငါ​ဆီး​တား​သ​ဖြင့်၊ သူ​တို့​သည် ငါ၏​ပ​ရိ​သတ်​စည်း​ဝေး​ရာ​သို့ မ​ဝင်​ရ​ကြ။ ဣ​သ​ရေ​လ​အ​မျိုး၏​စာ​ရင်း၌ သူ​တို့​အ​မည်​ကို မ​သွင်း​ရ။ ဣ​သ​ရေ​လ​ပြည်၌ နေ​ရာ​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ 10ငြိမ်​သက်​ခြင်း မ​ရှိ​သော်​လည်း၊ ငြိမ်​သက်​ခြင်း​ရှိ​သည်​ဟု သင်​တို့​ဆို​လျက်၊ ငါ၏​လူ​တို့​ကို လှည့်​စား​သော​ကြောင့်​လည်း​ကောင်း၊ တစ်​ယောက်​ကား အုတ်​ရိုး​ကို​တည်​လျက်၊ တစ်​ယောက်​ကား အင်္ဂ​တေ​နှင့်​မွမ်း​မံ​လျက် ပြု​သော​ကြောင့်​လည်း​ကောင်း၊#ယေ၊ ၆:၁၄၊ ၈:၁၁။ 11ထို​အုတ်​ရိုး​သည် ပြို​လဲ​မည်​ဟု အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တို့​အား ပြော​လော့။ မိုး​ရေ​လွှမ်း​မိုး​လိမ့်​မည်။ ကြီး​စွာ​သော​မိုး​သီး ကျ​လိမ့်​မည်။ မိုး​သက်​မုန်​တိုင်း​တိုက်​ဖျက်​လိမ့်​မည်။ 12ထို​အုတ်​ရိုး​သည် ပြို​လဲ​ပြီး​မှ၊ သင်​တို့​မွမ်း​မံ​သော အင်္ဂ​တေ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင်​တို့​အား သူ​တစ်​ပါး​မေး​လိမ့်​မည် မ​ဟုတ်​လော။ 13ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​မျက်​ထွက်၍၊ သင်​တို့​အုတ်​ရိုး​ကို မိုး​သက်​မုန်​တိုင်း​အား​ဖြင့်​တိုက်၍ ဖျက်​မည်။ ငါ၏​ဒေါ​သ​အ​ရှိန်​ကြောင့် မိုး​ရေ​လွှမ်း​မိုး၍၊ ကြီး​စွာ​သော​မိုး​သီး​နှင့် ဆုံး​စေ​မည်။ 14ထို​သို့​သင်​တို့​သည် အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​အုတ်​ရိုး​ကို မြေ​တိုင်​အောင်​ငါ​ဖြို​ချ၍ အ​မြစ်​ကို​လှန်​သ​ဖြင့်၊ အုတ်​ရိုး​သည်​လဲ၍ ဖိ​မိ​လျက်၊ သင်​တို့​သည် အ​သက်​ဆုံး​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို ထို​အ​ခါ သိ​ရ​ကြ​လိမ့်​မည်။ 15ထို​သို့ အုတ်​ရိုး၌​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော သူ​တို့၌​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​အ​မျက်​ကို ဖြေ​မည်။ အုတ်​ရိုး​မ​ရှိ ဟူ၍​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တည်း​ဟူ​သော၊ 16ငြိမ်​သက်​ခြင်း​မ​ရှိ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ငြိမ်​သက်​ခြင်း​ရူ​ပါ​ရုံ​ကို​မြင်၍ ဟော​ပြော​သော ဣ​သ​ရေ​လ​ပ​ရော​ဖက်​များ မ​ရှိ​ကြ​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ပြော​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
အ​မျိုး​သ​မီး​ပ​ရော​ဖက်​အ​တု​များ​ကိုရှုတ်​ချ​ခြင်း
17ထို​မှ​တစ်​ပါး၊ အ​ချင်း​လူ​သား၊ ကိုယ်​အ​လို​အ​လျောက် ပ​ရော​ဖက်​ပြု​သော သင်၏​အ​မျိုး​သ​မီး​တို့​တစ်​ဖက်၌ မျက်​နှာ​ပြု၍၊ 18အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ အ​သက်​ဝိ​ညာဉ်​တို့​ကို​ဖမ်း​ခြင်း​ငှာ ခပ်​သိမ်း​သော​သူ​တို့၏​နံ​ပါး၌ ခေါင်း​အုံး​ကို​ထည့်၍၊ လူ​အ​ကြီး​အ​ငယ်​တို့ ခေါင်း​ပေါ်​မှာ ဦး​ထုပ်​တို့​ကို တင်​ထား​သော​မိန်း​မ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​လူ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို​ဖမ်း၍၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို သေ​ခြင်း​မှ ကယ်​ချွတ်​ကြ​လိမ့်​မည်​လော။ 19မု​ယော​ဆန် တစ်​လက်​ဆွန်း​နှင့် မုန့်​တစ်​ဖဲ့​ကို​ရ​အံ့​သော​ငှာ၊ ငါ၏​လူ​တို့​တွင် ငါ့​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်​လော။ မု​သား​စ​ကား​ကို နား​ထောင်​တတ်​သော ငါ၏​လူ​တို့​အား မု​သား​စ​ကား​ကို ပြော​သော​အား​ဖြင့်၊ မ​သေ​အပ်​သော သူ​တို့၏​အ​သက်​ကို​သတ်၍၊ မ​ရှင်​အပ်​သော​သူ​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်​လော။ 20ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သက်​ဝိ​ညာဉ်​တို့​ကို ရ​အောင်​ဖမ်း​လျက်၊ သုံး​တတ်​သော ခေါင်း​အုံး​တို့​ကို ငါ​သည် ရန်​ဘက်​ပြု၍ သင်​တို့​နံ​ပါး​မှ ဆွဲ​နုတ်​ပြီး​လျှင်၊ သင်​တို့​ရ​အောင်​ဖမ်း​သော အ​သက်​ဝိ​ညာဉ်​တို့​ကို ငါ​လွှတ်​လိုက်​မည်။ 21သင်​တို့​ဦး​ထုပ်​တို့​ကို​လည်း ငါ​ဆုတ်၍၊ ငါ၏​လူ​တို့​ကို သင်​တို့​လက်​မှ ကယ်​နုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် အ​ဖမ်း​ခံ၍၊ သင်​တို့​လက်​သို့ မ​ရောက်​ရ​ကြ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ 22ငါ​မ​ညှိုး​ငယ်​စေ​သော လူ​ကောင်း​တို့​ကို သင်​တို့​သည် မု​သား​စ​ကား​အား​ဖြင့် ညှိုး​ငယ်​စေ​သော​ကြောင့်​လည်း​ကောင်း၊ လူ​ဆိုး​တို့​သည် ဆိုး​သော​လမ်း​ကို မ​ရှောင်​စေ​ခြင်း​ငှာ အ​သက်​ချမ်း​သာ​ပေး၍၊ သူ​တို့​ကို ခိုင်​မာ​စေ​သော​ကြောင့်​လည်း​ကောင်း၊ 23နောက်​တစ်​ဖန် သင်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ​ကို မ​မြင်​ရ​ကြ။ ပ​ရော​ဖက်​ပြု၍ မ​ဟော​ရ​ကြ။ ငါ၏​လူ​တို့​ကို သင်​တို့​လက်​မှ ငါ​ကယ်​နုတ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in