YouVersion Logo
Search Icon

ယေဇကျေလ 1

1
ဘု​ရား​သ​ခင်​ကို​မြင်​သောပ​ထ​မ​ဗျာ​ဒိတ်
(၁:၁-၇:၂၇)
ဘုန်း​တန်​ခိုး​ဆိုင်​ရာ​ဗျာ​ဒိတ်
1သ​က္က​ရာဇ်​သုံး​ဆယ်​ပြည့်၊ ယေ​ခေါ​နိ​မင်း​ကြီး​နန်း​ကျ ပ​ဥ္စ​မ​နှစ်၊ စ​တု​တ္ထ​လ​ငါး​ရက်​နေ့၌ ငါ​သည် သိမ်း​သွား​သော​သူ​တို့​တွင် ခေ​ဗာ​မြစ်​နား​မှာ​ရှိ​နေ​စဉ်၊#ဗျာ၊ ၁၉:၁၁။ 2မိုး​ကောင်း​ကင်​ပွင့်၍ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို​မြင်​ရ၏။#၄​ရာ၊ ၂၄:၁၀-၁၆။ ၆​ရာ၊ ၃၆:၉-၁၀။ 3ထို​အ​ခါ ခါ​လ​ဒဲ​ပြည်၊ ခေ​ဗာ​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယဇ်​ပု​ရော​ဟိတ် ဗု​ဇိ​သား​ယေ​ဇ​ကျေ​လ အ​မည်​ရှိ​သော ငါ​ဆီ​သို့​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ တင်​လျက်​ရှိ၏။
4ငါ​ကြည့်​ရှု၍၊ ပြင်း​စွာ​သော​လေ၊ ကြီး​စွာ​သော မိုး​တိမ်၊ ထွန်း​လင်း​သော မီး​စက်​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ၏။ မီး​စက်​ထဲ​က ဟ​ရှ​မေ​လ​ရွှေ​ရောင် ထွက်​လေ၏။ 5ထို​မီး​စက်​ထဲ​မှာ သ​တ္တ​ဝါ​လေး​ပါး​တို့​သည် ထင်​ရှား​ကြ၏။ ထို​သ​တ္တ​ဝါ​တို့၏ အ​ဆင်း​သ​ဏ္ဌာန်​ဟူ​မူ​ကား၊ လူ၏​ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊#ဗျာ၊ ၄:၆။ 6မျက်​နှာ​လေး​ခု​စီ၊ အ​တောင်​လည်း​လေး​ခု​စီ​ရှိ​ကြ၏။ 7ခြေ​ထောက်​သည် ဖြောင့်​သော ခြေ​ထောက်​ဖြစ်၏။ ခြေ​ဖ​ဝါး​သည် နွား​သ​ငယ်၏ ခြေ​ဖ​ဝါး​ကဲ့​သို့ ဖြစ်၍ ဦး​သစ်​သော​ကြေး​ဝါ​ကဲ့​သို့ တောက်​လေ၏။ ကိုယ်​လေး​မျက်​နှာ အ​တောင်​အောက်၌ လူ​လက်​ရှိ၏။ 8ထို​လေး​ပါး​တို့​သည် မျက်​နှာ​တို့​နှင့်​လည်း​ကောင်း၊ အ​တောင်​တို့​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။ 9အ​တောင်​ချင်း တစ်​ခု​နှင့်​တစ်​ခု စပ်​လျက်​ရှိ၍၊ ထို​သ​တ္တ​ဝါ​တို့​သွား​သော​အ​ခါ တစ်​ပါး​မျှ​မ​လည်​ဘဲ တည့်​တည့် သွား​တတ်​ကြ၏။ 10မျက်​နှာ​အ​ဆင်း​သ​ဏ္ဌာန်​ဟူ​မူ​ကား၊ သ​တ္တ​ဝါ လေး​ပါး​တို့​သည် လက်​ယာ​ဘက်၌ လူ​မျက်​နှာ၊ ခြင်္သေ့​မျက်​နှာ​နှင့် လည်း​ကောင်း၊ လက်​ဝဲ​ဘက်၌ နွား​မျက်​နှာ၊ ရွှေ​လင်း​တ​မျက်​နှာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။#ယေ​ဇ၊ ၁၀:၁၄။ ဗျာ၊ ၄:၇။ 11အ​တောင်​များ​တို့​သည် အ​ထက်​သို့​ပြန့်၍၊ အ​တောင်​နှစ်​ခု​ချင်း စပ်​လျက်၊ နှစ်​ခု​ဖြင့် ကိုယ်​ကို​ဖုံး​လျက်​ရှိ​ကြ၏။ 12ထို​သ​တ္တ​ဝါ​တို့​သည် ဝိ​ညာဉ်​တော်​သွား​ခွင့်​ရှိ​သည်​အ​တိုင်း သွား​ကြ၏။ သွား​သော​အ​ခါ​တစ်​ပါး​မျှ​မ​လည်​ဘဲ တည့်​တည့် သွား​တတ်​ကြ၏။ 13ထို​သ​တ္တ​ဝါ​တို့၏ အ​ဆင်း​အ​ရောင်​သည်​ကား၊ တောက်​သော မီး​ခဲ​အ​ရောင်၊ မီး​ခွက်​အ​ရောင်​နှင့် တူ၏။ မီး​သည်​တောက်​လျက် သ​တ္တ​ဝါ​တို့​တွင် အ​နှံ့​အ​ပြား​လှည့်​လည်၍ မီး​ထဲ​က လျှပ်​စစ်​ပြက်​လေ၏။#ဗျာ၊ ၄း၅။ 14သ​တ္တ​ဝါ​တို့​သည်​လည်း လျှပ်​စစ်​နွယ်​ကဲ့​သို့ အ​ရောင်​တောက်၍၊ ပြေး​လျက် ပြန်​လာ​လျက် ရှိ​ကြ၏။
15ထို​သ​တ္တ​ဝါ​တို့​ကို ငါ့​ကြည့်​ရှု​စဉ်၊ သူ​တို့​အ​နား​မှာ လေး​ပိုင်း​ရှိ​သော ရ​ထား​ဘီး​တစ်​ခု​စီ ထင်​ရှား၏။ 16ထို​ရ​ထား​ဘီး​တို့၏ အ​ဆင်း​အ​ရောင်​သည်​ကား၊ ကျောက်​မျက်​ရွဲ အ​ဆင်း​အ​ရောင်​နှင့် တူ၏။ ထို​လေး​ခု​တို့​သည် အ​ဆင်း​အ​ရောင် တ​ညီ​တည်း​ရှိ​ကြ၏။ ပုံ​သ​ဏ္ဌာန်​မူ​ကား၊ ဘီး​တစ်​ခု​အ​ထဲ၌ ဘီး​တစ်​ခု​တပ်​သ​ကဲ့​သို့ ဖြစ်၏။ 17သွား​သော​အ​ခါ ဘီး​လေး​မျက်​နှာ​တို့​သည် တ​ညီ​တည်း​ဖြစ်၍ မ​လည်​ဘဲ သွား​တတ်​ကြ၏။ 18ဘီး​ဝန်း​တို့​သည်​လည်း မြင့်၍ ကြောက်​မက်​ဖွယ်​ဖြစ်​ကြ၏။ ထို​လေး​ပါး​တို့​သည် မျက်​စိ​နှင့်​ပြည့်​ကြ၏။#ဗျာ၊ ၄:၈။ 19သ​တ္တ​ဝါ​တို့​သည် သွား​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း ထက်​ကြပ်​ပါ​ကြ၏။ 20သ​တ္တ​ဝါ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း တက်​ကြ၏။ ဝိ​ညာဉ်​တော်​သွား​ခွင့်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည်​လည်း သွား​ကြ၏။ ဘီး​တို့​သည်​လည်း သူ​တို့​နှင့် ထက်​ကြပ်​တက်၍ လိုက်​ကြ၏။ သ​တ္တ​ဝါ​တို့၏​ဝိ​ညာဉ်​သည် ဘီး​တို့၌​ရှိ၏။ 21သူ​တို့​သွား​သော​အ​ခါ ဘီး​တို့​သည် သွား​ကြ၏။ သူ​တို့​ရပ်​သော​အ​ခါ ဘီး​တို့​သည် ရပ်​ကြ၏။ သူ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း သူ​တို့​နှင့် ထက်​ကြပ်​တက်၍ လိုက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သ​တ္တ​ဝါ​တို့၏ ဝိ​ညာဉ်​သည် ဘီး​တို့၌​ရှိ၏။#ယေ​ဇ၊ ၁၀:၉-၁၃။
22ထို​သ​တ္တ​ဝါ​တို့၏ ခေါင်း​များ​အ​ပေါ်​မှာ မိုး​မျက်​နှာ​ကြက်၏ အ​ဆင်း​အ​ရောင်​သည်​ရှိ၍၊ ကြောက်​မက်​ဖွယ်​သော ကျောက်​သ​လင်း​မျက်​နှာ​ကြက်​ကဲ့​သို့ ဖြစ်၏။#ဗျာ၊ ၄:၆။ 23မိုး​မျက်​နှာ​ကြက်​အောက်​မှာ သူ​တို့​အ​တောင်​များ​သည် တစ်​ခု​သို့​တစ်​ခု​တည့်​တည့် ပြန့်​လျက်​ရှိ၍၊ ပြင်​ဘက်၌​လည်း ကိုယ်​ကို​ဖုံး​စ​ရာ​ဖို့ အ​တောင်​နှစ်​ခု​စီ ရှိ၏။ 24သူ​တို့​သွား​သော​အ​ခါ သ​မု​ဒ္ဒ​ရာ​ရေ​သံ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်၏ အ​သံ​တော်​ကဲ့​သို့​လည်း​ကောင်း၊ အ​တောင်​တို့ မြည်​သော​အ​သံ​ကို ငါ​ကြား၏။ စ​ကား​သံ​သည်​လည်း လူ​အ​လုံး​အ​ရင်း၏​စ​ကား​သံ​ကဲ့​သို့​ဖြစ်၏။ ရပ်​သော​အ​ခါ အ​တောင်​တို့​ကို​ချ​လျက်​နေ​ကြ၏။#ဗျာ၊ ၁:၁၄-၁၅၊ ၁၉:၆။ 25ရပ်၍​အ​တောင်​တို့​ကို ချ​သော​အ​ခါ၊ သူ​တို့၏ ခေါင်း​များ​အ​ပေါ်​မှာ မိုး​မျက်​နှာ​ကြက်​ထဲ​က စ​ကား​သံ​သည် ထွက်၏။
26သူ​တို့၏​ခေါင်း​များ​အ​ထက်၊ မိုး​မျက်​နှာ​ကြက်​အ​ပေါ်၌​လည်း နီ​လာ​ကျောက်​ကဲ့​သို့ အ​ဆင်း​အ​ရောင်​ရှိ​သော ရာ​ဇ​ပ​လ္လင်​သ​ဏ္ဌာန်​ပေါ်၏။ ပ​လ္လင်​သ​ဏ္ဌာန်​အ​ပေါ်၌​လည်း လူ​ပုံ​သ​ဏ္ဌာန်​ကဲ့​သို့​ပေါ်၏။#ယေ​ဇ၊ ၁၀:၁။ ဗျာ၊ ၄:၂-၃။ 27ပ​လ္လင်​အ​တွင်း၌​လည်း​ကောင်း၊ ပတ်​လည်၌​လည်း​ကောင်း၊ ခါး​သ​ဏ္ဌာန်​မှ​သည် အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​နှင့် မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၏။ အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၍ ပတ်​လည်၌ ထွန်း​တောက်​လေ၏။#ယေ​ဇ၊ ၈:၂။ 28ထို​သို့ ထွန်း​တောက်​သော အ​ရောင်​သည် မိုး​ရွာ​သော​နေ့​တွင်၊ မိုး​တိမ်၌​ပေါ်​သော သက်​တံ၏ အ​ရောင်​ကဲ့​သို့ ဖြစ်၏။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သ​ဏ္ဌာန် အ​ဆင်း​အ​ရောင်​ဖြစ်​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in