ငါကြည့်ရှု၍၊ ပြင်းစွာသောလေ၊ ကြီးစွာသော မိုးတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။ မီးစက်ထဲက ဟရှမေလရွှေရောင် ထွက်လေ၏။ ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဌာန်ဟူမူကား၊ လူ၏ပုံသဏ္ဌာန်ကိုဆောင်၍၊ မျက်နှာလေးခုစီ၊ အတောင်လည်းလေးခုစီရှိကြ၏။ ခြေထောက်သည် ဖြောင့်သော ခြေထောက်ဖြစ်၏။ ခြေဖဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သောကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာ အတောင်အောက်၌ လူလက်ရှိ၏။ ထိုလေးပါးတို့သည် မျက်နှာတို့နှင့်လည်းကောင်း၊ အတောင်တို့နှင့်လည်းကောင်း ပြည့်စုံကြ၏။ အတောင်ချင်း တစ်ခုနှင့်တစ်ခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့သွားသောအခါ တစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။