YouVersion Logo
Search Icon

ထွက်မြောက်ရာ 27

27
ယဇ်​ပ​လ္လင်
(ထွ၊ ၃၈:၁-၇)
1တစ်​နည်း​ကား၊ အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိ၍ စ​တု​ရန်း​လေး​ထောင့်​ဖြစ်​သော ယဇ်​ပ​လ္လင်​ကို၊ အ​ကာ​ရှ​သား​နှင့် လုပ်​ရ​မည်။ အ​မြင့်​လည်း သုံး​တောင်​ရှိ​ရ​မည်။ 2ယဇ်​ပ​လ္လင်​လေး​ထောင့်​အ​ပေါ်​မှာ၊ ဦး​ချို​လေး​ချောင်း​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​ရ​မည်။ 3ပြာ​ခံ​စ​ရာ​အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။ 4ကြေး​ဝါ​ဆန်​ခါ​ကို​လည်း​ကောင်း၊ ဆန်​ခါ​လေး​ထောင့်​အ​ပေါ်​မှာ ကြေး​ဝါ​လေး​ကွင်း​ကို​လည်း​ကောင်း လုပ်​ပြီး​လျှင်၊ 5ယဇ်​ပ​လ္လင်​ခါး​ပန်း​အောက်၊ အ​လယ်၌​ထား​ရ​မည်။ 6ယဇ်​ပ​လ္လင်​ထမ်း​စ​ရာ အ​ကာ​ရှ​သား​ထမ်း​ပိုး​တို့​ကို​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​ပြီး​မှ၊ 7ယဇ်​ပ​လ္လင်​ကို​ထမ်း​စ​ရာ​ဖို့ တစ်​ဖက်​တစ်​ချက်​ကွင်း​များ၌ လျှို​ထား​ရ​မည်။ 8တောင်​ပေါ်​မှာ သင့်​အား​ပြ​သည်​အ​တိုင်း၊ ထို​ယဇ်​ပ​လ္လင်​ကို အ​ပေါ်​အောက် ဟင်း​လင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ပျဉ်​ပြား​နှင့်​လုပ်​ရ​မည်။
တဲ​တော်​ဝင်း​အ​ကာ​အ​ရံ
(ထွ၊ ၃၈:၉-၂၀)
9တဲ​တော်​ဝင်း​ကာ​ရန်​မူ​ကား၊ အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ပိတ်​ချော​နှင့် တောင်​ဘက်၌ ကု​လား​ကာ​ကို​လုပ်​ရ​မည်။ 10ထို​ကု​လား​ကာ​ဖို့ တိုင်​နှစ်​ဆယ်၊ တိုင်​ခြေ​စွပ်​နှစ်​ဆယ်​ကို ကြေး​ဝါ​နှင့်​လုပ်၍ တိုင်​တံ​စို့၊ တိုင်​တန်း​တို့​ကို ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။ 11ထို​နည်း​တူ၊ မြောက်​ဘက်၌​ကာ​ရန် အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ ငွေ​တံ​စို့၊ ငွေ​တန်း​ပါ​သော​ကြေး​ဝါ​တိုင်​နှစ်​ဆယ်၊ ကြေး​ဝါ​ခြေ​စွပ်​နှစ်​ဆယ် ရှိ​ရ​မည်။ 12ဝင်း​အ​နောက်​ဘက်​အ​နံ၌​ကာ​ရန်၊ အ​လျား​အ​တောင်​ငါး​ဆယ်​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ တိုင်​တစ်​ဆယ်၊ ခြေ​စွပ်​တစ်​ဆယ်​ရှိ​ရ​မည်။ 13ဝင်း​အ​ရှေ့​ဘက်၌​လည်း အ​နံ​အ​တောင်​ငါး​ဆယ်​ရှိ​ရ​မည်။ 14တံ​ခါး​ဝ​တစ်​ဖက်​တစ်​ချက်၌ ကာ​ရန်၊ အ​လျား​ဆယ်​ငါး​တောင်​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ တိုင်​သုံး​တိုင်၊ 15ခြေ​စွပ်​သုံး​ခု​ရှိ​ရ​မည်။ 16ဝင်း​တံ​ခါး​ဝ၌​ကာ​ရန်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး​၍၊ ချယ်​လှယ်​သော ကု​လား​ကာ​အ​တောင်​နှစ်​ဆယ်​နှင့်​တ​ကွ တိုင်​လေး​တိုင် ခြေ​စွပ်​လေး​ခု​ရှိ​ရ​မည်။ 17ဝင်း​ပတ်​လည်၌​တိုင်​ရှိ​သ​မျှ​တို့​သည် ငွေ​တံ​စို့၊ ငွေ​တန်း၊ ကြေး​ဝါ​ခြေ​စွပ်​နှင့် ပြည့်​စုံ​ရ​မည်။ 18ဝင်း​သည် အ​လျား​အ​တောင်​တစ်​ရာ၊ အ​နံ​ငါး​ဆယ်၊ အ​မြင့်​ငါး​တောင်​ရှိ၍၊ ပိတ်​ချော​နှင့် ကြေး​ဝါ​ခြေ​စွပ်​ဖြင့်​ပြီး​ရ​မည်။ 19အ​မှု​တော်​ထမ်း​ဖို့ တဲ​တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​တံ​သင်၊ ဝင်း​နှင့်​ဆိုင်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။
မီး​ခုံ​ဆိုင်​ရာ​ပ​ညတ်​ချက်
(ဝတ်၊ ၂၄:၁-၄)
20ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တွင်၊ သက်​သေ​ခံ​ချက်​ထား​ရာ​အ​ရပ်​ကို​ကာ​သော ကု​လား​ကာ​ပြင်​မှာ၊ မီး​ခုံ၌ အ​စဉ်​မ​ပြတ်​မီး​ထွန်း​စ​ရာ​ဖို့၊ သံ​လွင်​သီး​ကို ထောင်း​၍​ယူ​သော​သံ​လွင်​ဆီ​စစ်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​ရ​ကြ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ 21အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ညဉ့်​ဦး​မှ​သည် နံ​နက်​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည်၊ သား​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in