YouVersion Logo
Search Icon

ထွက်မြောက်ရာ 26

26
တဲ​တော်
(ထွ၊ ၃၆:၈-၃၈)
1တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​ဖြင့်​ပြီး​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော၊ ပိတ်​ချော​ကု​လား​ကာ​ဆယ်​ထည်​ဖြင့် တဲ​တော်​ကို​လုပ်​ရ​မည်။ 2ကု​လား​ကာ​သည် အ​လျား​နှစ်​ဆယ်​ရှစ်​တောင်၊ အ​နံ​လေး​တောင်​ရှိ၍၊ ကု​လား​ကာ​ချင်း အ​လျား​အ​နံ​တူ​ရ​မည်။ 3ကု​လား​ကာ​ငါး​ထည်​စီ တစ်​စပ်​တည်း​ချုပ်​ရ​မည်။ 4ကု​လား​ကာ​တစ်​ထည်​ပြင်​ဘက်​မှာ၊ ကု​လား​ကာ​နား​ချင်း​ဆက်​မီ​ရာ၌ ကွင်း​များ​ကို ပြာ​သော​အ​ထည်​နှင့် လုပ်​ရ​မည်။ အ​ခြား​သော ကု​လား​ကာ​ပြင်​ဘက်​မှာ၊ ကု​လား​ကာ​နား​ချင်း ဆက်​မီ​ရာ၌​လည်း ထို​အ​တူ​လုပ်​ရ​မည်။ 5ကု​လား​ကာ​တစ်​ထည်​၌ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား​သော​ကု​လား​ကာ အ​နား​ဆက်​မီ​ရာ၌ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ကွင်း​ချင်း​ဆိုင်​မိ​အောင် လုပ်​ရ​မည်။ 6ရွှေ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍၊ ထို​ရွှေ​ချောင်း​ဖြင့် ကု​လား​ကာ​များ​ကို ပူး​တွဲ​သ​ဖြင့်၊ တဲ​တော်​တစ်​ဆောင်​တည်း​ဖြစ်​ရ​မည်။
7တဲ​တော်​ဖုံး​အုပ်​ဖို့ အ​ခြား​သော​ကု​လား​ကာ ဆယ်​တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​လုပ်​ရ​မည်။ 8ကု​လား​ကာ​သည် အ​လျား​အ​တောင်​သုံး​ဆယ်၊ အ​နံ​လေး​တောင်​ရှိ​၍၊ ကု​လား​ကာ ဆယ်​တစ်​ထည်​တို့​သည် အ​လျား​အ​နံ​ချင်း​တူ​ရ​မည်။ 9ကု​လား​ကာ​ငါး​ထည်​တစ်​စပ်၊ ခြောက်​ထည်​တစ်​စပ်​တည်း​ချုပ်၍၊ ဆ​ဋ္ဌ​မ​ကု​လား​ကာ​ကို တဲ​တော်​ဦး၌​ခေါက်​ထား​ရ​မည်။ 10ကု​လား​ကာ​များ​ဆက်​မီ​ရာ​၌၊ ပြင်​ဘက်​က​နေ​သော ကု​လား​ကာ​တစ်​ထည်​အ​နား​မှာ၊ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဆက်​မီ​သော​အ​ခြား​ကု​လား​ကာ​အ​နား​မှာ၊ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း လုပ်​ရ​မည်။ 11ကြေး​ဝါ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍၊ ကွင်း​တို့​၌​လျှို​ပြီး​လျှင်၊ အ​ပေါ်​တဲ​တစ်​ပိုင်း​နှင့် တစ်​ပိုင်း​ပူး​တွဲ​သ​ဖြင့်၊ တဲ​တစ်​ဆောင်​တည်း​ဖြစ်​ရ​မည်။ 12ထို​အ​ပေါ်​တဲ​၌​ပို​သော ကု​လား​ကာ​တစ်​ဝက်​ကို​ကား၊ တဲ​တော်​နောက်​ဖေး​မှာ တွဲ​လွဲ​ဆွဲ​ထား​ရ​မည်။ 13အ​ပေါ်​တဲ​၌​ပို​သော ကု​လား​ကာ​အ​လျား​နှစ်​တောင်​တွင်၊ တဲ​တော်​ဖုံး​အုပ်​ဖို့ တစ်​ဖက်​တစ်​ချက် တစ်​တောင်​စီ​တွဲ​လွဲ​ဆွဲ​ထား​ရ​မည်။ 14အ​ပေါ်​တဲ​ဖုံး​အုပ်​ဖို့ အ​နီ​ဆိုး​သော​သိုး​ရေ​ကို​လည်း​ကောင်း၊ ထို​သိုး​ရေ​အ​ပေါ်၌ တ​ဟာ​ရှ​သား​ရေ​ကို​လည်း​ကောင်း​လုပ်​ရ​မည်။
15တဲ​တော်​ကာ​ရန်​ထောင်​ထား​ရ​သော အ​ကာ​ရှ​ပျဉ်​ပြား​တို့​ကို​လည်း လုပ်​ရ​မည်။ 16ပျဉ်​ပြား​သည် အ​လျား​ဆယ်​တောင်၊ အ​နံ​တစ်​တောင်​ထွာ​ရှိ​ရ​မည်။ 17ထို​ပျဉ်​ပြား​ရှိ​သ​မျှ​တို့၌ ခြေ​ထောက်​နှစ်​ခု​စီ တစ်​တန်း​တည်း​ရှိ​စေ​ခြင်း​ငှာ လုပ်​ရ​မည်။ 18တဲ​တော်​တောင်​ဘက်၌ ကာ​ရန်​ပျဉ်​ပြား နှစ်​ဆယ်​ကို​လုပ်​ရ​မည်။ 19ထို​ပျဉ်​ပြား​နှစ်​ဆယ်​တွင်၊ တစ်​ပြား​တစ်​ပြား​အောက်၌ ခြေ​ထောက်​နှစ်​ခု​စီ​စွပ်​စ​ရာ​ဖို့ ငွေ​ခြေ​စွပ်​လေး​ဆယ်​ကို လုပ်​ရ​မည်။ 20ထို​အ​တူ တဲ​တော်​မြောက်​ဘက်၌ ကာ​ရန် ပျဉ်​ပြား​နှစ်​ဆယ်​ရှိ​ရ​မည်။ 21ထို​ပျဉ်​ပြား၌​လည်း ငွေ​ခြေ​စွပ်​လေး​ဆယ်၊ တစ်​ပြား​နှစ်​ခု​စီ​ရှိ​ရ​မည်။ 22တဲ​တော်​အ​နောက်​ဘက်၌​ကာ​ရန် ပျဉ်​ပြား​ခြောက်​ပြား​ကို​လည်း​ကောင်း၊ 23ထောင့်​တစ်​ဖက်​တစ်​ချက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ပြား​ကို​လည်း​ကောင်း လုပ်​ရ​မည်။ 24အ​ထက်၌​လည်း​ကောင်း၊ အောက်၌​လည်း​ကောင်း၊ ကွင်း​ကို​တပ်​၍​စေ့​စပ်​လျက် ထောင့်​နှစ်​ခု​ကို ပြီး​စေ​ရ​မည်။ 25ပျဉ်​ပြား​ရှစ်​ပြား၊ ငွေ​ခြေ​စွပ်​ဆယ်​ခြောက်​ခု၊ တစ်​ပြား​နှစ်​ခု​စီ​ရှိ​ရ​မည်။ 26တဲ​တော်၌​ကာ​ရ​သော ပျဉ်​ပြား​ကို​လျှို​စ​ရာ​ဖို့ အ​ကာ​ရှ​သား ကန့်​လန့်​ကျင်​တို့​ကို တစ်​ဖက်​ငါး​ချောင်း​စီ လုပ်​ရ​မည်။ 27တဲ​တော်​နောက်​ဖေး၌ ကာ​ရ​သော​ပျဉ်​ပြား​ကို လျှို​စ​ရာ​ဖို့ ကန့်​လန့်​ကျင် ငါး​ချောင်း​ကို​လည်း​လုပ်​ရ​မည်။ 28အ​လယ်​ကန့်​လန့်​ကျင်​ကို၊ ထောင့်​တစ်​ဖက်​တစ်​ချက်၌ ဆုံး​စေ​ရ​မည်။ 29ပျဉ်​ပြား​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​ရ​မည်။ ကန့်​လန့်​ကျင်​လျှို​ဖို့​ရာ ရွှေ​ကွင်း​ကို​လည်း လုပ်၍၊ ကန့်​လန့်​ကျင်​တို့​ကို ရွှေ​နှင့် မွမ်း​မံ​ရ​မည်။ 30တောင်​ပေါ်​မှာ သင့်​အား​ပြ​သော​ပုံ​နှင့်​အ​ညီ၊ တဲ​တော်​ကို တည်​ဆောက်​ရ​မည်။
31တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော​ကု​လား​ကာ​တစ်​ထည်​ကို ချုပ်​ရ​မည်။ 32ရွှေ​ချ​သော အ​ကာ​ရှ​သား​တိုင်​လေး​တိုင်​အ​ပေါ်​မှာ၊ ထို​ကု​လား​ကာ​ကို ဆွဲ​ထား​ရ​မည်။ ထို​တိုင်​တို့​သည် ရွှေ​တံ​စို့​နှင့်​လည်း​ကောင်း၊ ငွေ​ခြေ​စွပ်​လေး​ခု​နှင့်​လည်း​ကောင်း ပြည့်​စုံ​ရ​မည်။ 33သက်​သေ​ခံ​ချက်​ထား​သော​သေ​တ္တာ​ကို၊ ကု​လား​ကာ​အ​တွင်း​သို့ သွင်း​စ​ရာ​ဖို့ ထို​ကု​လား​ကာ​ကို ရွှေ​ချောင်း​ဖြင့်​ဆွဲ​ကာ၍၊ ဟ​ဂျာ​အ​ရပ်၊ ဟ​ဂျာ​ဟ​ဂျုံ​အ​ရပ် နှစ်​ပါး​စပ်​ကြား၌ အ​ပိုင်း​အ​ခြား​ဖြစ်​ရ​မည်။#ဟေ​ဗြဲ၊ ၆:၁၉၊ ၉:၃-၅။ 34ဟ​ဂျာ​ဟ​ဂျုံ​အ​ရပ်၌ သက်​သေ​ခံ​ချက်​သေ​တ္တာ​အ​ပေါ်​မှာ၊ သေ​တ္တာ​အ​ဖုံး​ကို တင်​ထား​ရ​မည်။ 35ကု​လား​ကာ​ပြင်​မှာ စား​ပွဲ​ကို​ထား​ရ​မည်။ တဲ​တော်​တောင်​ဘက်​နား​မှာ မီး​ခုံ​ကို​လည်း​ကောင်း၊ မြောက်​ဘက်​နား​မှာ​စား​ပွဲ​ကို​လည်း​ကောင်း၊ တစ်​ဖက်​နှင့် တစ်​ဖက်​ဆိုင်​မိ​အောင် ထား​ရ​မည်။
36တဲ​တော်​တံ​ခါး​ဝ၌​ကာ​ရန်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ချယ်​လှယ်​သော ကု​လား​ကာ​တစ်​ထည်​ကို လုပ်​ရ​မည်။ 37ထို​ကု​လား​ကာ​ဖို့ ရွှေ​တံ​စို့​နှင့်​ပြည့်​စုံ​သော အ​ကာ​ရှ​တိုင်​ငါး​တိုင်​ကို​လုပ်၍ ရွှေ​နှင့် မွမ်း​မံ​ရ​မည်။ ကြေး​ဝါ​ခြေ​စွပ်​ငါး​ခု​ကို​လည်း သွန်း​ရ​မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in