YouVersion Logo
Search Icon

ထွက်မြောက်ရာ 24

24
ပ​ဋိ​ညာဉ်​ကို​အ​တည်​ပြု​ခြင်း
1တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။ 2သင်​တစ်​ယောက်​တည်း​သာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်​ရ​မည်။ အ​ခြား​သော​သူ မ​ချဉ်း​မ​ကပ်​ရ။ လူ​များ​တို့​သည် သင်​နှင့်​အ​တူ​မ​တက်​ရ​ကြ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 3မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​ကို​လည်း​ကောင်း ပြန်​ကြား၍၊ လူ​များ​အ​ပေါင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း အ​ကျွန်ုပ်​တို့ ပြု​ပါ​မည်​ဟု တစ်​သံ​တည်း​ပြန်​ပြော​ကြ၏။ 4မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ရေး​ထား​ပြီး​မှ၊ နံ​နက်​စော​စော​ထ၍၊ တောင်​ခြေ​ရင်း၌​ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​နှင့်​အ​မျှ ကျောက်​တိုင် တစ်​ဆယ်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​လေ၏။ 5ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ပျို​တို့​ကို စေ​ခိုင်း​သည်​အ​တိုင်း၊ သူ​တို့​သည် နွား​များ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​ကြ၏။ 6မော​ရှေ​သည်​လည်း၊ အ​သွေး​တစ်​ဝက်​ကို အင်​တုံ၌​ထည့်၍၊ တစ်​ဝက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​လေ၏။ 7ပ​ဋိ​ညာဉ်​စာ​ကို​လည်း​ယူ၍၊ ပ​ရိ​သတ်​များ​ရှေ့​မှာ ဖတ်​ပြီး​လျှင်၊ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်၊ နား​ထောင်​ပါ​မည်​ဟု ပြော​ဆို​ကြ၏။ 8မော​ရှေ​သည်​လည်း၊ အ​သွေး​ကို​ယူ၍ လူ​များ​အ​ပေါ်​မှာ​ဖျန်း​လျက်၊ ဤ​အ​သွေး​ကား ဤ​အ​မှု​အ​ရာ​တို့​တွင် သင်​တို့၌ ထာ​ဝ​ရ​ဘု​ရား​ဝန်​ခံ​တော်​မူ​သော ပ​ဋိ​ညာဉ်၏​အ​သွေး​ဖြစ်​သည်​ဟု ပြော​ဆို၏။#မ၊ ၂၆:၂၈၊ မာ၊ ၁၄:၂၄၊ လု၊ ၂၂:၂၀၊ ၁ ကော၊ ၁၁:၂၅၊ ဟေဗြဲ၊ ၉:၁၉-၂၀၊ ဟေဗြဲ၊ ၁၀:၂၉။
9ထို​အ​ခါ မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​သည်​တက်၍၊ 10ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို မြင်​ကြ၏။ ခြေ​တော်​အောက်၌ နီ​လာ​ကျောက်​ဖြင့်​ပြီး​သော ကျောက်​ခင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြည်​လင်​သော ကောင်း​ကင်​မျက်​နှာ​ကဲ့​သို့​လည်း​ကောင်း ထင်​လေ၏။ 11ဣ​သ​ရေ​လ​အ​မျိုး​သား​မှူး​မတ်​တို့​ကို အ​ပြစ်​ပေး​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မြင်​ရ​သော်​လည်း၊ စား​သောက်​လျက်​နေ​ကြ၏။
သိ​နာ​တောင်​ပေါ်​သို့
12ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ရှိ​ရာ​တောင်​ပေါ်​သို့ တက်၍​နေ​လော့။ လူ​များ​တို့​အား သွန်​သင်​ဖို့​ရာ ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​သော​ပ​ညတ်​တ​ရား​များ​ကို သင်၌ ငါ​အပ်​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​လျှင်၊ 13မော​ရှေ​သည် မိ​မိ​လက်​ထောက်​ယော​ရှု​နှင့်​အ​တူ​ထ၍ ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​သို့ တက်​သွား၏။ 14အ​သက်​ကြီး​သူ​တို့​အား​လည်း၊ ငါ​တို့​မ​လာ​မီ​တိုင်​အောင် ဤ​အ​ရပ်၌ ငံ့​နေ​ကြ​လော့။ အာ​ရုန်​နှင့်​ဟု​ရ​သည် သင်​တို့၌​ရှိ​သည်​ဖြစ်၍၊ မည်​သည့်​သူ​မ​ဆို အ​မှု​အ​ခင်း​ရှိ​လျှင်၊ သူ​တို့​ထံ​သို့​သွား​စေ​ဟု မှာ​ထား​လေ၏။
15မော​ရှေ​သည်​တောင်​တော်​ပေါ်​သို့​တက်၍၊ မိုး​တိမ်​သည် တောင်​တော်​ကို လွှမ်း​မိုး၏။ 16ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သိ​နာ​တောင်​ပေါ်​မှာ​ထိ၍၊ မိုး​တိမ်​သည် ခြောက်​ရက်​ပတ်​လုံး​လွှမ်း​မိုး၏။ သ​တ္တ​မ​နေ့​ရက်၌ မိုး​တိမ်​အ​ထဲ​က အ​သံ​တော်​ထွက်၍၊ မော​ရှေ​ကို​ခေါ်​တော်​မူ၏။ 17ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တောင်​ထိပ်​ပေါ်​မှာ လောင်​သော​မီး​ကဲ့​သို့ ထင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ရ​ကြ၏။ 18မော​ရှေ​သည် မိုး​တိမ်​အ​ထဲ​သို့​ဝင်​သ​ဖြင့် တောင်​ပေါ်​သို့​ရောက်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး တောင်​ပေါ်​မှာ​နေ​လေ၏။#ဟေ​ဗြဲ၊ ၉:၉။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in