YouVersion Logo
Search Icon

ထွက်မြောက်ရာ 23

23
တ​ရား​မျှ​တ​ရေး
1သင်​သည် မှား​သော​သ​တင်း​စ​ကား​ကို မ​ကြား​မ​ပြော​ရ။ မ​တ​ရား​သော​သူ​တို့​နှင့် ဝိုင်း​ညီ၍ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​ရ။#ထွ၊ ၂၀:၁၆၊ ဝတ်၊ ၁၉:၁၁-၁၂၊ တရား၊ ၅:၂၀။ 2လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။ 3ဆင်း​ရဲ​သော​သူ​ဘက်​၌​လည်း မ​ငဲ့​ကွက်​ရ။#ဝတ်၊ ၁၉:၁၅။ 4သင်​သည် ရန်​သူ​၏​မြင်း​နွား လမ်း​လွဲ​သည်​ကို တွေ့​မြင်​လျှင်၊ အ​မှန်​ပြန်​ပို့​ရ​မည်။#တရား၊ ၂၂:၁-၄။ 5သင့်​ကို မုန်း​သော​သူ​၏​မြည်း​သည်၊ မိ​မိ​ဆောင်​ရွက်​သော ဝန်​အောက်​မှာ လဲ​နေ​သည်​ကို တွေ့​မြင်​လျှင်၊ မ မ​စ​ဘဲ​နေ​နိုင်​သ​လော။ အ​မှန်​ဝိုင်း​ညီ၍ မ​စ​ရ​မည်။ 6သင်၌ ဆင်း​ရဲ​သော​သူ​သည် တ​ရား​တွေ့​သော​အ​ခါ၊ သူ့​ကို မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ 7မ​ဟုတ်​မ​မှန်​သော​အ​မှု​ကို ရှောင်​ရ​မည်။ အ​ပြစ်​မ​ရှိ​သော​သူ၊ ဖြောင့်​မတ်​သော​သူ​ကို မ​ကွပ်​မျက်​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​မ​တ​ရား​သော​သူ​ကို အ​ပြစ်​မ​လွှတ်။ 8သင်​သည် တံ​စိုး​မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​တို့၏​မျက်​စိ​ကို​ကွယ်​စေ၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​စ​ကား​ကို လွဲ​စေ​တတ်၏။#ဝတ်၊ ၁၉:၁၅၊ တရား၊ ၁၆:၁၉။ 9တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ခဲ့​ဖူး​သော​ကြောင့်၊ ဧည့်​သည်​၏​စိတ်​သ​ဘော​ကို သိ​ကြ၏။#ထွ၊ ၂၂:၂၁၊ ဝတ်၊ ၁၉:၃၃-၃၄၊ တရား၊ ၂၄:၁၇-၁၈၊ ၂၇:၁၉။
သ​တ္တ​မ​နှစ်​နှင့် သ​တ္တ​မ​နေ့
10ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်၍ အ​သီး​ကို​သိမ်း​ရ​မည်။ 11သ​တ္တ​မ​နှစ်​တွင် လယ်​ကို​မ​လုပ်​ဘဲ အ​လွတ်​ထား​ရ​မည်။ သို့​ပြု​လျှင် ဆင်း​ရဲ​သော​အ​မျိုး​သား​ချင်း​တို့​သည်၊ စား​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​ကို​လည်း၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​ကို​လည်း ပြု​ရ​မည်။#ဝတ်၊ ၂၅:၁-၇။ 12ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။#ထွ၊ ၂၀:၉-၁၁၊ ၃၁:၁၅၊ ၃၄:၂၁၊ ၃၅:၂၊ ဝတ်၊ ၂၃:၃၊ တရား၊ ၅:၁၃-၁၄။ 13ငါ​ပ​ညတ်​သ​မျှ​တို့၌ သ​တိ​ပြု​ကြ​လော့။ အ​ခြား​သော​ဘု​ရား၏​နာ​မ​ကို မ​မြွက်​မ​ဆို​နှင့်။ သင်၏​နှုတ်​ထဲ​က​မြွက်​သံ​ကို သူ​တစ်​ပါး​မ​ကြား​စေ​နှင့်။
ပွဲ​တော်​ကြီး​သုံး​ခု
(ထွ၊ ၃၄:၁၈-၂၆၊ တရား၊ ၁၆:၁-၁၇)
14တစ်​နှစ်​တွင်​သုံး​ကြိမ် ငါ့​အ​ဖို့​ပွဲ​ခံ​ရ​မည်။ ငါ​မှာ​ထား​ခဲ့​ပြီး​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ ချိန်း​ချက်​သော​နေ့​ရက်​အ​ချိန်၌ အ​ဇု​မ​ပွဲ​ကို​ခံ၍၊ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​သော​မုန့်​ကို စား​ရ​မည်။ 15အ​ကြောင်း​မူ​ကား၊ ထို​လ​တွင် သင်​သည် အဲ​ဂု​တ္တု​ပြည်​က​ထွက်​လာ​သ​တည်း။ ထို​ပွဲ​ကို​ခံ​စဉ် ငါ့​ထံ​သို့​အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။#ထွ၊ ၁၂:၁၄-၂၀၊ ဝတ်၊ ၂၃:၆-၈၊ တော၊ ၂၈:၁၇-၂၅။ 16လယ်​လုပ်၍ အ​သီး​အ​နှံ​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ၊ သိမ်း​ပွဲ​ကို​လည်း​ကောင်း၊ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို သို​ထား​သည်​ကာ​လ၊ နှစ်​လဲ​သော​အ​ခါ၊ သို​ထား​ပွဲ​ကို​လည်း​ကောင်း ခံ​ရ​မည်။#ဝတ်၊ ၂၃:၁၅-၂၁၊ တော၊ ၂၈:၂၆-၃၁၊ ဝတ်၊ ၂၃:၃၉-၄၃။ 17သင်​တို့​တွင် ယောက်ျား​အ​ပေါင်း​တို့​သည်၊ တစ်​နှစ်​လျှင်​သုံး​ကြိမ် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​နှာ​ပြ​ရ​ကြ​မည်။ 18ငါ့​ယဇ်​ကောင်၏​အ​သွေး​ကို၊ တ​ဆေး​ပါ​သော​မုန့်​နှင့်​ရော၍ မ​ပူ​ဇော်​ရ။ ငါ့​ယဇ်​ကောင်​ဆီ​ဥ​ကို နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။ 19သင်၏​မြေ၌ အ​ဦး​သီး​သော​အ​သီး​အ​နှံ အ​ကောင်း​ဆုံး​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။#ထွ၊ ၃၄:၂၆၊ တရား၊ ၁၄:၂၁၊ ၂၆:၂။
က​တိ​တော်​နှ​င့်​ညွှန်​ကြား​ချက်​များ
20ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။ 21ထို​တ​မန်​ကို ရို​သေ​စွာ​ပြု​လော့။ စ​ကား​တော်​ကို နား​ထောင်​လော့။ အာ​ဏာ​တော်​ကို မ​ဆန်​နှင့်။ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို သူ​သည်​မ​လွှတ်။ ငါ့​နာ​မ​သည် သူ၌​တည်​ရှိ၏။ 22အ​ကယ်​စင်​စစ် သင်​သည်​သူ့​စ​ကား​ကို နား​ထောင်၍ ငါ​ပ​ညတ်​သ​မျှ​အ​တိုင်း​ပြု​လျှင်၊ သင်၏​ရန်​သူ​တို့​ကို ငါ​သည်​ရန်​ဘက်​ပြု​မည်။ သင့်​ကို ဆီး​တား​သော​သူ​တို့​ကို​လည်း ငါ​ဆီး​တား​မည်။ 23ငါ့​တ​မန်​သည် သင့်​ရှေ့၌​သွား၍ သင့်​ကို အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ​သို့ ဆောင်​သွင်း၍၊ သူ​တို့​ကို ပယ်​ရှင်း​မည်။ 24သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။ 25သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။ 26သင်၏​ပြည်​တွင် ကိုယ်​ဝန်​ပျက်​သော​သ​တ္တ​ဝါ၊ မြုံ​သော သ​တ္တ​ဝါ​နှင့် ကင်း​လွတ်​လိမ့်​မည်။ သင်၏​အ​သက်​တန်း​ကို ငါ​စုံ​လင်​စေ​မည်။ 27ငါ့​ကို​ကြောက်​တတ်​သော​သ​ဘော​ကို သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်၌ ခပ်​သိမ်း​သော​လူ​မျိုး​ကို ငါ​ဖျက်​ဆီး​မည်။ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို နောက်​သို့​လှည့်​စေ​မည်။ 28ပျား​တူ​များ​ကို​လည်း သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​တို့​သည် ဟိ​ဝိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ​တို့​ကို သင့်​ရှေ့​မှာ​နှင်​ထုတ်​ကြ​လိမ့်​မည်။ 29ထို​လူ​များ​ကို တစ်​နှစ်​ချင်း​တွင် သင့်​ရှေ့​မှာ​ငါ​မ​နှင်​ထုတ်။ သို့​ပြု​လျှင် ပြည်​သည် လူ​ဆိတ်​ညံ၍ သား​ရဲ​သည်​သင့်​တစ်​ဖက်၌ များ​ပြား​လိမ့်​မည်။ 30သင်​သည်​တိုး​ပွား၍ တစ်​ပြည်​လုံး​ကို ဝင်​စား​သည်​တိုင်​အောင်၊ သူ​တို့​ကို သင့်​ရှေ့​မှာ ဖြည်း​ဖြည်း​ငါ​နှင်​ထုတ်​မည်။ 31သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။ 32သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့်​လည်း​ကောင်း၊ သင်​သည်​မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။ 33သင်​သည် ငါ့​ကို​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သူ​တို့​သည်​ပြု​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် သင့်​ပြည်၌​မ​နေ​ရ​ကြ။ သင်​သည် သူ​တို့​ဘု​ရား​ကို​ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​အ​မှန် ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in