YouVersion Logo
Search Icon

တရားဟောရာ 6

6
မ​ဟာ​ပ​ညတ်​တော်
1သင်​တို့​နှင့် သား​မြေး​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ 2ငါ​ပေး​ထား​သော ပ​ညတ်​တ​ရား​တော်​ရှိ​သ​မျှ​တို့​ကို တစ်​သက်​လုံး စောင့်​ရှောက်​မည်​အ​ကြောင်း​နှင့် သင်​တို့၏​အ​သက်​တာ ရှည်​စေ​မည်​အ​ကြောင်း၊ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌​ကျင့်​ဖို့​ရာ သင်​တို့​အား ငါ​သွန်​သင်​စိမ့်​သော​ငှာ၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊ 3အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်​သည် နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ ချမ်း​သာ​ရ၍ အ​လွန်​ပွား​များ​မည်​အ​ကြောင်း နား​ထောင်​လော့။ သ​တိ​နှင့် ကျင့်​စောင့်​လော့။ 4အို​ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။#မာ၊ ၁၂:၂၉။ 5သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​လော့။#မ၊ ၂၂:၃၇။ မာ၊ ၁၂:၃၀။ လု၊ ၁၀:၂၇။ 6ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။#တ​ရား၊ ၁၁:၁၈-၂၀ 7ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။ 8ထို​စ​ကား​ကို​လည်း သင်၏​လက်၌ လ​က္ခ​ဏာ​သက်​သေ​ဖို့​ရာ​လည်း​ကောင်း၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ကဲ့​သို့​လည်း​ကောင်း ချည်​ထား​ရ​မည်။ 9အိမ်​တံ​ခါး၊ မြို့​တံ​ခါး​တို့၌ လည်း​ရေး​ထား​ရ​မည်။
10သင်​မ​တည်​သော မြို့​ကြီး​မြို့​မြတ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​ဖြည့်​ဘဲ ကောင်း​သော​အ​ရာ​နှင့် ပြည့်​သော​အိမ်​တို့​ကို​လည်း​ကောင်း၊#က၊ ၁၂:၇၊ ၂၆:၃၊ ၂၈:၁၃။ 11သင်​မ​တူး​သော ရေ​တွင်း​တို့​ကို​လည်း​ကောင်း၊ သင်​မ​စိုက်​မ​ပျိုး​သော စ​ပျစ်​ဥ​ယျာဉ်​နှင့် သံ​လွင်​ပင်​တို့​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဆောင်​သွင်း​တော်​မူ၍၊ သင်​သည် ဝ​စွာ​စား​လျက်​နေ​ရ​သော​အ​ခါ၊ 12ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ သင့်​ကို​ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။ 13သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည်။ နာ​မ​တော်​အား​ဖြင့်​လည်း ကျိန်​ဆို​ခြင်း​ကို​ပြု​ရ​မည်။#မ၊ ၄:၁၀။ လု၊ ၄:၈။ 14အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သင့်​ပတ်​လည်၌​နေ​သော လူ​မျိုး​တို့၏​ဘု​ရား​ကို မ​ဆည်း​မ​ကပ်​ရ။ 15သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မျက်​ထွက်၍ မြေ​ကြီး​ပြင်​မှာ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ 16သင်​သည် မဿာ​အ​ရပ်၌​ပြု​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စုံ​အ​စမ်း​မ​ပြု​ရ။#မ၊ ၄:၇။ လု၊ ၄:၁၂။ ထွ၊ ၁၇:၁-၇။ 17သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော​သက်​သေ​ခံ​ချက်၊ စီ​ရင်​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကြိုး​စား၍​စောင့်​ရှောက်​ရ​မည်။ 18သင်​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊ 19ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​သ​ဖြင့်၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​မြတ်​ကို ဝင်​စား၍​နေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​လျောက်​ပတ်​သော အ​မှု​တို့​ကို​ပြု​ရ​မည်။
20နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊ 21သင်​က၊ ငါ​တို့​သည်​အဲ​ဂု​တ္တု​ပြည်၌ ဖာ​ရော​ဘု​ရင်၏​ကျွန်​ဖြစ်၍​နေ​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​နှင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။ 22ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကြီး​မား​ခက်​ထန်​သော​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သ​ရဲ​တို့​ကို အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​နှင့် နန်း​တော်​သား​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​တို့​မျက်​မှောက်၌ ပြု​တော်​မူ​ပြီး​လျှင်၊ 23ငါ​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွင်း၍ နေ​ရာ​ချ​ခြင်း​အ​လို့​ငှာ၊ ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ၏။ 24ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​တိုင်​အောင် ကျေး​ဇူး​ပြု​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​အ​သက်​ကို​စောင့်​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ကိုယ်​အ​ကျိုး​ကို​ထောက်၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​လျက်၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ၏။ 25သို့​ဖြစ်၍ ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ရှေ့​တော်၌​ကျင့်​စောင့်​ခြင်း​ငှာ သ​တိ​ပြု​လျှင်၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​ရ​မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in