YouVersion Logo
Search Icon

တရားဟောရာ 29

29
မော​ဘ​ပြည်​တွင်​ပြု​သော​ပ​ဋိ​ညာဉ်
1၁၇ ဤ​ရွေ့​ကား၊ ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​မှ​တစ်​ပါး၊ မော​ဘ​ပြည်၌ မော​ရှေ​သည် ထို​လူ​မျိုး​နှင့် ပ​ဋိ​ညာဉ်​ပြု​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​စ​ကား​တော် ဖြစ်​သ​တည်း။
2တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်​မှာ ဖာ​ရော​ဘု​ရင်၌​လည်း​ကောင်း၊ သူ၏​ကျွန်​အ​ပေါင်း​တို့၌​လည်း​ကောင်း၊ သူ၏​ပြည်​တစ်​လျှောက်​လုံး၌​လည်း​ကောင်း၊ သင်​တို့​မျက်​မှောက်​တွင် ပြု​တော်​မူ​သ​မျှ​တည်း​ဟူ​သော၊ 3ကိုယ်​မျက်​စိ​နှင့်​မြင်​သော အ​လွန်​ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​အ​မှု၊ အ​လွန်​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ၊ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို သင်​တို့​သည် မြင်​ရ​ကြ​ပြီ။ 4သို့​သော်​လည်း နား​လည်​နိုင်​သော​နှ​လုံး၊ မြင်​နိုင်​သော​မျက်​စိ၊ ကြား​နိုင်​သော​နား​တို့​ကို ယ​နေ့​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည် ပေး​တော်​မ​မူ​သေး။ 5အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့​ကို တော၌ ငါ​ပို့​ဆောင်​တော်​မူ​ပြီ။ သင်​တို့ အ​ဝတ်​သည် မ​ဟောင်း​မ​နွမ်း။ သင်​တို့​စီး​သော​ခြေ​နင်း​လည်း မ​ပျက်။ 6သင်​တို့​သည် မုန့်​ကို​မ​စား။ စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို မ​သောက်​ဘဲ နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ကြောင်း​ကို သိ​ရ၏။ 7သင်​တို့​သည် ဤ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့​သည် ငါ​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ ထွက်​လာ​သ​ဖြင့်၊ ငါ​တို့​သည် သူ​တို့​ကို​လုပ်​ကြံ၍၊#တော၊ ၂၁:၂၁-၃၅။ 8သူ​တို့​ပြည်​ကို သိမ်း​ယူ​ပြီး​မှ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်၌ ပေး​လေ၏။ 9သို့​ဖြစ်၍ သင်​တို့​ပြု​လေ​ရာ​ရာ၌ အောင်​နိုင်​မည်​အ​ကြောင်း ဤ​ပ​ဋိ​ညာဉ်​စ​ကား​တို့​ကို စောင့်​ရှောက်၍​ကျင့်​ကြ​လော့။#တော၊ ၃၂:၃၃။ 10-13သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ယ​နေ့​ပြု​တော်​မူ သော သ​စ္စာ​ကို သင်​သည်​ခံ၍၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို ကိုယ်​တော်၏​လူ​မျိုး​အ​ရာ၌ ယ​နေ့ ခန့်​ထား​တော်​မူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ထက်​က မိန့်​တော်​မူ၍၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​မျိုး​အ​နွယ်၏ အ​ကဲ​အ​မှူး၊ အ​သက်​ကြီး​သူ၊ မင်း​အ​ရာ​ရှိ၊ ဣ​သ​ရေ​လ​အ​မျိုး​ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ ထင်း​ခုတ်​သော​သူ၊ ရေ​ခပ်​သော​သူ​မှ​စ၍ တပ်၌​ရှိ​သ​မျှ​သော​သူ​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယ​နေ့​ရပ်​နေ​ကြ၏။
14ထို​မှ​တစ်​ပါး ဤ​ပ​ဋိ​ညာဉ်၊ ဤ​သ​စ္စာ​ကို သင်​တို့​နှင့်​သာ ငါ​ပြု​သည်​ထက်​မ​က၊ 15ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယ​နေ့​ရပ်​နေ​သော​သူ​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​တွင် ယ​နေ့​မ​ပါ​သော​သူ​တို့​နှင့်​လည်း​ကောင်း ငါ​ပြု၏။ 16သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ပေါင်း​ဖော်​သော​သူ၊ ခ​ရီး​သွား၍ လမ်း၌​တွေ့​ကြုံ​သော လူ​မျိုး​တို့​ကို သင်​တို့​သိ​ကြ၏။ 17သူ​တို့၌​ရှိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု​တို့​ကို မြင်​ကြ​ပြီ။ 18ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွှဲ​ရှောင်​ချင်​သော သ​ဘော​ရှိ​လျက်၊ ထို​လူ​မျိုး​တို့၏ ဘု​ရား​များ​ထံ​သို့ သွား၍​ဝတ်​ပြု​သော​ယောက်ျား၊ မိန်း​မ၊ အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ခါး​စွာ​သော​အ​သီး၊ ဒေါ​န​ကို​သီး​တတ်​သော အ​ပင်​မြစ်​သည် သင်​တို့​တွင် ပေါက်​မည်​ဟူ၍​လည်း​ကောင်း၊#ဟေ​ဗြဲ၊ ၁၂:၁၅။ 19ထို​သို့​သော​သူ​သည် ဤ​ကျိန်​ခြင်း​စ​ကား​ကို ကြား​သော​အ​ခါ၊ စိတ်​ခိုင်​မာ​သည်​အ​တိုင်း၊ ငါ​ကျင့်၍ ရေ​ငတ်​ခြင်း​အ​ပေါ်၌ ယစ်​မူး​ခြင်း​ကို ထပ်​ဆင့်​သော်​လည်း၊ ချမ်း​သာ​ရ​မည်​ဟု စိတ်​ထဲ​မှာ ကိုယ်​ကို​ကိုယ် ကောင်း​ချီး​ပေး​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။ 20ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။ 21ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော ပ​ဋိ​ညာဉ် အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​နှင့်​အ​ညီ၊ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ပြစ်​ပေး​ဖို့​ရာ ခွဲ​ထား​တော်​မူ​လိမ့်​မည်။ 22သူ့​နေ​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သော၊ 23အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊#က၊ ၁၉:၂၄-၂၅။ 24ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်၌ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း။ ဤ​ပြင်း​စွာ​သော အ​မျက်​တော်​အ​ရှိန်​ကား၊ အ​ဘယ်​သို့​နည်း​ဟု လူ​အ​မျိုး​မျိုး​တို့​သည် မေး​မြန်း​ကြ​လျှင်၊ 25သူ​တစ်​ပါး​တို့​က၊ ထို​သူ​တို့၏ ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​အ​ခါ၊ သူ​တို့​နှင့်​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို သူ​တို့​သည် စွန့်​ကြ​သော​ကြောင့်​လည်း​ကောင်း၊ 26အ​ထက်​က​သူ​တို့​မ​သိ၊ သူ​တို့​အား အ​ဘယ်​အ​ရာ​ကို​မျှ မ​ပေး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့်​လည်း​ကောင်း၊ 27ဤ​မည်​သော​ကျမ်း​စာ၌ ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​ကို ဤ​ပြည်၌ သင့်​ရောက်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်​သ​ဖြင့်၊ 28ပြင်း​စွာ​သော ဒေါ​သ​အ​မျက် အ​ရှိန်​အား​ကြီး​လျက် သူ​တို့​ပြည်​ထဲ​က သူ​တို့​ကို​နုတ်​ပယ်၍၊ ယ​နေ့​တိုင်​အောင် အ​ခြား​တစ်​ပါး​သော​ပြည်​သို့ နှင်​ထုတ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ​လိမ့်​မည်။ 29မ​ထင်​ရှား​သော​အ​ရာ​တို့​သည်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​ငန်း​အ​တာ​ဖြစ်​ကြ၏။ ဖော်​ပြ​တော်​မူ​သော​အ​ရာ​တို့​သည် ကာ​လ​အ​စဉ်​မ​ပြတ် ငါ​တို့​နှင့် ငါ​တို့​သား​သ​မီး​များ​တို့၏​အ​ငန်း​အ​တာ​ဖြစ်၍၊ ဤ​ပ​ညတ်​တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​ရ​မည်​အ​ကြောင်း​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in