YouVersion Logo
Search Icon

တရားဟောရာ 18

18
လေ​ဝိ​သား၏​ရ​ပိုင်​ခွ​င့်
1လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​အ​စ​ရှိ​သော လေ​ဝိ​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော၍ အ​ဖို့​မ​ရှိ အ​မွေ​မ​ခံ​ရ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မွေ​တည်း​ဟူ​သော မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​တို့​ကို စား​ရ​ကြ​မည်။ 2ထို​ကြောင့်၊ သူ​တို့​သည် ညီ​အစ်​ကို​များ​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့၏ အ​မွေ​ဖြစ်​တော်​မူ၏။#တော၊ ၁၈:၂၀။ 3လူ​တို့​သည် ယဇ်​ပူ​ဇော်​သော​အ​ခါ၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ် ခံ​ရ​သော​အ​ဖို့ ပ​ခုံး​တစ်​ဖက်၊ ပါး​နှစ်​ဖက်၊ အ​အူ​များ​ကို​လည်း​ကောင်း၊ 4အ​ဦး​သိမ်း​သော စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​မွေး​ကို​လည်း​ကောင်း လှူ​ရ​မည်။ 5အ​ကြောင်း​မူ​ကား၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မှု​တော်​ကို အ​စဉ်​ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် သူ့​ကို​ရွေး​ကောက်​တော်​မူ​ပြီ။ 6ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တည်း​ခို​သော လေ​ဝိ​သား​တစ်​စုံ​တစ်​ယောက်​သည်၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​ကို ကြည်​ညို​သော​စိတ်​အား​ကြီး၍ ရောက်​လာ​လျှင်၊ 7ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နေ​ရာ​ရ​သော ညီ​အစ်​ကို လေ​ဝိ​သား​အ​ပေါင်း​တို့​နည်း​တူ သူ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။ 8သူ၏​အ​မွေ​ကို​ရောင်း၍​ရ​သော ဥ​စ္စာ​မှ​တစ်​ပါး၊ လေ​ဝိ​သား​များ​တို့​နှင့်​အ​တူ အ​ညီ​အ​မျှ​ခံ​ရ​မည်။
ရှောင်​ရန်​အ​လေ့​အ​ကျ​င့်​များ
9သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည် ဝင်​စား​သော​အ​ခါ၊ ထို​ပြည်၌​နေ​သော လူ​မျိုး​တို့​ပြု​တတ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​ခြင်း​ငှာ မ​သင်​ရ။ 10သင်​တို့​တွင် မိ​မိ​သား​သ​မီး​ကို မီး​ဖြင့်​ပူ​ဇော်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​နှင့် ဟော​ပြော​သော​သူ၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ မ​ကောင်း​သော​အ​တတ်​ကို ပြု​စု​သော​သူ၊#ဝတ်၊ ၁၉:၂၆။ ထွ၊ ၂၂:၁၈။ 11ပြု​စား​တတ်​သော​သူ၊ နတ်​ဆိုး​နှင့်​ပေါင်း​သော​သူ၊ ဝိ​ဇ္ဇာ​အ​တတ်​ကို ပြု​စု​သော​သူ၊ လူ​သေ​ကို​မေး​မြန်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ရ။#ဝတ်၊ ၁၉:၃၁။ 12ထို​သို့ ပြု​တတ်​သော​သူ အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​တို့​ကြောင့် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။ 13သင်​သည်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ စုံ​လင်​ခြင်း​ရှိ​ရ​မည်။#မ၊ ၅:၄၈။ 14သင်​အ​စိုး​ရ​အံ့​သော လူ​မျိုး​တို့​သည်၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​အား​ဖြင့် ဟော​ပြော​သော​သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။ သင်​မူ​ကား ထို​သို့​ပြု​ရ​အောင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။
မော​ရှေ​နှင့်​တူ​သော​ပ​ရော​ဖက်​တစ်​ပါး
15သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင့်​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​ထောင်​ရ​မည်။#တ၊ ၃:၂၂၊ ၇:၃၇။ 16ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊ 17ထာ​ဝ​ရ​ဘု​ရား​က၊ သူ​တို့​စ​ကား​သည် လျောက်​ပတ်​ပေ၏။ 18သူ​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ သင်​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ၍၊ ထို​ပ​ရော​ဖက်​နှုတ်၌ ငါ့​စ​ကား​ကို ငါ​အပ်​သ​ဖြင့် ငါ​မှာ​ထား​သ​မျှ​တို့​ကို သူ​တို့​အား ဆင့်​ဆို​ရ​လိမ့်​မည်။ 19ထို​ပ​ရော​ဖက်​သည် ငါ့​အ​ခွင့်​နှင့် ဟော​ပြော​သော ငါ့​စ​ကား​တို့​ကို အ​ကြင်​သူ​သည် နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​ကို ငါ​စစ်​ကြော​မည်။#တ၊ ၃:၂၃။ 20ငါ​မ​မှာ​ထား​ဘဲ ငါ့​အ​ခွင့်​ကို​ဆောင်၍ ရဲ​ရင့်​စွာ ဟော​ပြော​သော​ပ​ရော​ဖက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​အ​ခွင့်​နှင့် ဟော​ပြော​သော​ပ​ရော​ဖက်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။ 21သင်​က​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် မ​မူ​သည်​ကို ငါ​တို့​သည် အ​ဘယ်​သို့​သိ​နိုင်​သ​နည်း​ဟု တွေး​တော​လျှင်၊ 22ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​ကို​ဆောင်၍ ဟော​ပြော​သည်​အ​တိုင်း အ​မှု​မ​ဖြစ်၊ ဟော​ပြော​သော​စ​ကား မ​ပြည့်​စုံ​လျှင်၊ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မ​မူ၊ ပ​ရော​ဖက်​သည် ရဲ​ရင့်​စွာ​ဟော​ပြော​ပြီ။ သူ့​ကို မ​ကြောက်​ရ။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in