YouVersion Logo
Search Icon

တရားဟောရာ 17

17
1အ​ပြစ်​ပါ​သော သိုး၊ နွား၊ ယုတ်​သော​လ​က္ခ​ဏာ​ပါ​သော သိုး၊ နွား​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ။ ထို​သို့​သော​ယဇ်​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။
2-3သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​တို့​တွင်၊ နေ၊ လ၊ မိုး​ကောင်း​ကင်​တန်​ဆာ​အ​စ​ရှိ​သော ငါ​မြစ်​တား​သ​မျှ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး၍၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ရှိ​သည်​ဟု၊#ထွ၊ ၂၂:၂၀။ 4သင်​သည် သ​တင်း​ကြား၍ စေ့​စေ့​မေး​မြန်း​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး၌ ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​မိ​သည်​မှန်​လျှင်၊ 5ထို​ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ပြီး​လျှင်၊ ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​မည်။ 6သက်​သေ​ခံ​နှစ်​ယောက် သုံး​ယောက်​ရှိ​လျှင် သေ​ထိုက်​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သက်​သေ​ခံ​တစ်​ယောက်​တည်း​ရှိ​လျှင် အ​သေ​မ​ခံ​ရ။#တော၊ ၃၅:၃၀၊ တရား၊ ၁၉:၁၅၊ မ၊ ၁၈:၁၆၊ ၂ ကော၊ ၁၃:၁၊ ၁ တိ၊ ၅:၁၉၊ ဟေဗြဲ၊ ၁၀:၂၈။ 7ထို​သူ​ကို အ​သေ​သတ်​စိမ့်​သော​ငှာ၊ သက်​သေ​ခံ​တို့​သည် အ​ဦး​ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ပြု​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင် သင်​တို့​မှ ဒု​စ​ရိုက်​ကို ပယ်​ရ​ကြ​လိမ့်​မည်။#၁ ကော၊ ၅:၁၃။
8သင့်​နေ​ရာ​မြို့​တွင် လူ​အ​သက်​ကို သတ်​ခြင်း​အ​မှု၊ တ​ရား​တွေ့​ခြင်း​အ​မှု၊ လူ​ချင်း​ရိုက်​ပုတ်​ခြင်း​အ​မှု​တို့​သည် မင်း​ရှေ့​သို့​ရောက်၍ မ​စီ​ရင် မ​ဆုံး​ဖြတ်​နိုင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊ 9ထို​ကာ​လ​အ​ခါ တ​ရား​သူ​ကြီး​လုပ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​ရှေ့​မှာ အ​စီ​ရင်​ခံ​ရ​မည်။ သူ​တို့​သည်​လည်း စီ​ရင်​ချက်​ကို ဖော်​ပြ​ရ​မည်။ 10ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သား​တို့​သည် ဖော်​ပြ​သော စီ​ရင်​ချက်​အ​တိုင်း၊ သင်​သည် ပြု​ရ​မည်။ သူ​တို့​သွန်​သင်​သည်​အ​တိုင်း ပြု​ရ​ခြင်း​ငှာ စောင့်​ရှောက်​ရ​မည်။ 11သူ​တို့​ဖော်​ပြ​သော ဓ​မ္မ​သတ်​စီ​ရင်​ချက်၊ ကြား​ပြော​သော ဆုံး​ဖြတ်​ချက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။ သူ​တို့​ပြ​သော စီ​ရင်​ချက်​မှ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​ရ။ 12သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​မှု​တော်​ကို​စောင့်​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​စ​ကား​ကို နား​မ​ထောင်​ဘဲ ရဲ​ရင့်​စွာ​ပြု​သော​သူ​ကို အ​သေ​သတ်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​မှ ဒု​စ​ရိုက်​ကို​ပယ်​ရ​မည်။ 13ထို​သ​တင်း​ကို လူ​ခပ်​သိမ်း​တို့​သည်​ကြား​လျှင် ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့် နောက်​တစ်​ဖန် ရဲ​ရင့်​စွာ မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။
ဘု​ရင်​နှ​င့်​ဆိုင်​သော​ညွှန်​ကြား​ချက်
14သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် ဝင်​စား၍​နေ​သော​အ​ခါ၊ သင်​က၊ ငါ့​ပတ်​လည်၌​နေ​သော တစ်​ပါး​သော​လူ​မျိုး​အ​ပေါင်း​တို့​နည်း​တူ၊ ငါ​သည် ရှင်​ဘု​ရင်​အ​ရာ၌ တစ်​စုံ​တစ်​ယောက်​ကို ချီး​မြှောက်​မည်​ဟု ဆို​လျှင်၊#၁ ရာ၊ ၈:၅။ 15သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​သူ၊ ညီ​အစ်​ကို အ​မျိုး​သား​ချင်း​ကို​သာ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ရ​မည်။ ညီ​အစ်​ကို အ​မျိုး​သား​ချင်း​မ​ဟုတ်​သော တစ်​ပါး​အ​မျိုး​သား​ကို မ​ချီး​မြှောက်​ရ။ 16ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။#၃ ရာ၊ ၁၀:၂၈၊ ၆ ရာ၊ ၁:၁၆၊ ၉:၂၈။ 17သူ၏​စိတ်​နှ​လုံး​သည် ဖောက်​ပြန်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း များ​စွာ​သော မ​ယား​တို့​ကို မ​ယူ​ရ။ ရွှေ​ငွေ​ကို​လည်း များ​စွာ​မ​ဆည်း​ဖူး​ရ။#၃ ရာ၊ ၁၁:၁-၈၊ ၃ ရာ၊ ၁၀:၂၇၊ ၆ ရာ၊ ၁:၁၇၊ ၉:၂၇။ 18-20ထို​ရှင်​ဘု​ရင်​သည် သား​စဉ်​မြေး​ဆက်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၌ အ​သက်​တာ​ရှည်​စွာ စိုး​စံ​ခြင်း​အ​လို​ငှာ၊ သူ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ဤ​ပ​ညတ်​တ​ရား​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​အောင် သွန်​သင်​မည်​အ​ကြောင်း၊ သူ၏​ညီ​အစ်​ကို​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ မာ​န​ထောင်​လွှား​သ​ဖြင့်၊ တ​ရား​လမ်း​မှ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မည်​အ​ကြောင်း၊ နန်း​တော်​ပေါ်​မှာ ထိုင်​သော​အ​ခါ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်၌​ရှိ​သော ဤ​ဓ​မ္မ​ပ​ညတ်​တ​ရား​စာ​ကို​ရေး​ကူး၍ လက်​ခံ​စာ​ကို တစ်​သက်​လုံး စောင့်​ရှောက်​ကြည့်​ရှု ဖတ်​ရွတ်​ရ​မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in