YouVersion Logo
Search Icon

တရားဟောရာ 16

16
ပ​သ​ခါ​ပွဲ
(ထွ၊ ၁၂:၁-၂၀)
1သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗိ​ဗ​လ၊ ည​အ​ခါ၌ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​ကြောင့်၊ အ​ဗိ​ဗ​လ​ကို​မှတ်၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​လော့။#ထွ၊ ၁၂:၁-၂၀။ ဝတ်၊ ၂၃:၅-၈။ တော၊ ၂၈:၁၆-၂၅။ 2ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။ 3သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​နေ့​ရက်​ကို တစ်​သက်​လုံး​အောက်​မေ့​ဖို့​ရာ ပ​သ​ခါ​ပွဲ​ခံ​စဉ်၊ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ​ဘဲ၊ တ​ဆေး​မ​ပါ​သော မုန့်​တည်း​ဟူ​သော ဒု​က္ခ​မုန့်​ကို ခု​နစ်​ရက်​ပတ်​လုံး​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​လျင်​တ​ဆော ထွက်​လာ​သ​တည်း။ 4ခု​နစ်​ရက်​ပတ်​လုံး၊ သင့်​နေ​ရာ​ပြည်၌ တ​ဆေး​ပါ​သော​မုန့် မ​ရှိ​ရ။ ပ​ထ​မ​နေ့​ညဉ့်​ဦး​ယံ၌ ပူ​ဇော်​သော​ယဇ်၏​အ​သား​ကို တစ်​ည​လုံး နံ​နက်​တိုင်​အောင် မ​ကျန်​ကြွင်း​စေ​ရ။ 5သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​အ​ရပ်​ရပ်​တို့​တွင် ပ​သ​ခါ​ယဇ်​ကို ပူ​ဇော်​ရ​သော အ​ခွင့်​ရှိ​သည်​မ​ဟုတ်။ 6သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ချိန်၊ နေ​ဝင်​ရာ​ညဉ့်​ဦး​ယံ​အ​ချိန်၌ ပ​သ​ခါ​ယဇ်​ကို ပူ​ဇော်​ရ​မည်။ 7သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​မှာ မီး​နှင့်​ကင်၍​စား​ပြီး​မှ၊ နံ​နက်​အ​ချိန်၌ အိမ်​သို့​ပြန်​သွား​ရ​မည်။ 8ခြောက်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​မည်။ သ​တ္တ​မ​နေ့၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ ထို​နေ့​ရက်၌ အ​လုပ်​မ​လုပ်​ရ။
ခု​နစ်​သီ​တင်း​ပွဲ
(ထွ၊ ၃၄:၂၂၊ ဝတ်၊ ၂၃:၁၅-၂၁)
9စ​ပါး​ကို​ရိတ်​စ​ကာ​လ​နောက်၊ အ​ရေ​အ​တွက်​အား​ဖြင့် ခု​နစ်​သီ​တင်း​လွန်​မှ၊#ဝတ်၊ ၂၃:၁၅-၂၁၊ တော၊ ၂၈:၂၆-၃၁။ 10သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​တိုင်​မှ​စ၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ရ​မည်။ 11သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခု​နစ်​သီ​တင်း​ပွဲ​ကို​ခံ၍ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌​တည်း​ခို​သော လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။ 12သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို အောက်​မေ့၍၊ ဤ​ပ​ညတ်​တ​ရား​တို့​ကို ကျင့်​စောင့်​ရ​မည်။
သ​ကေ​နေ​ပွဲ
(ဝတ်၊ ၂၃:၃၃-၄၃)
13စ​ပါး​နှင့် စ​ပျစ်​ရည်​ကို သိမ်း​ယူ​ပြီး​မှ၊ ခု​နစ်​ရက်​ပတ်​လုံး သ​ကေ​နေ​ပွဲ​ကို ခံ​ရ​ကြ​မည်။#တော၊ ၂၉:၁၂-၃၈။ 14ထို​ပွဲ​ခံ​စဉ်၊ ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန် ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌ တည်း​ခို​သော​လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။ 15ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ ခု​နစ်​ရက်​ပတ်​လုံး သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ဓ​မ္မ​ပွဲ​ကို​ခံ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ တိုး​ပွား​လေ​ရာ​ရာ၊ သင်​လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ အ​မှန်​ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်။
16အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။ 17သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ လူ​အ​သီး​အ​သီး​တို့​သည် တတ်​နိုင်​သည်​အ​တိုင်း ဆက်​ရ​ကြ​မည်။
တ​ရား​စီ​ရင်​ရေး
18သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​မြို့ ရှိ​သ​မျှ​တို့​တွင်၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​တို့​ကို သင့်​နေ​ရာ​ခ​ရိုင်​များ၌ အ​နှံ့​အ​ပြား​ခန့်​ထား​ရ​မည်။ သူ​တို့​သည်၊ လူ​မျိုး​တို့​တွင် တ​ရား​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ရ​ကြ​မည်။ 19သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။#ထွ၊ ၂၃:၆-၈။ ဝတ်၊ ၁၉:၁၅။ 20သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် အ​သက်​ရှင်၍ အ​မွေ​ခံ​မည်​အ​ကြောင်း၊ ဖြောင့်​သော​တ​ရား​လမ်း​သို့​သာ လိုက်​ရ​မည်။ 21သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တည်​သော ယဇ်​ပ​လ္လင်​အ​နား​မှာ အ​ဘယ်​သို့​သော အာ​ရှ​ရ​ပင်​ကို​မျှ မ​စိုက်​ရ။#ထွ၊ ၃၄:၁၃။ 22သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မုန်း​တော်​မူ​သော ရုပ်​တု​ဆင်း​တု​ကို မ​တည်​မ​ထား​ရ။#ဝတ်၊ ၂၆:၁။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in