YouVersion Logo
Search Icon

တရားဟောရာ 13

13
1သင်​တို့​တွင် ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို မြင်​သော​သူ​သည် ပေါ်​လာ၍၊ 2သင်​တို့​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​ကို​ပေး၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​သည် ပြည့်​စုံ​သော်​လည်း၊ 3ထို​ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို​မြင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ချစ်​သည်​မ​ချစ်​သည်​ကို၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​စမ်း​တော်​မူ၏။ 4သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​ရ​ကြ​မည်။ ကြောက်​ရွံ့​သော​စိတ်​နှင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရ​ကြ​မည်။ စ​ကား​တော်​ကို နား​ထောင်​လျက် ဝတ်​ပြု၍၊ ကိုယ်​တော်၌ ဆည်း​ကပ်​မှီ​ဝဲ​ရ​ကြ​မည်။ 5ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တ​ပြည်​မှ သင်​တို့​ကို ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​လိုက်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော​လမ်း​မှ ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဟော​ပြော​သော​ကြောင့်၊ ထို​ပ​ရော​ဖက်​ပြု​သူ​နှင့် အိပ်​မက်​မြင်​သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ ထို​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ပယ်​ရှင်း​ရ​ကြ​မည်။
6သင်၏​ညီ​အစ်​ကို​ရင်း၊ သင်၏​သား​သ​မီး၊ သင်၏​ရင်​ခွင်၌​နေ​သော​မ​ယား၊ ကိုယ်​ကဲ့​သို့​မှတ်​တတ်​သော အ​ဆွေ​ခင်​ပွန်း တစ်​စုံ​တစ်​ယောက်​က၊ သွား​ကြ​စို့။ သင်​လည်း မ​သိ၊ ဘိုး​ဘေး​တို့​လည်း​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ 7သင့်​ပတ်​လည်​အ​နီး​အ​ဝေး၌ နေ​သော​သူ၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ ကိုး​ကွယ်​သော​ဘု​ရား​ကို ဝတ်​ပြု​ကြ​စို့​ဟု တိတ်​ဆိတ်​စွာ သွေး​ဆောင်​လျှင်၊ 8သင်​သည် ဝန်​မ​ခံ​ရ။ သူ၏​စ​ကား​ကို နား​မ​ထောင်​ရ။ သူ့​ကို မြင်​သော​အ​ခါ မ​သ​နား​ရ။ နှ​မြော​သ​ဖြင့် ဝှက်၍​မ​ထား​ရ​ဘဲ၊ သူ့​ကို အ​မှန်​သတ်​ရ​မည်။ 9သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စိမ့်​သော​ငှာ၊ သင်​သည် အ​ဦး​ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ပြု​ရ​ကြ​မည်။ 10ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို နုတ်​ဆောင်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လွဲ​စေ​ခြင်း​ငှာ ကြံ​စည်​သော​ကြောင့်၊ ထို​သူ​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ 11ထို​သ​တင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား၍၊ ထို​သို့​သော အ​ဓ​မ္မ​အ​မှု​ကို သင်​တို့​တွင် နောက်​တစ်​ဖန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ​လိမ့်​မည်။
12အ​ဓ​မ္မ​လူ​တို့​သည် သင်​တို့​အ​ထဲ​က​ထွက်၍၊ သင်​တို့​မ​သိ​သော၊ 13အ​ခြား​တစ်​ပါး​သော​ဘု​ရား​ထံ​သို့ သွား၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ သူ​တို့​မြို့​သူ​မြို့​သား​တို့​ကို သွေး​ဆောင်​ကြောင်း​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​နေ​စ​ရာ​ဖို့​ပေး​တော်​မူ​သော မြို့​တစ်​စုံ​တစ်​မြို့၌ သင်​သည် သ​တင်း​ကြား​လျှင်၊ ထို​အ​မှု​ကို စေ့​စေ့​မေး​မြန်း စစ်​ကြော​ရ​မည်။ 14သ​တင်း​ကြား​သည်​အ​တိုင်း ထင်​ရှား​စွာ ဧ​ကန်​မှန်၍၊ ထို​သို့​သော စက်​ဆုပ်​ဖွယ်​အ​မှု​ကို သင်​တို့​တွင် အ​မှန်​ပြု​မိ​လျှင်၊ 15ထို​မြို့​သူ​မြို့​သား​တို့​ကို ဓား​နှင့် လုပ်​ကြံ​ရ​မည်။ မြို့​မှ​စ၍ မြို့၌​ရှိ​သော လူ​နှင့်​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို ဓား​နှင့် ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။ 16လု​ယူ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို မြို့​လမ်း​မ​အ​လယ်၌​စု​ပုံ၍၊ ထို​မြို့​နှင့်​တ​ကွ လု​ယူ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရ​မည်။ ထို​မြို့​သည် အ​စဉ်​အ​မြဲ အ​မှိုက်​ပုံ​ဖြစ်​ရ​မည်။ နောက်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။ 17ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​အ​ရှိန်​ကို​ငြိမ်း​စေ၍၊ သင်၏​ဘိုး​ဘေး​တို့​အား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင့်​ကို ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့် များ​ပြား​စေ​တော်​မူ​မည်​အ​ကြောင်း၊ ကျိန်​အပ်​သော​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​သိမ်း​မ​ယူ​ဘဲ၊ အ​လုံး​စုံ​တို့​ကို စွန့်​ပစ်​ရ​မည်။ 18ယ​နေ့ ငါ​မှာ​ထား​သည်​အ​တိုင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ကျင့်​သ​ဖြင့်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ပြု​သော​အ​ခါ၊ ရှေး​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in