YouVersion Logo
Search Icon

ဒံယေလ 4

4
မင်း​ကြီး၏​ဒု​တိ​ယ​အိပ်​မက်
1ငါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး ကြား​မှာ​လိုက်​သည်။ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​နေ၍ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော​လူ​မျိုး​တ​ကာ​တို့၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။ 2မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ 3နိ​မိတ်​လ​က္ခ​ဏာ​တော်​သည် အ​လွန်​ကြီး​ပေ၏။ အံ့​ဖွယ်​သော အ​မှု​တော်​လည်း တန်​ခိုး​နှင့်​ပြည်​စုံ​ပေ၏။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ အာ​ဏာ​စက်​တော်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​တော်​မူ၏။
4ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် နန်း​တော်၌ ငြိမ်​ဝပ်​စွာ​နေ၍ စည်း​စိမ်​ကြီး​စဉ်​အ​ခါ၊ 5ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို​မြင်၍၊ သ​လွန်​ပေါ်​မှာ အိပ်​လျက် စိတ်​ထဲ၌ အာ​ရုံ​ပြု​သော ရူ​ပါ​ရုံ​အား​ဖြင့် တုန်​လှုပ်​ခြင်း​သို့ ငါ​ရောက်​လေ၏။ 6ထို​ကြောင့်၊ အိပ်​မက်​အ​နက်​ကို ငါ့​အား​ဖော်​ပြ​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို အ​ထံ​တော်​သို့ သွင်း​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ 7မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် ဝင်​ကြ​လျှင်၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို သူ​တို့​အား ပြ​ပြော​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။ 8နောက်​မှ ငါ​ကိုး​ကွယ်​သော​ဘု​ရား၏ နာ​မ​အား​ဖြင့် ဗေ​လ​တ​ရှာ​ဇာ​ဟု​ခေါ်​သ​မုတ်၍၊ သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော ဒံ​ယေ​လ​သည် ငါ့​ထံ​သို့​ဝင်​လာ​လျှင်၊ 9အ​ချင်း​မာ​ဂု​ဆ​ရာ​ချုပ် ဗေ​လ​တ​ရှာ​ဇာ၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သည်​ကို​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဖွင့်​ပြ​နိုင်​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သို့​ဖြစ်၍၊ ငါ​မြင်​မက်​သော အိပ်​မက်၏ အ​နက်​ကို ဖော်​ပြ​လော့။ 10ငါ​အိပ်​ပျော်​စဉ်​တွင် မြင်​မက်​သည်​ကား၊ ငါ​ကြည့်​ရှု၍ မြေ​ကြီး​အ​လယ်၌ အ​ရပ်​မြင့်​လှ​သော သစ်​ပင်​တစ်​ပင်​ရှိ၏။ 11ထို​အ​ပင်​သည် ကြီး​ပွား၍ ခိုင်​မာ​ခြင်း​သို့ ရောက်၏။ မိုး​ကောင်း​ကင်​သို့​ထိ၍ မြေ​ကြီး​စွန်း​တိုင်​အောင် ထင်​ရှား၏။ 12အ​ရွက်​လည်း​လှ၏။ သ​တ္တ​ဝါ​အ​ပေါင်း​တို့​စား၍ ဝ​လောက်​သော​အ​သီး​နှင့် ပြည့်​စုံ၏။ မြေ​တိ​ရ​စ္ဆာန်​တို့​သည် ထို​သစ်​ပင်​အ​ရိပ်၌ ခို​ကြ၏။ အ​ခက်​အ​လက်​တို့၌ ကောင်း​ကင်​ငှက်​တို့​သည် နား​နေ​ကြ၏။
13အိပ်​ပျော်၍ မြင်​မက်​စဉ်၊ တစ်​ဖန်​ငါ​ကြည့်​ရှု​ပြန်​လျှင်၊ သစ်​ပင်​စောင့်​တည်း​ဟူ​သော သန့်​ရှင်း​သူ​တစ်​ယောက်​သည် ကောင်း​ကင်​မှ ဆင်း​လာ၍၊ 14သစ်​ပင်​ကို လှဲ​လော့။ အ​ခက်​တို့​ကို ခုတ်​လော့။ အ​သီး​အ​ရွက်​တို့​ကို လှုပ်​ချွေ​လော့။ တိ​ရ​စ္ဆာန်​တို့​သည် သစ်​ပင်​အောက်​က​ထွက်၍၊ ငှက်​တို့​သည်​လည်း အ​ကိုင်း​အ​ခက်​ထဲ​က သွား​ကြ​စေ။ 15သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို​ခြွင်း​ထား၍၊ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌ ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့။ 16လူ​စိတ်​သ​ဘော​ပျောက်၍ တိ​ရ​စ္ဆာန်​စိတ်​သ​ဘော​နှင့် ပြည့်​စုံ​စေ​လော့။ 17အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုတ်​မာ​သော သူ​တို့​ကို ချီး​မြှောက်၍ နိုင်​ငံ​ကို​အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း သ​တ္တ​ဝါ​တို့ သိ​နား​လည်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ သစ်​ပင်​စောင့်​တို့​သည် ဤ​သို့​စီ​ရင်​ကြ​ပြီ။ သန့်​ရှင်း​သူ​တို့​သည် အ​မိန့်​တော်​ကို ပေး​ကြ​ပြီ​ဟု ဟစ်​ကြော်​လေ၏။ 18ထို​သို့ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မြင်​မက်​ရ​ပြီ။ ယ​ခု​တွင် အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ငါ​မြင်​သော အိပ်​မက်​အ​နက်​ကို ဖော်​ပြ​လော့။ ငါ့​နိုင်​ငံ​တွင် ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် အ​နက်​ကို ငါ့​အား မ​ဖော်​မ​ပြ​နိုင်​သော်​လည်း၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​ပြည့်​စုံ၍ ဖော်​ပြ​နိုင်​သည်​ဟု ငါ​သည် ကိုယ်​မြင်​သော အိပ်​မက်​ကို ဒံ​ယေ​လ​အား​ပြန်​ပြော၏။
အိပ်​မက်​အ​နက်​ကို​ဖော်​ပြ​ခြင်း
19ထို​အ​ခါ ဗေ​လ​တ​ရှာ​ဇာ အ​မည်​ရှိ​သော ဒံ​ယေ​လ​သည် တစ်​နာ​ရီ​လောက် မိန်း​မော​တွေ​ဝေ၍ စိတ်​ပူ​ပန်​လျက်​နေ၏။ ရှင်​ဘု​ရင်​က၊ အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ အိပ်​မက် အ​နက်​အ​ဓိ​ပ္ပာယ်​ကြောင့် ပူ​ပန်​သော​စိတ်​မ​ရှိ​ပါ​နှင့်​ဟု မိန့်​တော်​မူ၏။ ဗေ​လ​တ​ရှာ​ဇာ​က​လည်း၊ အ​ရှင်​စော၊ ကိုယ်​တော်​ကို မုန်း​သော ရန်​သူ​တို့​အ​ပေါ်၌ အိပ်​မက်​အ​နက်​ရောက်​ပါ​စေ​သော။ 20မြင်​မက်​တော်​မူ​စဉ်​တွင် ကြီး​ပွား၍ ခိုင်​မာ​ထ​သော၊ မိုး​ကောင်း​ကင်​သို့​ထိ၍ မြေ​ကြီး​တစ်​ပြင်​လုံး၌ ထင်​ရှား​ထ​သော၊ 21အ​ရွက်​လှ​လျက်၊ သ​တ္တ​ဝါ အ​ပေါင်း​တို့​စား၍ ဝ​လောက်​သော အ​သီး​နှင့် ပြည့်​စုံ​ထ​သော၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် အောက်၌​နေ​ကြ​သ​ဖြင့်၊ အ​ခက်​အ​လက်​တို့၌ ကောင်း​ကင်​ငှက်​များ မှီ​ခို​နား​နေ​ရာ​ဖြစ်​သော သစ်​ပင်​သည်၊ 22အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ကြီး​ပွား၍ ခွန်​အား​နှင့်​ပြည့်​စုံ​တော်​မူ၏။ ဘုန်း​စည်း​စိမ်​တော်​ကြီး​မြင့်၍ မိုး​ကောင်း​ကင်​သို့​ထိ၏။ အာ​ဏာ​စက်​တော်​လည်း၊ မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​တော်​မူ၏။
23သစ်​ပင်​စောင့်၊ သန့်​ရှင်း​သူ​တစ်​ယောက်​သည် ကောင်း​ကင်​မှ​ဆင်း​လာ၍၊ သစ်​ပင်​ကို ခုတ်​လှဲ​ဖျက်​ဆီး​လော့။ သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို ခြွင်း​ထား၍ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌​ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့​ဟု​ဆို​သည်​မှာ၊ 24အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ၍၊ အ​ရှင်​မင်း​ကြီး​အ​ပေါ်၌ ရောက်​ရ​သော မြင်​မက်​တော်​မူ​ချက်၏​အ​နက်​ဟူ​မူ​ကား၊ 25ကိုယ်​တော်​ကို လူ​စု​ထဲ​က နှင်​ထုတ်၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ နေ​ရာ​ချ​ကြ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို ကိုယ်​တော်​မ​သိ မ​မှတ်​မီ​ကာ​လ၊ ခု​နစ်​နှစ်​ပတ်​လုံး နွား​ကဲ့​သို့ မြက်​ကို​စား၍၊ မိုး​စွတ်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်။ 26သစ်​မြစ်၊ သစ်​ငုတ်​ကို​ခြွင်း​ထား​စေ​ခြင်း​ငှာ စီ​ရင်​ကြ​သည်​အ​ရာ​မှာ၊ ကောင်း​ကင်​ဘုံ​သည် အုပ်​စိုး​ကြောင်း​ကို ကိုယ်​တော်​သိ​ပြီး​သော​နောက်၊ နိုင်​ငံ​တော်​သည် လက်​တော်​မှ မ​ရွေ့​ဘဲ​တည်​လိမ့်​မည်။ 27သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။
28ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး အ​ပေါ်​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ 29တစ်​ဆယ်​နှစ်​လ လွန်​ပြီး​သော်၊ ဗာ​ဗု​လုန်​နန်း​တော်​ပေါ်​မှာ စင်္ကြံ​သွား​လျက်၊ 30ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။ 31ထို​စ​ကား​ကို မြွက်​ဆို​စဉ်​ပင်၊ ကောင်း​ကင်​မှ သက်​ရောက်​သော အ​သံ​ဟူ​မူ​ကား၊ အို​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး၊ နား​ထောင်​လော့။ နိုင်​ငံ​တော်​သည် သင့်​လက်​မှ ရွေ့​သွား​ပြီ။ 32သင့်​ကို လူ​စု​ထဲ​က​နှင်​ထုတ်၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ နေ​ရာ​ချ​ကြ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ ပေး​လို​သော​သူ​တို့​အား ပေး​တော်​မူ​သည်​ကို မင်း​ကြီး​မ​သိ​မ​မှတ်​မီ​ကာ​လ၊ ခု​နစ်​နှစ်​ပတ်​လုံး နွား​ကဲ့​သို့ မြက်​ကို​စား​လျက်​နေ​ရ​မည်​ဟု အ​သံ​ဖြစ်​လေ၏။ 33ထို​စ​ကား​နှင့်​အ​ညီ နေ​ဗု​ခဒ်​နေ​ဇာ၌ ချက်​ချင်း​ဖြစ်၍၊ လူ​စု​ထဲ​က​နှင်​ထုတ်​ကြ​လျက်၊ သူ​သည် နွား​ကဲ့​သို့ မြက်​ကို​စား၍ မိုး​စွတ်​ခြင်း​ကို ခံ​သ​ဖြင့်၊ ကိုယ်​အ​မွေး​သည် ရွှေ​လင်း​တ​အ​တောင် ကဲ့​သို့​လည်း​ကောင်း၊ လက်​သည်း ခြေ​သည်း​တို့​သည် ငှက်​ခြေ​သည်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။
ဘု​ရား​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ခြင်း
34ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​သို့ မျှော်​ကြည့်၍ သ​တိ​ရ​ပြန်​လျှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ကောင်း​ချီး​ပေး၍၊ ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ကို ချီး​မွမ်း​ထော​မ​နာ​ပြု၏။ အာ​ဏာ​တော်​သည် ထာ​ဝ​ရ​အာ​ဏာ​ဖြစ်၏။ နိုင်​ငံ​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက်​တည်၏။ 35မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​တို့၌​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့၌​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​ပြု​ပြင်​တော်​မူ၏။ လက်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်။ အ​ဘယ်​သို့​ပြု​သ​နည်း​ဟု ကိုယ်​တော်​ကို ဆို​နိုင်​သော​သူ​မ​ရှိ။ 36ထို​အ​ခါ ငါ့​စိတ်​ပ​က​တိ​ဖြစ်​ပြန်၍၊ ငါ့​နိုင်​ငံ၏​အ​သ​ရေ​ဖို့ ယ​မန်​ကဲ့​သို့ တင့်​တယ်​ခြင်း အ​ရောင်​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ တိုင်​ပင်​သော မှူး​တော်​မတ်​တော်​တို့​သည် ညီ​လာ​ခံ​ဝင်​ကြ​လျှင်၊ ငါ၏​အာ​ဏာ​တည်​မြဲ​တည်၏။ ငါ့​ဘုန်း​အာ​နု​ဘော်​လည်း ယ​ခင်​ထက် တိုး​ပွား၏။ 37ယ​ခု​တွင် ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ထော​ပ​နာ​ပြု၏။ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော အ​ရာ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ တ​ရား​နှင့် ညီ​လျော်​ကြ၏။ မာ​န​ထောင်​လွှား​သော သူ​တို့​ကို နှိမ့်​ချ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏​ဟု အ​မိန့်​တော်​ကို အ​ရပ်​ရပ်​သို့ ပြန့်​စေ​တော်​မူ၏။

Currently Selected:

ဒံယေလ 4: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in