YouVersion Logo
Search Icon

ဒံယေလ 5

5
ဗေ​လ​ရှာ​ဇာ​၏​ည​စာ​စား​ပွဲ
1တစ်​ရံ​ရော​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး​သည် မှူး​မတ်​တစ်​ထောင်​ကို ခေါ်​ပြီး​လျှင် ကြီး​စွာ​သော​ပွဲ​ကို လုပ်၍၊ မှူး​မတ်​တစ်​ထောင်​နှင့်​တ​ကွ စ​ပျစ်​ရည်​ကို သောက်​တော်​မူ၏။ 2စ​ပျစ်​ရည်​ကို မြည်း​စမ်း​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ထဲ​က ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား၊ ငွေ​ဖ​လား​တို့​နှင့် ကိုယ်​တော်​တိုင်​မှ​စ၍ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် သောက်​ရ​မည်​အ​ကြောင်း၊ ထို​ဖ​လား​တို့​ကို​ယူ​ခဲ့​ရ​မည်​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ 3ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​တိုက်​ထဲ​က သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား​တို့​ကို​ယူ​ခဲ့၍၊ မင်း​ကြီး၊ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် သောက်​ကြ၏။ 4စ​ပျစ်​ရည်​ကို​သောက်၍၊ ရွှေ​ဘု​ရား၊ ငွေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း​ကြ၏။
အုတ်​ထ​ရံ​ပေါ်​မှ​စာ
5ထို​အ​ချိန်​နာ​ရီ​တွင် လူ၏​လက်​ဖျား​သည် ပေါ်​လာ၍ မီး​ခုံ​အ​ထက်၊ နန်း​တော်​အုတ်​ထ​ရံ အင်္ဂ​တေ၌ အ​က္ခ​ရာ​တင်၍ ရေး​ထား၏။ ထို​သို့​ရေး​သော​လက်​ဖျား​ကို ရှင်​ဘု​ရင် မြင်​တော်​မူ​လျှင်၊ 6မျက်​နှာ​တော်​ညှိုး​ငယ်၍ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊ ခါး​ဆစ်​ပြုတ်​မ​တတ်​ဖြစ်၍ ဒူး​ခြင်း​ထိ​ခိုက်​သည်​ရှိ​သော်၊ 7ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊ 8ပ​ညာ​ရှိ ဆ​ရာ​တော်​အ​ပေါင်း​တို့​သည် လာ​ရောက်​ကြ​သော်​လည်း၊ ထို​စာ​ကို မ​ဖတ်​နိုင်​ကြ။ အ​နက်​အ​ဓိ​ပ္ပာယ်​ကို ရှင်​ဘု​ရင်​အား မ​ဟော​မ​ပြော​နိုင်​သော​ကြောင့်၊ 9ဗေ​လ​ရှာ​ဇာ​မင်း​ကြီး​သည် အ​လွန်​စိတ်​ပူ​ပန်​ခြင်း၊ မျက်​နှာ​တော်​ညှိုး​ငယ်​ခြင်း​ရှိ၍၊ မှူး​တော်​မတ်​တော်​တို့​သည် မှိုင်​လျက်​နေ​ကြ၏။
10ထို​အ​ခါ မယ်​တော်​မိ​ဖု​ရား​သည် ရှင်​ဘု​ရင်၏ စ​ကား၊ မှူး​မတ်​တို့၏​စ​ကား​ကို ကြား​သိ​လျှင်၊ ပွဲ​တော်​သို့ ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ စိတ်​တော်​ပူ​ပန်​ခြင်း မ​ရှိ​ပါ​နှင့်။ မျက်​နှာ​ညှိုး​ငယ်​တော် မ​မူ​ပါ​နှင့်။ 11သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော သူ​တစ်​ယောက်​သည် နိုင်​ငံ​တော်​တွင် ရှိ​ပါ၏။ ခ​မည်း​တော်​ဘု​ရား လက်​ထက်​တော်၌၊ ထို​သူ​တွင် ဘု​ရား​ပ​ညာ​နှင့်​တူ​သော ပ​ညာ​ဉာဏ်​သ​တ္တိ ထင်​ရှား​လျက်​ရှိ​ပါ၏။ ထို​သူ​ကို ခ​မည်း​တော်​ဘု​ရား နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​အ​ပေါ်​တွင် ဆ​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ 12အ​ကြောင်း​မူ​ကား၊ အိပ်​မက်​အ​နက်​ကို ဖတ်​ခြင်း၊ နက်​နဲ​ခက်​ခဲ​သော​အ​ရာ​ကို ဖွင့်​ပြ​ခြင်း၊ ပု​စ္ဆာ​အ​မေး​ကို ဖြေ​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော ဉာဏ်​ပ​ညာ​နှင့်​တ​ကွ၊ ထူး​ဆန်း​သော​စိတ်​ဝိ​ညာဉ်​သည် ဒံ​ယေ​လ​အ​မည်​ရှိ​သော ထို​သူ​တွင် ထင်​ရှား​လျက်​ရှိ​ပါ၏။ ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော ဘွဲ့​နာ​မ​ကို​လည်း ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။ ထို​ဒံ​ယေ​လ​ကို ခေါ်​တော်​မူ​လျှင်၊ အ​နက်​ကို ဟော​ပြော​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊
စာ​၏​အ​နက်​ကို​ဖော်​ပြ​ခြင်း
13ဒံ​ယေ​လ​ကို အ​ထံ​တော်​သို့ ခေါ်​သွင်း​လေ၏။ ရှင်​ဘု​ရင်​က၊ ငါ့​ခ​မည်း​တော်​ဘု​ရား​သည် ယု​ဒ​ပြည်​က သိမ်း​ယူ​တော်​မူ​ခဲ့၍၊ ယု​ဒ​လူ​စု၌​ပါ​သော ဒံ​ယေ​လ မှန်​သ​လော။ 14သင်​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော ပ​ညာ​ဉာဏ်​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သည်​ဟု သင်၏ သ​တင်း​ကို ငါ​ကြား၏။ 15ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ငါ့​အား​ဖော်​ပြ​စေ​ခြင်း​ငှာ ဗေ​ဒင်​တတ်​ပ​ညာ​ရှိ​တို့​ကို ငါ့​ထံ​သို့​သွင်း​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။ 16သင်​သည် အ​နက်​များ​ကို​ဖော်​ပြ၍ ပု​စ္ဆာ​အ​မေး​တို့​ကို ဖြေ​နိုင်​သည်​ဟု ငါ​ကြား​ပြီး​သည်​အ​တိုင်း၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ငါ့​အား​ဖော်​ပြ​နိုင်​လျှင်၊ အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 17ဒံ​ယေ​လ​က​လည်း၊ ဆု​တော်​လာဘ်​တော်​ကို ကိုယ်​တော်၌ ရှိ​စေ​တော်​မူ​ပါ။ ပေး​လို​သော​အ​ရာ​များ​ကို အ​ခြား​သူ​အား ပေး​သ​နား​တော်​မူ​ပါ။ သို့​သော်​လည်း၊ ရှေ့​တော်၌ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို​ဖော်​ပြ​ပါ​မည်။ 18အ​ရှင်​မင်း​ကြီး၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် ခ​မည်း​တော် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး၌ နိုင်​ငံ​တော်​နှင့်​တ​ကွ ရွှေ​ဘုန်း​တော်​မြတ်၊ ဂုဏ်​အ​သ​ရေ​တော်​ကို ပေး​သ​နား​တော်​မူ၏။ 19ပေး​သ​နား​တော်​မူ​သော ထို​ရွှေ​ဘုန်း​တော်​မြတ်​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​သည် ရှေ့​တော်၌ ကြောက်​ရွံ့​တုန်​လှုပ်​လျက် နေ​ကြ၏။ သတ်​လို​သော သူ​တို့​ကို သတ်​တော်​မူ၏။ အ​သက်​ရှင်​စေ​လို​သော သူ​တို့​ကို ရှင်​စေ​တော်​မူ၏။ ချီး​မြှောက်​လို​သော သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ နှိမ့်​ချ​လို​သော​သူ​တို့​ကို နှိမ့်​ချ​တော်​မူ၏။ 20မာန်​မာ​န​စိတ်​နှင့် ထောင်​လွှား​စော်​ကား​ခြင်း ရှိ​သော​အ​ခါ၊ ဘုန်း​တန်​ခိုး​ကွယ်​ပျောက်၍ နန်း​တော်​မှ​ကျ၏။ 21လူ​သား​စု​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍ တိ​ရ​စ္ဆာန်​သ​ဘော​နှင့် ပြည့်​စုံ၏။ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ အ​လို​တော်​ရှိ​သော​သူ​တို့​အား အပ်​တော်​မူ​သည်​ကို မ​သိ​မှတ်​မီ​တိုင်​အောင်၊ မြည်း​ရိုင်း​တို့​နှင့် ပေါင်း​ဖော်​လျက်၊ နွား​ကဲ့​သို့ မြက်​ကို​စား​လျက်၊ မိုး​စွတ်​ခြင်း​ကို ခံ၍​နေ​ရ၏။
22အ​ရှင်​သား​တော် ဗေ​လ​ရှာ​ဇာ၊ ကိုယ်​တော်​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို သိ​သော်​လည်း၊ စိတ်​နှ​လုံး​ကို မ​နှိမ့်​ချ​ဘဲ၊ 23ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။ 24ထို​ကြောင့်၊ လက်​ဖျား​ကို​စေ​လွှတ်၍ ထို​စာ​ကို ရေး​စေ​တော်​မူ၏။ 25စာ​ချက်​ဟူ​မူ​ကား၊ မေ​နေ​မေ​နေ၊ တေ​က​လ၊ ဖေ​ရက်​ဟု အ​က္ခ​ရာ​တင်​လျက်​ရှိ၏။ 26မေ​နေ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား၊ ကိုယ်​တော်၏​နိုင်​ငံ​ကို ဘု​ရား​သ​ခင် ရေ​တွက်၍ ဆုံး​စေ​တော်​မူ၏။ 27တေ​က​လ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား၊ ကိုယ်​တော်​ကို ချိန်​ခွင်​နှင့်​ချိန်၍ လျော့​ကြောင်း​ကို တွေ့​မြင်​တော်​မူ၏။ 28ဖေ​ရက်၏ အ​နက်​ဓိ​ပ္ပာယ်​ကား၊ နိုင်​ငံ​တော်​ကို​ခွဲ​ဝေ၍ မေ​ဒိ​လူ၊ ပေ​ရ​သိ​လူ​တို့​အား အပ်​ပေး​တော်​မူ၏​ဟု ဆို​လို​သ​တည်း​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ ပြန်​ကြား​လျှောက်​ထား၏။ 29ထို​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို အ​ဝတ်​နီ​ဝတ်​ဆင်​စေ၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​ပြီး​မှ၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​သည်​ဟု မြို့​ကို​လည်၍ ဟစ်​ကြော်​ကြ၏။#က၊ ၄၁:၄၂။
30ထို​ည၌​ပင် ခါ​လ​ဒဲ​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​မင်း​သည် အ​သက်​ဆုံး၍၊ 31မေ​ဒိ​အ​မျိုး ဒါ​ရိ​မင်း​သည် အ​သက်​ခြောက်​ဆယ်​နှစ်​နှစ်​တွင် နိုင်​ငံ​တော်​ကို သိမ်း​ယူ​တော်​မူ၏။

Currently Selected:

ဒံယေလ 5: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in