YouVersion Logo
Search Icon

ဒံယေလ 1

1
ဒံ​ယေ​လ​နှင့်​အ​ဖော်​များ
(၁:၁-၆:၂၈)
ဣ​သ​ရေ​လ​လူ​ငယ်​များ
1ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​လာ၍ ဝန်း​ရံ​လေ၏။#၄​ရာ၊ ၂၄:၁။ ၆​ရာ၊ ၃၆:၅-၇။ 2ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။ 3ထို​အ​ခါ ရှင်​ဘု​ရင်​သည် မိန်း​မ​စိုး​အုပ် အာ​ရှ​ပေ​နတ်​ကို​ခေါ်​တော်​မူ၍၊ 4မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။#၄ ရာ၊ ၂၀:၁၇-၁၈၊၂၄:၁၀-၁၆။ ၆ ရာ၊ ၃၆:၁၀။ ဟေ​ရှာ၊ ၃၉:၇-၈။ 5ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို နေ့​တိုင်း​ပေး၍ သုံး​နှစ်​ကျွေး​မွေး​ပြီး​မှ၊ အ​မှု​တော်​ထမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။ 6ထို​သူ​တို့​တွင် ယု​ဒ​အ​မျိုး​သား ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​သည်​ပါ​ကြ၏။ 7မိန်း​မ​စိုး​အုပ်​သည် ထို​သူ​တို့​ကို အ​မည်​နာ​မ​လဲ၍၊ ဒံ​ယေ​လ​ကို ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို မေ​ရှက်၊ အာ​ဇ​ရိ​ကို အ​ဗေ​ဒ​နေ​ဂေါ​ဟု၊ အ​သီး​အ​သီး အ​မည်​အ​သစ်​ကို​ပေး၏။
8ဒံ​ယေ​လ​မူ​ကား၊ ပွဲ​တော်​မှ​ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို မ​သောက်​မ​စား​ဘဲ၊ ညစ်​ညူး​ခြင်း​ကို ရှောင်​မည်​ဟု​အ​ကြံ​ရှိ၍၊ မိ​မိ​ကို မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း၊ မိန်း​မ​စိုး​အုပ်​ကို အ​ခွင့်​တောင်း၏။ 9ဘု​ရား​သ​ခင် ပြု​ပြင်​တော်​မူ​သော​အား​ဖြင့်၊ မိန်း​မ​စိုး​အုပ်​သည် ဒံ​ယေ​လ​ကို အ​လွန်​ချစ်​သ​နား​သော်​လည်း၊ 10ငါ့​သ​ခင်​ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ငါ​ကြောက်၏။ သင်​တို့​အ​စား​အ​သောက်​ကို စီ​ရင်​တော်​မူ​ပြီ။ သင်​တို့​မျက်​နှာ​သည် အ​ရွယ်​တူ လူ​ပျို​တို့၏ မျက်​နှာ​လောက် အ​ဆင်း​မ​လှ​သည်​ကို မြင်​တော်​မူ​လျှင်၊ သင်​တို့​အ​တွက် ငါ​သည် ရာ​ဇ​ဝတ်​သင့်၍ အ​သက်​မ​လွတ်​ရ​ဟု ဒံ​ယေ​လ​ကို ပြော​ဆို၏။ 11ထို​အ​ခါ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​ကို ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ဒံ​ယေ​လ​က၊ 12အ​ကျွန်ုပ်​တို့ စား​သောက်​စ​ရာ​ဖို့ ဟင်း​သီး​ဟင်း​ရွက်​နှင့် ရေ​ကို​သာ ဆယ်​ရက်​ပတ်​လုံး​ပေး​စမ်း​ပါ။ 13ထို​နောက်၊ အ​ကျွန်ုပ်​တို့​မျက်​နှာ​နှင့်၊ ပွဲ​တော်​မှ ကြွင်း​သော အ​စာ​ကို​စား​သော လူ​ပျို​တို့၏​မျက်​နှာ​ကို သ​ခင်​ရှေ့၌ စစ်​တော်​မူ​ပါ​စေ။ ကိုယ်​တော်​တိုင်​မြင်​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​ကို စီ​ရင်​တော်​မူ​ပါ​ဟု ပြော​လျှင်၊ 14စား​တော်​ကဲ​သည် ဝန်​ခံ၍ ဆယ်​ရက်​စုံ​စမ်း​လေ​၏။ 15ဆယ်​ရက်​စေ့​လျှင် သူ​တို့​မျက်​နှာ​သည်၊ ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​ကို စား​သော လူ​ပျို​အ​ပေါင်း​တို့၏ မျက်​နှာ​ထက် အ​ဆင်း​လှ၍ ဖွံ့​ဝ​လျက်​ရှိ၏။ 16ထို​အ​ခါ စား​တော်​ကဲ​သည် သူ​တို့​အ​စာ​ကို​လည်း​ကောင်း၊ သူ​တို့​သောက်​ဖို့ စ​ပျစ်​ရည်​ကို​လည်း​ကောင်း ရုပ်​သိမ်း၍၊ ဟင်း​သီး ဟင်း​ရွက်​နှင့်​သာ ကျွေး​မွေး၏။ 17ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။
18နန်း​တော်​သို့ သွင်း​စေ​ခြင်း​ငှာ ချိန်း​ချက်​တော်​မူ​သော အ​ချိန်​ရောက်​သော်၊ မိန်း​မ​စိုး​အုပ်​သည် လု​လင်​များ​တို့​ကို​ခေါ်၍ နန်း​တော်​သို့ သွင်း​လေ၏။ 19ရှင်​ဘု​ရင်​သည် ထို​လု​လင်​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​တော်​မူ​ပြီး​လျှင်၊ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​နှင့် တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် အ​ထံ​တော်၌ ခ​စား​ရ​သော အ​ခွင့်​အ​ရာ​ကို ရ​ကြ၏။ 20ရှင်​ဘု​ရင်​မေး​တော်​မူ​သ​မျှ​သော အ​တတ်​ပ​ညာ​ကို ထို​လု​လင်​တို့​သည် နိုင်​ငံ​တော်၌​ရှိ​သ​မျှ​သော မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်​များ​ထက်​သာ၍ ဆယ်​ဆ​တတ်​ကြ​သည်​ကို တွေ့​မြင်​တော်​မူ၏။ 21ဒံ​ယေ​လ​သည် ကု​ရု​မင်း​ကြီး​နန်း​စံ ပ​ထ​မ​နှစ်​တိုင်​အောင် ရှိ​နေ​သ​တည်း။

Currently Selected:

ဒံယေလ 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in