YouVersion Logo
Search Icon

တမန်တော် 17

17
သက်​သာ​လော​နိတ်​မြို့​တွင် အ​မှု​ဆောင်​ခြင်း
1ထို​နောက်၊ အံ​ဖိ​ပေါ​လိ​မြို့၊ အာ​ပေါ​လော​နိ​မြို့​ကို​လျှောက်​သွား၍ သက်​သာ​လော​နိတ်​မြို့​သို့ ရောက်​ကြ၏။ ထို​မြို့​မှာ​ယု​ဒ​တ​ရား​ဇ​ရပ်​ရှိ၏။- 2ပေါ​လု​သည် မိ​မိ​ထုံး​စံ​ရှိ​သည်​အ​တိုင်း ထို​ဇ​ရပ်​သို့ ဝင်၍၊ ဥ​ပုသ်​နေ့​သုံး​ရက်​တွင် ကျမ်း​စာ​ကို​အ​မှီ​ပြု၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​သ​ဖြင့်၊- 3ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်။ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။ ငါ​ဟော​ပြော​သော​ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟူ​သော​အ​ကြောင်း အ​ရာ​တို့​ကို ရှင်း​လင်း​စွာ​ဖွင့်​ပြ​လေ၏။- 4ထို​သူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍၊ ပေါ​လု၊ သိ​လ​တို့​နှင့် ပေါင်း​ဖော်​ကြ၏။ ဘု​ရား​ကို ကိုး​ကွယ်​သော ဟေ​လ​သ​လူ အ​ပေါင်း​တို့​နှင့် ထင်​ရှား​သော မိန်း​မ​များ​တို့​လည်း ယုံ​ကြည်​ကြ၏။- 5ယု​ဒ​လူ​တို့​သည် ဆိုး​ယုတ်​လျှပ်​ပေါ်​သော သူ​အ​ချို့​တို့​ကို​ခေါ်၍ လူ​များ​ကို စု​ဝေး​စေ​ပြီး​လျှင်၊ မြို့၌ အုတ်​အုတ်​သဲ​သဲ ပြု​ကြ၏။ ယာ​သုန်၏ အိမ်​ကို​ဝိုင်း၍ သူ​တို့​ကို လူ​များ​ရှေ့​သို့​ဆွဲ​ထုတ်​ခြင်း​ငှာ ရှာ​ကြ၏။- 6မ​တွေ့​လျှင်၊ ယာ​သုန်​နှင့် ညီ​အစ်​ကို​အ​ချို့​တို့​ကို မင်း​အ​ရာ​ရှိ​တို့​ထံ​သို့​ဆွဲ​ငင်၍၊ လော​ကီ​နိုင်​ငံ​ကို မှောက်​လှန်​သော ဤ​သူ​တို့​သည် ဤ​အ​ရပ်​တိုင်​အောင် ရောက်​ကြ​ပါ​ပြီ။- 7ယာ​သုန်​သည်​လည်း သူ​တို့​ကို လက်​ခံ​ပါ​ပြီ။ ထို​သူ​အ​ပေါင်း​တို့​သည် ကဲ​သာ​ဘု​ရင်၏ အ​မိန့်​တော်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ယေ​ရှု​အ​မည်​ရှိ​သော ရှင်​ဘု​ရင်​တစ်​ပါး​ရှိ​သည် ဆို​တတ်​ပါ၏​ဟု ဟစ်​ကြော်​လျက်၊- 8မင်း​အ​ရာ​ရှိ​မှ​စ၍ စု​ဝေး​သော​သူ​တို့၏​စိတ်​ကို ထို​သို့​သော စ​ကား​အား​ဖြင့် နှောင့်​ယှက်​ကြ၏။- 9ထို​အ​ခါ ယာ​သုန်​မှ​စ၍ ကြွင်း​သော​သူ​တို့​ကို အာ​မ​ခံ​ပေး​စေ​ပြီး​မှ လွှတ်​လိုက်​ကြ၏။
ဗေ​ရိ​မြို့​တွင်​အ​မှု​ဆောင်​ခြင်း
10ည​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့် သိ​လ​ကို ဗေ​ရိ​မြို့​သို့ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ ထို​မြို့​သို့ ရောက်​လျှင် ယု​ဒ​တ​ရား​ဇ​ရပ်​သို့ ဝင်​ကြ၏။- 11ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။- 12ထို​ကြောင့်၊ ယု​ဒ​လူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်​ကြ၏။ အ​သ​ရေ​ထင်​ရှား​သော ဟေ​လ​သ​မိန်း​မ​တို့​နှင့် ယောက်ျား​အ​များ​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။- 13ပေါ​လု​သည် ဗေ​ရိ​မြို့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သည်​ကို၊ သက်​သာ​လော​နိတ်​မြို့​သား​ဖြစ်​သော ယု​ဒ​လူ​တို့​သည် ကြား​သိ​ရ​လျှင်၊ ဗေ​ရိ​မြို့​သို့​လာ​ပြန်၍ လူ​များ​တို့​ကို တိုက်​တွန်း နှိုး​ဆော်​ကြ၏။- 14ထို​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ပင်​လယ်​လမ်း​ဖြင့် သွား​စေ​ခြင်း​ငှာ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ သိ​လ​နှင့် တိ​မော​သေ​တို့​သည် နေ​ရစ်​ကြ၏။- 15ပေါ​လု​ကို​ပို့​သော​သူ​တို့​သည် အာ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​မှ၊ သိ​လ​နှင့် တိ​မော​သေ​တို့​ကို အ​လျင်​အ​မြန်​လာ​စေ​ခြင်း​ငှာ မှာ​စာ​ကို​ခံ၍ ပြန်​ကြ၏။
အာ​သင်​မြို့​တွင်​အ​မှု​ဆောင်​ခြင်း
16ပေါ​လု​သည် အာ​သင်​မြို့၌ သိ​လ​နှင့် တိ​မော​သေ​တို့​ကို ငံ့​လင့်၍ နေ​စဉ်​တွင်၊ ထို​မြို့​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ​သည်​ကို​မြင်​လျှင် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၏။- 17ထို​ကြောင့် တ​ရား​ဇ​ရပ်၌ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော သူ​တို့​နှင့်​လည်း​ကောင်း၊ လူ​များ​စု​ဝေး​ရာ​အ​ရပ်၌ နေ့​တိုင်း​တွေ့​ကြုံ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆွေး​နွေး​နှီး​နှော​ခြင်း​ကို ပြု၏။- 18ထို​အ​ခါ ဧ​ပိ​ကု​ရု​တ​ပည့်​တို့​နှင့် သ​တော​အိတ် ပ​ညာ​ရှိ​အ​ချို့​တို့​သည် ပေါ​လု​နှင့် ဆိုင်​ပြိုင်၍၊ အ​ချို့​က၊ ဤ​မ​ရေ​ရာ​သော​လူ​သည် အ​ဘယ်​သို့​ပြော​ချင်​သ​နည်း​ဟု ဆို၏။ အ​ချို့​က​လည်း၊ ဤ​သူ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ နတ်​ဘု​ရား​တို့၏ အ​ကြောင်း​ကို ဟော​ပြော​သော​သူ ဖြစ်​ဟန်​ရှိ​သည်​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ပေါ​လု​သည် ယေ​ရှု၏​တ​ရား​နှင့် ထ​မြောက်​ခြင်း တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သ​တည်း။- 19ထို​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို​ခေါ်၍ အာ​ရေ​တောင်​သို့ ဆောင်​သွား​ပြီး​လျှင်၊ သင်​သည် ဟော​ပြော​သော ဤ​အ​ယူ​ဝါ​ဒ​သစ်​ကို ငါ​တို့ သိ​အပ်​သ​လော။- 20ငါ​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော​အ​ရာ​တို့​ကို သင်​သည် ကြား​ပြော၏။ ထို​အ​ရာ​များ​ကား အ​ဘယ်​သို့ ဆို​လို​သည်​ကို ငါ​တို့​သိ​ချင်​ပါ​သည်​ဟု ဆို​ကြ၏။- 21အာ​သင်​မြို့​သူ မြို့​သား​အ​ပေါင်း​တို့​နှင့် ဧည့်​သည်​များ​တို့​သည် သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း၊ နား​ထောင်​ခြင်း အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​ဖြင့် ကာ​လ​ကို မ​လွန်​စေ​တတ်​ကြ။
22ထို​အ​ခါ ပေါ​လု​သည် အာ​ရေ​တောင်​ပေါ်၌ ရပ်​လျက်၊ အ​ချင်း အာ​သင်​လူ​တို့၊ သင်​တို့​သည် ခပ်​သိမ်း​သော​အ​ရာ​တို့၌ နတ်​ဘု​ရား​တို့​ကို အ​လွန်​ရို​သေ​တတ်​ကြ​သည်​ကို ငါ​မြင်​ပါ၏။- 23လမ်း၌​သွား၍​သင်​တို့၏ ဘု​ရား​များ​ကို ကြည့်​ရှု​သည်​တွင်၊ ငါ​တို့​မ​သိ​သော ဘု​ရား​သ​ခင်​အ​ဖို့​ဟူ၍ အ​က္ခ​ရာ​တင်​သော ယဇ်​ပ​လ္လင်​တစ်​ခု​ကို တွေ့​ပါ၏။ သင်​တို့​သည် မ​သိ​ဘဲ​လျက် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို ငါ​ဟော​ပြော၏။- 24လော​က​ဓာတ်​မှ​စ၍ လော​က​ဓာတ်၌ ရှိ​လေ​သ​မျှ​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်၍၊ လူ​တို့​လက်​ဖြင့် လုပ်​သော​ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။- 25ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သူ​တို့​အား ဇီ​ဝ​အ​သက်​နှင့် တ​ကွ ထွက်​သက်​ဝင်​သက်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်၍၊ တစ်​စုံ​တစ်​ခု​ကို အ​လို​တော်​ရှိ​သ​ကဲ့​သို့ လူ​တို့​လက်​ဖြင့် ကျွေး​မွေး​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။-#၃​ရာ၊ ၈:၂၇။ ဟေ​ရှာ၊ ၄၂:၅။ တ၊ ၈:၄၇။ 26ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။- 27အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ဘု​ရား​သ​ခင်​ကို ရှာ​စမ်း​သ​ဖြင့် တွေ့​ကောင်း​တွေ့​ကြ​လိမ့်​မည် အ​ကြောင်း​တည်း။ သို့​ဆို​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် အ​ဘယ်​သူ​နှင့်​မျှ ဝေး​တော်​မူ​သည်​မ​ဟုတ်။- 28ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။
29ထို​သို့​ငါ​တို့​သည် ဘု​ရား​သ​ခင်၏ အ​မျိုး​အ​နွယ်​ဖြစ်​လျက်​နှင့် လူ​တို့​အ​တတ်​အ​ကြံ​အ​စည်​အား​ဖြင့် ထု​လုပ်​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက်​ရုပ်​တု​နှင့် ဘု​ရား​သ​ခင်​တူ​တော်​မူ​သည်​ဟု မ​ထင်​မ​မှတ်​အပ်။- 30ဘု​ရား​သ​ခင်​သည် မိုက်​မဲ​သော အ​ချိန်​ကာ​လ​တို့​ကို အ​မှု​မ​ထား​ဖူး​သော်​လည်း၊ ယ​ခု​မှာ ကိုယ်​အ​ပြစ်​ကို မြင်၍ နောင်​တ​ရ​ကြ​လော့​ဟု ခပ်​သိမ်း​သော အ​ရပ်​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​အား ပ​ညတ်​တော်​မူ၏။- 31အ​ကြောင်း​မူ​ကား၊ ခန့်​ထား​တော်​မူ​သော သူ​အား​ဖြင့် လော​ကီ​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ညီ​လျော်​စွာ စစ်​ကြော​စီ​ရင် မည့်​နေ့​ရက်​ကို ချိန်း​ချက်​တော်​မူ​ပြီ။ ထို​သူ​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့် ခပ်​သိမ်း​သော​လူ​တို့​အား ယုံ​လောက်​သော သက်​သေ​ကို​ပြ​တော်​မူ​ပြီ​ဟု ပေါ​လု​ဟော​ပြော၏။- 32သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ရ​လျှင်၊ အ​ချို့​တို့​သည် ကဲ့​ရဲ့​ကြ၏။ အ​ချို့​တို့​က၊ ဤ​အ​မှု​မှာ သင်၏​စ​ကား​ကို ငါ​တို့​သည် နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်​ဟု ဆို​ကြ၏။- 33ထို​သို့​ဆို​ကြ​သော​အ​ခါ ပေါ​လု​သည် ထို​သူ​တို့ အ​ထဲ​မှ ထွက်​သွား​လေ၏။- 34လူ​အ​ချို့​တို့​သည် ပေါ​လု၌ မှီ​ဝဲ​ဆည်း​ကပ်၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။ ထို​သူ​တို့​အ​ဝင် ဒ​ယော​နု​သိ အ​မည်​ရှိ​သော အာ​ရေ​တောင် မင်း​တစ်​ယောက်၊ ဒ​မာ​ရိ အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​မှ​စ၍ အ​ခြား​သော​သူ​ရှိ​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy