YouVersion Logo
Search Icon

တမန်တော် 16

16
တိ​မော​သေ​လိုက်​ပါ​သွား​ခြင်း
1ထို​နောက်​မှ ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​နှင့် လု​တ္တ​ရ​မြို့​သို့ ရောက်​လေ၏။ လု​တ္တ​ရ​မြို့၌ တိ​မော​သေ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မိ​ကား၊ ယုံ​ကြည်​သော ယု​ဒ​မိန်း​မ​ဖြစ်၏။ အ​ဘ​ကား၊ ဟေ​လ​သ​လူ​ဖြစ်၏။- 2ထို​သူ​သည်​လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ​ဖြစ်၏။- 3ပေါ​လု​သည် ထို​သူ​ကို​ခေါ်​ခြင်း​ငှာ အ​လို​ရှိ၍၊ သူ၏​အ​ဘ​သည် ဟေ​လ​သ​လူ​ဖြစ်​သည်​ကို ထို​အ​ရပ်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ့​အား​ပေး​လေ၏။- 4သူ​တို့​သည် မြို့​များ​ကို​လျှောက်​သွား​စဉ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် စီ​ရင်​သော​ပ​ညတ်​တို့​ကို အ​သင်း​များ​ကျင့်​စောင်​ဖို့​ရာ အပ်​ပေး​ကြ၏။- 5ထို​သို့​အ​သင်း​တော်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မြဲ​မြံ​သည်​ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​နေ့​ထက်​တစ်​နေ့ တိုး​ပွား​များ​ပြား​ကြ၏။
ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​ခြင်း
6ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊- 7မု​သိ​ပြည်​သို့​ရောက်၍၊ ဗိ​သု​နိ​ပြည်​သို့ သွား​မည်​ပြု​ကြ​စဉ်၊ ဝိ​ညာဉ်​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​သော​ကြောင့်၊- 8မု​သိ​ပြည်​အ​နား​မှာ​လျှောက်၍ တ​ရော​မြို့​သို့ ရောက်​ကြ၏။
9ည​အ​ခါ​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ၍၊ မာ​ကေ​ဒေါ​နိ လူ​တစ်​ယောက်​က၊ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့​ကို​မ​စ​ပါ​ဟု ရပ်​လျက် တောင်း​ပန်၏။- 10ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။
လု​ဒိ​ယုံ​ကြည်​သူ​ဖြစ်​လာ​ခြင်း
11ထို​ကြောင့်၊ တ​ရော​မြို့​မှ သင်္ဘော​လွှင့်၍ သာ​မော​သ​ရက်​ကျွန်း​သို့ တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ နာ​ပေါ​လိ​မြို့​သို့ ရောက်​ကြ၏။- 12ထို​မြို့​မှ​ထွက်​ပြန်​လျှင် မင်း​မှု​လွတ်​သော​မြို့​တည်း​ဟူ​သော မာ​ကေ​ဒေါ​နိ​ပြည်​တစ်​ပိုင်း​ကို အ​စိုး​ရ​သော ဖိ​လိ​ပ္ပိ​မြို့​သို့​ရောက်၍ ကာ​လ​အ​တန်​အ​ရာ နေ​ကြ၏။
13ဥ​ပုသ်​နေ့၌ ငါ​တို့​သည် မြို့​ပြင်​သို့​ထွက်​လျှင်၊ ပ​တ္ထ​နာ​ဇ​ရပ်​ရှိ​တတ်​ရာ မြစ်​နား​သို့​သွား၍ ထိုင်​ပြီး​မှ၊ ထို​အ​ရပ်၌​စည်း​ဝေး​သော မိန်း​မ​တို့​အား ဟော​ပြော​ကြ၏။- 14ထို​အ​ခါ နီ​မောင်း​သော​အ​ထည်​အ​လိပ်​ကို ရောင်း​သော သွာ​တိ​ရဲ​မြို့​သူ လု​ဒိ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၍၊ တ​ရား​နာ​စဉ်​တွင် ပေါ​လု​ဟော​ပြော​သော​အ​ရာ​ကို မှီ​ဝဲ​ဆည်း​ကပ်​စေ​ခြင်း​ငှာ သူ၏​စိတ်​နှ​လုံး​ကို သ​ခင်​ဘု​ရား ဖွင့်​တော်​မူ၏။- 15ထို​မိန်း​မ​သည် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ၊ ကျွန်​မ​သည် သ​ခင်​ဘု​ရား၌ အ​မှန်​ယုံ​ကြည်​သည်​ကို သင်​တို့​သည် ထင်​မှတ်​လျှင်၊ ကျွန်​မ​အိမ်​သို့ ဝင်၍​နေ​ကြ​ပါ​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို အ​နိုင်​သွေး​ဆောင်​လေ၏။
ဖိ​လိ​ပ္ပိ​ထောင်​တွင်​အ​ကျဉ်း​ခံ​ရ​ခြင်း
16ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။- 17ထို​မိန်း​မ​ငယ်​သည် ပေါ​လု​နှင့် ငါ​တို့​နောက်​သို့​လိုက်၍၊ ဤ​သူ​တို့​ကား အ​ကျွတ်​တ​ရား​လမ်း​ကို ငါ​တို့​အား ဟော​ပြော​ပြ​သ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​ကြ၏​ဟု ဟစ်​ကြော်​လေ၏။- 18ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။- 19သူ၏​သ​ခင်​တို့​သည် နောက်​တစ်​ဖန် စီး​ပွား​ဖြစ်​လိမ့်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ပေါ​လု​နှင့် သိ​လ​တို့​ကို ဖမ်း​ဆီး​ဆွဲ​ငင်၍ ရုံး​တော်​သို့​ပို့​ကြ၏။- 20စစ်​ကဲ​မင်း​ထံ​သို့​ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ယု​ဒ​လူ​ဖြစ်​လျက် ငါ​တို့​မြို့​ကို နှောင့်​ယှက်​တတ်​ပါ၏။- 21ရော​မ​လူ​ဖြစ်​သော​ငါ​တို့​သည် မ​ခံ​မ​ယူ မ​ကျင့်​အပ်​သော ဘာ​သာ​ထုံး​တမ်း​များ​ကို ဟော​ပြော​သွန်​သင်​တတ်​ပါ၏​ဟု လျှောက်​ဆို​ကြ​လျှင်၊- 22စု​ဝေး​သော​လူ​တို့​သည် သူ​တို့​တစ်​ဖက်၌ တစ်​ပြိုင်​နက်​ထ​ကြ၏။ စစ်​ကဲ​မင်း​တို့​လည်း သူ​တို့၏ အ​ဝတ်​ကို​ချွတ်၍ ကြိမ်​လုံး​နှင့်​ရိုက်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။- 23ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။- 24ထို​သို့​မှာ​လိုက်​သည်​အ​တိုင်း ထောင်​မှူး​သည် အ​တွင်း​ထောင်​ထဲ​မှာ လှောင်၍ ထိတ်​ခတ်​လျက်​ထား၏။
25သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။- 26ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။- 27ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။- 28ပေါ​လု​က​လည်း၊ ကိုယ်​ကို​အ​ပြစ်​မ​ပြု​နှင့်။ ငါ​တို့​အ​ပေါင်း​သည် ရှိ​ကြ၏​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်၍​ပြော​ဆို၏။- 29ထောင်​မှူး​သည် ညှိ​ထွန်း​သော​မီး​ကို တောင်း​ပြီး​မှ ပြေး​ဝင်၍၊ ပေါ​လု​နှင့် သိ​လ​တို့၏​ခြေ​ရင်း၌ တုန်​လှုပ်​လျက် ပျပ်​ဝပ်​လေ၏။- 30သူ​တို့​ကို ပြင်​သို့​ထုတ်​ပြီး​လျှင်​လည်း၊ သ​ခင်​တို့၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​လေ၏။- 31ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊- 32ထို​သူ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သ​မျှ​သော သူ​တို့​အား သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ကြ၏။- 33ထို​ည၊ ထို​အ​ချိန်​နာ​ရီ၌​ပင်၊ ထောင်​မှူး​သည် ပေါ​လု​နှင့် သိ​လ​တို့​ကို​ယူ၍ ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပြီး​လျှင်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို ချက်​ချင်းခံ​လေ၏။- 34တစ်​ဖန် ပေါ​လု​နှင့် သိ​လ​တို့​ကို မိ​မိ​အိမ်​သို့ ခေါ်​ပင့်​ပြီး​မှ သူ​တို့​ကို လုပ်​ကျွေး၍၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​လျက် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​သို့ ရောက်​လေ၏။
35နံ​နက်​ရောက်​သော​အ​ခါ စစ်​ကဲ​တို့​သည် ရုံး​လု​လင်​တို့​ကို စေ​လွှတ်၍၊ ထို​လူ​တို့​ကို လွှတ်​စေ​ဟု မှာ​လိုက်​ကြ၏။- 36ထို​စ​ကား​ကို​ထောင်​မှူး​သည် ပေါ​လု​အား ကြား​ပြော၍၊ ကိုယ်​တော်​တို့​ကို လွှတ်​စေ​ခြင်း​ငှာ စစ်​ကဲ​တို့​သည် စေ​လွှတ်​ကြ​ပါ​ပြီ။ ထို​ကြောင့်​ယ​ခု​ထွက်၍ ငြိမ်​ဝပ်​စွာ ကြွ​သွား​တော်​မူ​ကြ​ပါ​ဟု လျှောက်​လျှင်၊- 37ပေါ​လု​က၊ ရော​မ​လူ​ဖြစ်​သော ငါ​တို့​ကို ဓ​မ္မ​သတ်​အ​တိုင်း မ​စီ​ရင်​ဘဲ​လျက်၊ စစ်​ကဲ​တို့​သည် ထင်​ရှား​စွာ​ရိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ပြီး​မှ၊ တိတ်​ဆိတ်​စွာ​နှင့် ထုတ်​ကြ​မည်​လော။ ထို​သို့​မ​ပြု​သင့်။ ကိုယ်​တိုင်​လာ၍ ငါ​တို့​ကို နုတ်​ယူ​ကြ​စေ​ဟု ရုံး​လု​လင်​တို့​အား ပြော​ဆို၏။- 38ထို​စ​ကား​ကို​ရုံး​လု​လင်​တို့​သည် စစ်​ကဲ​တို့​အား ကြား​လျှောက်၍၊ ပေါ​လု​နှင့် သိ​လ​တို့​သည် ရော​မ​လူ​ဖြစ်​ကြောင်း​ကို စစ်​ကဲ​တို့​သည် ကြား​သိ​သော​အ​ခါ ကြောက်​ခြင်း​သို့​ရောက်၍၊- 39ကိုယ်​တိုင်​လာ​ပြီး​လျှင် ချော့​မော့​သော​စ​ကား​နှင့် သူ​တို့​ကို နုတ်​ယူ၍၊ ထို​မြို့​မှ ထွက်​သွား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- 40ထို​အ​ခါ ပေါ​လု​နှင့် သိ​လ​တို့​သည် ထောင်​မှ​ထွက်၍ လု​ဒိ​အိမ်​သို့​ဝင်​သ​ဖြင့်၊ ညီ​အစ်​ကို​များ​ကို တွေ့​မြင်၍ သက်​သာ​စေ​ပြီး​မှ ထွက်​သွား​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in