YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 5

5
ဣ​သ​ရေ​လ​တစ်​ပြည်​ကို​ဒါ​ဝိဒ်​အုပ်​စိုး​ခြင်း
(၅​ရာ၊ ၁၁:၁-၉၁၄:၁-၇)
1ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​လာ၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။ 2အ​ထက်​က ရှော​လု​သည် ကျွန်​တော်​တို့၌ ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။ 3ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဟေ​ဗြုန်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ 4ဒါ​ဝိဒ်​သည် နန်း​ထိုင်​သော​အ​ခါ အ​သက်​သုံး​ဆယ်​ရှိ၏။ အ​နှစ်​လေး​ဆယ် စိုး​စံ​လေ၏။ 5ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​ပြည်​ကို ခု​နစ်​နှစ်​နှင့်​ခြောက်​လ မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​ကို အ​နှစ်​သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၏။#၃​ရာ၊ ၂:၁၁။ ၅​ရာ၊ ၃:၄၊ ၂၉:၂၇။
6တစ်​ဖန် ရှင်​ဘု​ရင်​သည် မိ​မိ​လူ​တို့​ကို​ခေါ်၍၊ ပြည်​သား​ရင်း ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​သွား​လျှင်၊ သူ​တို့​က သင်​သည် ဤ​မြို့​ထဲ​သို့​မ​ဝင်​ရ။ မျက်​စိ​ကန်း​သော​သူ​နှင့် ခြေ​ဆွံ့​သော​သူ​တို့​က​လည်း၊ ဒါ​ဝိဒ်​သည် ဤ​မြို့​ထဲ​သို့​မ​ဝင်​ရ​ဟု ဆို​ကာ​မျှ​နှင့် သင့်​ကို​ဆီး​တား​လိမ့်​မည်​ဟု ဆို​ကြ၏။#ယောရှု၊ ၁၅:၆၃၊ သူကြီး၊ ၁:၂၁။ 7သို့​ရာ​တွင် ဒါ​ဝိဒ်​သည် ဒါ​ဝိဒ်​မြို့​တည်း​ဟူ​သော ဇိ​အုန်​ရဲ​တိုက်​ကို တိုက်​ယူ​လေ၏။ 8ထို​နေ့၌ ဒါ​ဝိဒ်​က၊ အ​ကြင်​သူ​သည် ယေ​ဗု​သိ​လူ​တို့​ကို တိုက်​ဖျက်​ပြီး​မှ ကျုံး​ကို​လွန်၍၊ ဒါ​ဝိဒ်​သည် ဤ​နေ​ရာ​သို့​မ​ဝင်​ရ​ဟု ဒါ​ဝိဒ်​အ​သက်​ကို​မုန်း​လျက် ပြော​ဆို​သော မျက်​စိ​ကန်း​နှင့် ခြေ​ဆွံ့​သော​သူ​တို့​ကို လုပ်​ကြံ၏။ ထို​သူ​သည် ဗိုလ်​ချုပ်​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် အ​ဦး​တက်၍ ဗိုလ်​ချုပ်​အ​ရာ​ကို​ခံ​ရ၏။ 9ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ၍ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​လေ၏။ မိ​လ္လော​အ​ရပ် ပတ်​လည်၌​လည်း​ကောင်း၊ အ​တွင်း​ဘက်၌​လည်း​ကောင်း တည်​ဆောက်​လေ၏။ 10ဒါ​ဝိဒ်​တိုး​ပွား၍ အား​ကြီး​သ​ဖြင့် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။
11တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် သံ​တ​မန်​နှင့်​တ​ကွ အာ​ရဇ်​သစ်​သား၊ လက်​သ​မား၊ ပန်း​ရန်​သ​မား​တို့​ကို ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်၍ သူ​တို့​သည် နန်း​တော်​ကို​တည်​ဆောက်​ကြ၏။ 12ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​နှင့် မိ​မိ​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ အ​လို​ငှာ၊ နိုင်​ငံ​ကို​ချီး​မြှောက်​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​သိ​မြင်၏။
13ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့​မှ​ပြောင်း​သော​နောက်၊ ယေ​ရု​ရှ​လင်​မြို့​သူ မ​ယား​ကြီး​မ​ယား​ငယ်​တို့​ကို ထပ်၍​သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။ 14ယေ​ရု​ရှ​လင်​မြို့၌ ဒါ​ဝိဒ်​မြင်​သော သား​တို့​အ​မည်​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊ 15ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ နေ​ဖက်၊ ယာ​ဖျာ၊ 16ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​တည်း။
ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​အောင်​မြင်​ခြင်း
(၅ ရာ၊ ၁၄:၈-၁၇)
17ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အ​ရာ၌​ခန့်​ထား​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ထို​လူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို​ရှာ၍ လာ​ကြ၏။ ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​သော​အ​ခါ ရဲ​တိုက်​သို့​သွား၏။ 18ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍​ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။ 19ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ငါ​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်​သို့ ဆက်​ဆက်​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 20ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့​သွား၍ သူ​တို့​ကို​လုပ်​ကြံ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ရေ​ထ၍ ဖြို​ဖျက်​သ​ကဲ့​သို့၊ ငါ့​ရန်​သူ​တို့​ကို ငါ့​ရှေ့​မှာ ဖြို​ဖျက်​တော်​မူ​ပြီ​ဟု ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။ 21ထို​အ​ရပ်၌ ဖိ​လိ​တ္တိ​လူ​များ​ပစ်​ထား​သော ရုပ်​တု​များ​ကို၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ 22တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။ 23ဒါ​ဝိဒ်​သည်​လည်း​မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ တည့်​တည့်​မ​တက်​ရ။ သူ​တို့​နောက်​သို့​ဝိုင်း၍ ပိုး​စာ​တော​တစ်​ဖက်၌ ချီ​ရ​မည်။ 24ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ ကြိုး​စား​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 25ဒါ​ဝိဒ်​သည်​ပြု၍ ဖိ​လိ​တ္တိ​လူ​တို့​ကို ဂေ​ဗ​မြို့​မှ​သည် ဂါ​ဇေ​ရ​မြို့​တိုင်​အောင် လုပ်​ကြံ​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in