YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 4

4
ဣ​ရှ​ဗော​ရှက်​အ​သတ်​ခံ​ရ​ခြင်း
1အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့၌ သေ​ကြောင်း​ကို ရှော​လု၏​သား​သည်​ကြား​သော် အား​လျော့၏။ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည် ပူ​ပန်​သော​စိတ်​ရှိ​ကြ၏။ 2ရှော​လု၏​သား၌​ဗာ​နာ​နှင့် ရေ​ခပ်​အ​မည်​ရှိ​သော​သူ​တည်း​ဟူ​သော တပ်​မှူး​နှစ်​ယောက်​ရှိ၏။ သူ​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး ဗေ​ရော​သိ​အ​နွယ် ရိ​မ္မုန်၏​သား​ဖြစ်​ကြ၏။ ဗေ​ရုတ်​မြို့​သည် ဗင်္ယာ​မိန်​ခ​ရိုင်​အ​ဝင်​ဖြစ်​သော်​လည်း၊ 3ဗေ​ရော​သိ​လူ​တို့​သည် ဂိ​တ္တိမ်​မြို့​သို့​ပြေး၍ ယ​နေ့​တိုင်​အောင် တည်း​ခို​လျက်​နေ​ကြ​သ​တည်း။ 4ရှော​လု၏​သား​ယော​န​သန်၌ ခြေ​ဆွံ့​သော သား​တစ်​ယောက်​ရှိ​ရစ်၏။ သူ​သည် အ​သက်​ငါး​နှစ်​ရှိ​သော​အ​ခါ၊ ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့် ယော​န​သန်​တို့၏​သ​တင်း​ကို​ကြား​လျှင်၊ အ​ထိန်း​သည် သူ့​ကို​ချီ၍​ပြေး​စဉ်​တွင်၊ အ​လျင်​အ​မြန်​ပြေး​သော​ကြောင့်၊ သူ​ငယ်​သည်​ကျ၍​ခြေ​ဆွံ့၏။ ထို​သူ​ငယ်၏​အ​မည်​ကား မေ​ဖိ​ဗော​ရှက်​တည်း။#၂​ရာ၊ ၉:၃။ 5ဗေ​ရော​သိ​အ​မျိုး ရိ​မ္မုန်၏​သား​ရေ​ခပ်​နှင့် ဗာ​နာ​တို့​သည် ဣ​ရှ​ဗော​ရှက်​အိမ်​သို့​သွား၍ မွန်း​တည့်​အ​ချိန်၌​ရောက်၏။ ထို​အ​ချိန်၌ ဣ​ရှ​ဗော​ရှက်​သည် အိပ်​တတ်၏။ 6ထို​ညီ​အစ်​ကို ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည် စ​ပါး​ကို​ထုတ်​ဟန်​ဆောင်၍ အိမ်​အ​လယ်​သို့​ဝင်​ပြီး​လျှင်၊ 7အိပ်​ခန်း​ထဲ အိပ်​ရာ​ပေါ်​မှာ အိပ်​လျက်​နေ​သော ဣ​ရှ​ဗော​ရှက်၏​ဝမ်း​ကို ထိုး၍​သတ်​သ​ဖြင့်၊ ဦး​ခေါင်း​ကို ဖြတ်​ယူ​ပြီး​မှ တစ်​ည​လုံး လွင်​ပြင်​လမ်း​ဖြင့်​ပြေး၍ လွတ်​ကြ၏။ 8ဣ​ရှ​ဗော​ရှက်၏​ဦး​ခေါင်း​ကို ဟေ​ဗြုန်​မြို့​ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ ကိုယ်​တော်​အ​သက်​ကို​ရှာ​သော ကိုယ်​တော်​ရန်​သူ ရှော​လု၏​သား ဣ​ရှ​ဗော​ရှက်၏​ဦး​ခေါင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​ခံ​ရ​တော်​မူ​သော အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု၌​လည်း​ကောင်း၊ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း၊ ယ​နေ့​ဆပ်​ပေး​တော်​မူ​ပြီ​ဟု အ​ထံ​တော်​တွင် လျှောက်​ဆို​သော်၊ 9ဒါ​ဝိဒ်​က၊ ငါ့​အ​သက်​ကို ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​မှ ရွေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ 10အ​ရင်​တစ်​ခါ လူ​တစ်​ယောက်​သည်​လာ၍ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ပြော​မည်​အ​ကြံ​ရှိ​လျက်၊ ရှော​လု​သေ​ပါ​ပြီ​ဟု ငါ့​အား​ကြား​ပြော​သော​အ​ခါ၊ ထို​သ​တင်း​ကို​ပြော​သော​ကြောင့် ဆု​ကို​ရ​မည်​ဟု ထင်​သော​ထို​သူ​ကို၊ ဇိ​က​လတ်​မြို့၌ ငါ​ကိုင်​ဆွဲ၍ သတ်၏။#၂​ရာ၊ ၁:၁-၁၆။ 11ထို​မျှ​မ​က လူ​ဆိုး​တို့​သည် ဖြောင့်​မတ်​သော​သူ​ကို သူ၏​အိမ်​အ​တွင်း အိပ်​ရာ​ပေါ်​မှာ​သတ်​လျှင်၊ သာ၍ ပြု​သင့်​သည်​မ​ဟုတ်​လော။ ယ​ခု​ပင် သူ၏​အ​သွေး​ကို သင်​တို့၌ ငါ​တောင်း၍ သင်​တို့​ကို​မြေ​ကြီး​ပေါ်​က ပယ်​ရှား​သင့်​သည် မ​ဟုတ်​လော​ဟု ဗေ​ရော​သိ​အ​မျိုး၊ ရိ​မ္မုန်၏​သား ရေ​ခပ်​နှင့် ညီ​ဗာ​နာ​အား ဆို​ပြီး​လျှင်၊ 12လု​လင်​တို့​ကို မိန့်​တော်​မူ၍ ထို​သူ​နှစ်​ယောက်​ကို သတ်​ကြ၏။ လက်​ခြေ​တို့​ကို​ဖြတ်၍ ဟေ​ဗြုန်​ရေ​ကန်​အ​နား​မှာ ဆွဲ​ထား​ကြ၏။ ဣ​ရှ​ဗော​ရှက်၏​ဦး​ခေါင်း​ကို​ကား​ယူ၍ ဟေ​ဗြုန်​မြို့​တွင် အာ​ဗ​နာ​သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in