YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 15

15
အ​ဗ​ရှ​လုံ​ပုန်​ကန်​ခြင်း
1ထို​နောက်​မှ အ​ဗ​ရှ​လုံ​သည် ရ​ထား​များ​နှင့် မြင်း​များ​ကို​လည်း​ကောင်း၊ မိ​မိ​ရှေ့​မှာ ပြေး​ရ​သော​လူ ငါး​ဆယ်​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ 2အ​ဗ​ရှ​လုံ​သည် စော​စော​ထ၍ တံ​ခါး​ဝ​မှာ ရပ်​နေ​တတ်၏။ အ​မှု​ရှိ​သော​သူ​သည် စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​သော​အ​ခါ အ​ဗ​ရှ​လုံ​က၊ သင်​သည် အ​ဘယ်​မြို့​သား​ဖြစ်​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​က ကိုယ်​တော်​ကျွန်​သည် ဤ​မည်​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​သား​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊ 3အ​ဗ​ရှ​လုံ​က၊ သင့်​အ​မှု​သည် ဟုတ်​မှန်​လျောက်​ပတ်​ပေ၏။ သို့​သော်​လည်း သင့်​အ​မှု​ကို ရှင်​ဘု​ရင်​မှ​စ၍ အ​ဘယ်​သူ​မျှ နား​မ​ထောင်​ဟု ပြော​ဆို​တတ်၏။ 4တစ်​ဖန်​တုံ၊ ငါ​သည်​ဤ​ပြည်၌ တ​ရား​စီ​ရင်​သော မင်း​ဖြစ်​ပါ​စေ​သော။ သို့​ဖြစ်​လျှင် တ​ရား​မှု​ရှိ​သော အ​မှု​သည်​အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ၍ ငါ​သည်​တ​ရား​သ​ဖြင့် စီ​ရင်​မည်​ဟု​ဆို​တတ်၏။ 5လူ​တစ်​စုံ​တစ်​ယောက်​သည် ရို​သေ​စွာ​ပြု၍ ချဉ်း​ကပ်​သော​အ​ခါ၊ အ​ဗ​ရှ​လုံ​သည် လက်​ကို​ဆန့်၍ ထို​သူ​ကို​ကိုင်​လျက် နမ်း​လေ့​ရှိ၏။ 6ထို​သို့​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား အ​ဗ​ရှ​လုံ​ပြု၍ သူ​တို့​စိတ်​နှ​လုံး​ကို ခိုး​လေ၏။ 7လေး​နှစ်​လွန်​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်၍၊ 8ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို တစ်​ဖန်​ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို အ​ကျွန်ုပ်​ပြု​ပါ​မည်​ဟု ကိုယ်​တော်​ကျွန်​သည် ရှု​ရိ​ပြည် ဂေ​ရှု​ရ​မြို့၌​နေ​သော​အ​ခါ သ​စ္စာ​က​တိ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ကျွန်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း၊ ဟေ​ဗြုန်​မြို့​သို့​သွား၍ သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊ 9ရှင်​ဘု​ရင်​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု​မိန့်​တော်​မူ၏။ ထို​အ​ခါ အ​ဗ​ရှ​လုံ​သည်​ထ၍ ဟေ​ဗြုန်​မြို့​သို့​သွား၏။ 10သို့​ရာ​တွင် လျှို့​ဝှက်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​သို့ အ​နှံ့​အ​ပြား​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သည် တံ​ပိုး​မှုတ်​သံ​ကို​ကြား​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့၌ နန်း​ထိုင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။ 11အ​ဗ​ရှ​လုံ​ခေါ်​သော လူ​နှစ်​ရာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က ထွက်​သွား​ကြ၏။ သူ​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ​မ​သိ​ဘဲ ကောင်း​သော​စိတ်​နှင့် လိုက်​ကြ၏။ 12ဒါ​ဝိဒ်၏​တိုင်​ပင်​မတ်၊ ဂိ​လော​မြို့​သား အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​နေ​ရာ​ဂိ​လော​မြို့၌ ယဇ်​ပူ​ဇော်​လျက်​ရှိ၍ အ​ဗ​ရှ​လုံ​ခေါ်​လေ၏။ အ​ဗ​ရှ​လုံ​နောက်​သို့ လိုက်​သော သူ​တို့​သည်​တိုး​ပွား​များ​ပြား​သ​ဖြင့် ပုန်​ကန်​ခြင်း​အ​မှု​အား​ကြီး​လေ၏။
ဒါ​ဝိဒ်​ထွက်​ပြေး​ရ​ခြင်း
13သ​တင်း​ပြော​သော​သူ​တစ်​ယောက်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​ဘက်​သို့ ပါ​သွား​ပါ​ပြီ​ဟု ကြား​လျှောက်​လေ၏။ 14ဒါ​ဝိဒ်​က​လည်း၊ ငါ​တို့​သည် ထ၍​ပြေး​ကြ​ကုန်​အံ့၊ မ​ပြေး​လျှင် အ​ဗ​ရှ​လုံ​လက်​နှင့်​မ​လွတ်၊ အ​လျင်​အ​မြန် ထွက်​ကြ​ကုန်​အံ့။ သို့​မ​ဟုတ်​လျှင် သူ​သည် ချက်​ချင်း​တိုက်​လာ​သ​ဖြင့်၊ ငါ​တို့​ကို ဘေး​ပြု၍ မြို့​ကို​လည်း ဓား​နှင့်​လုပ်​ကြံ​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တွင် အ​ထံ​တော်၌​ရှိ​သော ကျွန်​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။ 15ရှင်​ဘု​ရင်၏ ကျွန်​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​သ​မျှ​တို့​ကို ကိုယ်​တော်​ကျွန်​တို့​သည် ပြု​ပါ​မည်​ဟု​လျှောက်​ကြ​လျှင်၊ 16ရှင်​ဘု​ရင်​သည် နန်း​တော်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ထွက်​သွား၏။ သို့​ရာ​တွင် နန်း​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ ကိုယ်​လုပ်​တော်​မိန်း​မ​တစ်​ကျိပ်​တို့​ကို ထား​ခဲ့​လေ၏။ 17ထို​သို့​ရှင်​ဘု​ရင်​နှင့် ကိုယ်​တော်၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် ထွက်​သွား၍ ဗေ​သာ​မေ​ရက်​ရွာ​မှာ စ​ခန်း​ချ​ကြ၏။ 18ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် ခြံ​ရံ​လျက်​လိုက်​ကြ၏။ ဂါ​သ​မြို့​မှ လိုက်​လာ​သော​သူ ခြောက်​ရာ​တည်း​ဟူ​သော ဂိ​တ္တိ​လူ​အ​ပေါင်း​နှင့် ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​အ​ပေါင်း​သည် ရှေ့​တော်၌​ချီ​သွား​ကြ၏။ 19ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​တ္တိ​လူ​အိ​တ္တဲ​အား​လည်း၊ ငါ​တို့​နှင့် အ​ဘယ်​ကြောင့်​လိုက်​သ​နည်း။ ရှင်​ဘု​ရင်​ထံ​သို့ ပြန်၍​နေ​လော့။ သင်​သည် တစ်​ပါး​အ​မျိုး​သား၊ နေ​ရာ​မ​ကျ​သော​ဧည့်​သည်​ဖြစ်၏။ 20မ​နေ့​က​သာ ရောက်​လာ​သည်​ဖြစ်၍၊ ယ​နေ့​ငါ​တို့​နှင့်​အ​တူ အ​ရပ်​ရပ်​လှည့်​လည်​ရ​မည်​လော။ ငါ​သည် သွား​ရ​သော အ​ခွင့်​ရှိ​သည်​အ​တိုင်း သွား​ရ​သော​ကြောင့်၊ သင်​သည် အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍ ပြန်​လော့။ က​ရု​ဏာ​နှင့် သ​စ္စာ​ရှိ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။ 21အိ​တ္တဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ အ​ရှင်​မင်း​ကြီး​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်၍ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ဆုံး​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည်​ဖြစ်​စေ၊ ရှိ​တော်​မူ​ရာ​အ​ရပ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​သော်၊ 22ဒါ​ဝိဒ်​က၊ ချီ​သွား​လော့​ဟု အိ​တ္တဲ​အား မိန့်​တော်​မူ​သ​ဖြင့်၊ ဂိ​တ္တိ​လူ​အိ​တ္တဲ​သည် မိ​မိ၌​ပါ​သော လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့​နှင့်​တ​ကွ ချီ​သွား​လေ၏။ 23ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည် ချီ​သွား၍၊ ရှင်​ဘု​ရင်​သည် ကိုယ်​တော်​တိုင် ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ လူ​အ​ပေါင်း​တို့​သည်​ကူး၍ တော​လမ်း​သို့ လိုက်​သွား​ကြ၏။
24ဇာ​ဒုတ်​နှင့် လေ​ဝိ​လူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်​ရောက်​လာ၍ သေ​တ္တာ​တော်​ကို ချ​ထား​ကြ၏။ လူ​အ​ပေါင်း​တို့​သည် မြို့​ထဲ​က​ထွက်၍ မ​ကုန်​မီ​တိုင်​အောင် အ​ဗျာ​သာ​သည် ယဇ်​ပူ​ဇော်​လျက်​နေ၏။ 25ရှင်​ဘု​ရင်​သည် ဇာ​ဒုတ်​ကို​ခေါ်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မြို့​ထဲ​သို့​ပြန်​ပို့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စိတ်​တော်​နှင့်​တွေ့​လျှင် ငါ့​ကို​ပို့​ပြန်၍ သေ​တ္တာ​တော်​ကို​လည်း​ကောင်း၊ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ကို​လည်း​ကောင်း ပြ​တော်​မူ​မည်။ 26သို့​မ​ဟုတ် သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု ငါ့​အား​မိန့်​တော်​မူ​လျှင် ငါ​ရှိ​ပါ၏။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊ 27ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​အား​လည်း သင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်၊ ထို​သား​နှစ်​ယောက်​ကို​ခေါ်၍ မြို့​သို့​ငြိမ်​ဝပ်​စွာ ပြန်​သွား​လော့။ 28သင်​တို့​ကြား​လျှောက်​စေ​သော စ​ကား​မ​ရောက်​မီ ငါ​သည်​တော​လွင်​ပြင်၌ ဆိုင်း​လင့်၍​နေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 29ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပို့၍ ထို​မြို့၌​နေ​ကြ၏။ 30ဒါ​ဝိဒ်​သည်​လည်း ငို​လျက်၊ ဦး​ခေါင်း​ကို ခြုံ​လျက်၊ ခြေ​နင်း​ကို​ချွတ်​လျက် သံ​လွင်​တောင်​ပေါ်​သို့ တက်​လေ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဦး​ခေါင်း​ကို​ခြုံ​လျက် ငို​ကြွေး​လျက် တက်​ကြ၏။
31အ​ဗ​ရှ​လုံ​နှင့် ဝိုင်း၍​ပုန်​ကန်​သော လူ​စု​ထဲ​မှာ၊ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​ကြောင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို မိုက်​သော​အ​ကြံ​ဖြစ်​စေ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ 32တောင်​ပေါ်​သို့ ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်၏။ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည်​လည်း အင်္ကျီ​ကို​ဆုတ်​လျက် ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ လာ၏။ 33ဒါ​ဝိဒ်​က​လည်း၊ သင်​သည် ငါ​နှင့်​အ​တူ​လိုက်​လျှင် ငါ့​ကို​နှောင့်​ယှက်​လိမ့်​မည်။ 34မြို့​သို့​ပြန်၍ အ​ဗ​ရှ​လုံ​အား၊ အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​သည် ခ​မည်း​တော်​ထံ၌ ကျွန်​ခံ​ဖူး​သည်​နည်း​တူ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု လျှောက်​လျှင်၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို ငါ့​ဘက်​မှာ​နေ၍ ဖျက်​နိုင်​လိမ့်​မည်။ 35မြို့​တွင် သင်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့​ဖြစ်၍ နန်း​တော်၌​ကြား​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​အား ပြန်​ပြော​ရ​မည်။ 36သူ​တို့၌ ဇာ​ဒုတ်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်​သား​နှစ်​ယောက် ရှိ​ကြ၏။ ကြား​နိုင်​သ​မျှ​ကို ထို​သား​တို့​တွင် ငါ့​ထံ​သို့ ပေး​လိုက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 37ဒါ​ဝိဒ်၏​အ​ဆွေ​ခင်​ပွန်း​ဟု​ရှဲ​သည် မြို့​သို့​ပြန်​သွား၏။ အ​ဗ​ရှ​လုံ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in