YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 16

16
ဒါ​ဝိဒ်​နှ​င့်​ဇိ​ဘ
1ဒါ​ဝိဒ်​သည် တောင်​ထိပ်​ကို အ​နည်း​ငယ်​လွန်​သော​အ​ခါ၊ မေ​ဖိ​ဗော​ရှက်၏​ကျွန် ဇိ​ဘ​သည် ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့်​တ​ကွ၊ မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​တစ်​ရာ စ​ပျစ်​ရည်​ဘူး​တစ်​လုံး​ကို မြည်း​ပေါ်​မှာ တင်​ဆောင်​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ လာ၏။#၂​ရာ၊ ၉:၉-၁၀။ 2ရှင်​ဘု​ရင်​က​လည်း၊ အ​ဘယ်​သို့​ပြု​ခြင်း​ငှာ ဤ​ဥ​စ္စာ​ကို ဆောင်​ခဲ့​သ​နည်း​ဟု ဇိ​ဘ​အား​မေး​လျှင်၊ ဇိ​ဘ​က၊ မြည်း​တို့​သည် နန်း​တော်​သား​များ စီး​ဖို့၊ မုန့်​နှင့်​သစ်​သီး​တို့​သည် လု​လင်​များ​စား​ဖို့၊ စ​ပျစ်​ရည်​သည်​လည်း တော၌​မော​သော​သူ​များ​သောက်​ဖို့ ဖြစ်​ပါ​သည်​ဟု လျှောက်၏။ 3ရှင်​ဘု​ရင်​က​လည်း၊ သင့်​သ​ခင်၏​သား​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​လျှင် ဇိ​ဘ​က၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​ပါ၏။ ယ​နေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​အ​ဘ၏​နိုင်​ငံ​ကို ငါ့​အား​ပြန်​ပေး​လိမ့်​မည်​ဟု​ဆို​ကြောင်း​ကို လျှောက်​လေ​သော်၊#၂​ရာ၊ ၁၉:၂၅-၂၇။ 4ရှင်​ဘု​ရင်​က၊ မေ​ဖိ​ဗော​ရှက်​နှင့် ဆိုင်​သ​မျှ​သော​ဥ​စ္စာ​သည် သင့်​ဥ​စ္စာ​ဖြစ်​စေ​ဟု ဇိ​ဘ​အား မိန့်​တော်​မူ၏။ ဇိ​ဘ​က​လည်း၊ အ​ရှင်​မင်း​ကြီး ကျွန်​တော်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ရှိ​ခိုး​အ​သ​နား​တော်​ခံ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။
ဒါ​ဝိဒ်​နှ​င့်​ရှိ​မိ
5ဒါ​ဝိဒ်​မင်း​ကြီး​သည် ဗာ​ဟု​ရိမ်​မြို့​သို့ ရောက်​သော​အ​ခါ၊ ရှော​လု၏​အ​ဆွေ​အ​မျိုး ဂေ​ရ​သား ရှိ​မိ​အ​မည်​ရှိ​သော​သူ​သည် ကျိန်​ဆဲ​လျက် ထွက်​လာ၏။ 6ဒါ​ဝိဒ်​မင်း​ကြီး​နှင့် ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​ကို ကျောက်​ခဲ​နှင့်​ပစ်​လေ၏။ လူ​များ​အ​ပေါင်း​နှင့် မှူး​တော်​မတ်​တော်​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက်၊ လက်​ဝဲ​တော်​ဘက်၌ ရှိ​ကြ၏။ 7ရှိ​မိ​ကျိန်​ဆဲ​သော​စ​ကား​ဟူ​မူ​ကား၊ သွား​ဟဲ့၊ သွား​ဟဲ့။ လူ​အ​သက်​ကို သတ်​သော​အ​ဓ​မ္မ​လူ၊ 8ရှော​လု၏​နိုင်​ငံ​ကို လု​ယူ၍ သူ၏​အ​ဆွေ​အ​မျိုး​ကို သတ်​သော​အ​ပြစ်​အ​လုံး​စုံ​ကို သင့်​ခေါင်း​ပေါ်​မှာ ထာ​ဝ​ရ​သက်​ရောက်​စေ၍၊ နိုင်​ငံ​တော်​ကို သင်၏​သား အ​ဗ​ရှ​လုံ​လက်၌ အပ်​တော်​မူ​ပြီ။ သင်​သည် လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်​သော​ကြောင့် ကြည့်​ပါ။ အ​မှု​ကြီး ရောက်​လေ​ပြီ​ဟု ဆို၏။ 9ဇေ​ရု​ယာ​သား အ​ဘိ​ရှဲ​က​လည်း၊ ထို​ခွေး​သေ​ကောင်​သည် အ​ရှင်​မင်း​ကြီး​ကို ကျိန်​ဆဲ​ရ​မည်​လော။ ကျွန်​တော်​သွား၍ သူ၏​လည်​ပင်း​ကို ဖြတ်​ပါ​ရ​စေ​ဟု နား​တော်​လျှောက်​လျှင်၊ 10ရှင်​ဘု​ရင်​က အို​ဇေ​ရု​ယာ​သား​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ထို​သူ​သည် ကျိန်​ဆဲ​ပါ​လေ​စေ။ ဒါ​ဝိဒ်​ကို ကျိန်​ဆဲ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ​ဆို​ရ​မည်​နည်း ဟူ၍​လည်း​ကောင်း၊ 11ကြည့်​ပါ။ ငါ့​ကိုယ်​ထဲ​က​ထွက်​သော ငါ့​သား​ရင်း​သည် ငါ့​အ​သက်​ကို​ရှာ၏။ ထို​ဗင်္ယာ​မိန်​အ​မျိုး​သား​သည် ထို​မျှ​မ​က အ​ခွင့်​ရှိ​လိမ့်​မည်။ သူ့​ကို ရှိ​ပါ​လေ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။ 12ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ဒု​က္ခ​ကို​ကြည့်​ရှု၍ ယ​နေ့ ထို​သူ​ကျိန်​ဆဲ​သည်​အ​တွက် ကောင်း​သော​အ​ကျိုး​ကို ပြန်​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဘိ​ရှဲ​နှင့် ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။ 13ဒါ​ဝိဒ်​သည် နောက်​တော်​လိုက်​သူ​တို့​နှင့်​တ​ကွ လမ်း၌​သွား​စဉ်​တွင်၊ ရှိ​မိ​သည် ဒါ​ဝိဒ်​တစ်​ဖက်​တစ်​ချက်၊ တောင်​ခါး​ပန်း​နား​မှာ လျှောက်​သွား​သ​ဖြင့်၊ ကျိန်​ဆဲ​လျက် ကျောက်​ခဲ​နှင့်​ပစ်၍ မြေ​မှုန့်​ကို​လည်း ပက်​လေ၏။ 14ရှင်​ဘု​ရင်​မှ​စ၍ နောက်​တော်​သို့ လိုက်​သော​သူ​အ​ပေါင်း​တို့​သည် မော​လျက်၊ ဗာ​ဟု​ရိမ်​မြို့​သို့​ရောက်၍ အ​မော​အ​ပန်း​ဖြေ​ကြ၏။
အ​ဗ​ရှ​လုံ​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​ခြင်း
15အ​ဗ​ရှ​လုံ​နှင့် လူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ အ​ဟိ​သော​ဖေ​လ​လည်း ပါ၏။ 16ဒါ​ဝိဒ်၏​အ​ဆွေ​ခင်​ပွန်း အာ​ခိ​လူ​ဟု​ရှဲ​သည်​လည်း အ​ဗ​ရှ​လုံ​ထံ​သို့ ရောက်​လာ၍၊ ရှင်​ဘု​ရင် အ​သက်​တော်​ရှင်​စေ​သ​တည်း၊ ရှင်​ဘု​ရင်​အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး၏။ 17အ​ဗ​ရှ​လုံ​က​လည်း၊ သင်၏​အ​ဆွေ​ခင်​ပွန်း၌ ဤ​သို့​ကျေး​ဇူး​ပြု​သ​လော။ သင်၏​အ​ဆွေ​ခင်​ပွန်း​နှင့်​အ​တူ အ​ဘယ်​ကြောင့် မ​လိုက်​သ​နည်း​ဟု ဟု​ရှဲ​အား​ဆို​လျှင်၊ 18ဟု​ရှဲ​က၊ ထို​သို့​မိန့်​တော်​မ​မူ​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​မှ​စ၍ ဤ​လူ​များ​နှင့် ဣ​သ​ရေ​လ​လူ​များ​အ​ပေါင်း​တို့​သည် ရွေး​ချယ်​သော​သူ​ထံ​မှာ ကျွန်​တော်​ကျွန်​ခံ​ပါ​မည်။ ထို​သူ​ထံ​မှာ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ 19တစ်​ဖန် အ​ကြင်​သူ​ထံ၌ ကျွန်​ခံ​ရ၏။ ထို​သူ၏​သား​ထံ၌ ကျွန်​ခံ​ရ​သည် မ​ဟုတ်​ပါ​လော။ ကျွန်​တော်​သည် ခ​မည်း​တော်​ထံ၌ ကျွန်​ခံ​ရ​သည်​နည်း​တူ ကိုယ်​တော်​ထံ၌​လည်း ကျွန်​ခံ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဗ​ရှ​လုံ​အား လျှောက်​ဆို၏။
20အ​ဗ​ရှ​လုံ​က​လည်း၊ ငါ​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​အ​ကြံ​ပေး​ပါ​ဟု အ​ဟိ​သော​ဖေ​လ​အား​ဆို​လျှင်၊ 21အ​ဟိ​သော​ဖေ​လ​က၊ နန်း​တော်​ကို​စောင့်​စေ​ခြင်း​ငှာ ခ​မည်း​တော်​ထား​ခဲ့​သော ကိုယ်​လုပ်​တော်​တို့​ရှိ​ရာ​သို့ ဝင်​တော်​မူ​ပါ။ ခ​မည်း​တော်​သည် ကိုယ်​တော်​အား စက်​ဆုပ်​ရွံ​ရှာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ကြား၍၊ ကိုယ်​တော်​ဘက်၌​နေ​သော​သူ​အ​ပေါင်း​တို့​သည် လက်​အား​ကြီး​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​သည်​အ​တိုင်း၊ 22နန်း​တော်​ပေါ်​မှာ အ​ဗ​ရှ​လုံ​အ​ဖို့​မျက်​နှာ​ကြက်​ကို​မိုး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ခ​မည်း​တော်၏ ကိုယ်​လုပ်​တော်​တို့​ရှိ​ရာ​သို့ ဝင်​လေ၏။#၂​ရာ၊ ၁၂:၁၁-၁၂။ 23ထို​ကာ​လ၌ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​သည် ဘု​ရား​သ​ခင့်​ထံ​တော်၌ မေး​လျှောက်၍​ခံ​ရ​သော ဗျာ​ဒိတ်​တော်​ကဲ့​သို့ ဖြစ်၏။ သူ​ပေး​သ​မျှ​သော​အ​ကြံ​ကို ဒါ​ဝိဒ်​နှင့် အ​ဗ​ရှ​လုံ​သည် ဗျာ​ဒိတ်​တော်​ကဲ့​သို့​မှတ်​တတ်​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in