YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 11

11
ဒါ​ဝိဒ်​နှ​င့် ဗာ​သ​ရှေ​ဘ
1အ​ခါ​လည်၍ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​ကျွန်​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​ပေါင်း​တို့​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင်​ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။#၅​ရာ၊ ၂၀:၁။ 2နောက်​တစ်​နေ့​ညဉ့်​ဦး​ယံ၌ ဒါ​ဝိဒ်​သည် လျောင်း​စက်​ရာ​မှ​ထ၍ နန်း​တော်​မိုး​ပေါ်​မှာ စင်္ကြံ​သွား​စဉ်​တွင်၊ အ​လွန်​အ​ဆင်း​လှ​သော မိန်း​မ​တစ်​ယောက်​ရေ​ချိုး​သည်​ကို မြင်​တော်​မူ၏။ 3ထို​မိန်း​မ​ကား အ​ဘယ်​သူ​နည်း​ဟု​စေ​လွှတ်၍ မေး​မြန်း​လျှင်၊ ဧ​လျံ​သ​မီး၊ ဟိ​တ္တိ​လူ​ဥ​ရိ​ယ၏​မ​ယား ဗာ​သ​ရှေ​ဘ​ဖြစ်​ပါ​သည်​ဟု လျှောက်​လေ၏။ 4တစ်​ဖန် လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ ထို​မိန်း​မ​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့၍ ယှက်​တင်​လေ၏။ ထို​မိန်း​မ​သည် မိ​မိ​အ​ညစ်​အ​ကြေး​နှင့် စင်​ကြယ်​အောင်​ပြု၍ မိ​မိ​အိမ်​သို့​ပြန်​ပြီး​မှ၊ 5ပ​ဋိ​သ​န္ဓေ​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ ကျွန်​မ၌​ပ​ဋိ​သ​န္ဓေ​ရှိ​ပါ၏​ဟု လျှောက်​စေ​သော်၊ 6ဒါ​ဝိဒ်​သည် ယွာ​ဘ​ဆီ​သို့ လူ​ကို​စေ​လွှတ်၍ ဟိ​တ္တိ​လူ​ဥ​ရိ​ယ​ကို ငါ့​ထံ​သို့​စေ​လွှတ်​ရ​မည်​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ယွာ​ဘ​သည်​စေ​လွှတ်၍၊ 7ဥ​ရိ​ယ​ရောက်​လာ​သော​အ​ခါ ဒါ​ဝိဒ်​က၊ ယွာ​ဘ​ကျန်း​မာ၏​လော။ လူ​များ​ကျန်း​မာ၏​လော။ စစ်​တိုက်၍ အောင်​မြင်​သ​လော​ဟု မေး​မြန်း​ပြီး​မှ၊ 8သင့်​အိမ်​သို့​သွား၍ ခြေ​ဆေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဥ​ရိ​ယ​သည် နန်း​တော်​မှ​ထွက်၍ သူ​နောက်​မှ ခဲ​ဖွယ်​စား​ဖွယ်​ကို ရှင်​ဘု​ရင်​ပေး​လိုက်​လေ၏။ 9သို့​ရာ​တွင် ဥ​ရိ​ယ​သည် မိ​မိ​အိမ်​သို့​မ​သွား​ဘဲ၊ မိ​မိ​အ​ရှင်၏​ကျွန်​အ​ပေါင်း​တို့​နှင့်​အ​တူ နန်း​တော်​တံ​ခါး​ဝ၌ အိပ်​လေ၏။ 10ဥ​ရိ​ယ​သည် မိ​မိ​အိမ်​သို့​မ​သွား​ကြောင်း​ကို နား​တော်​လျှောက်​လျှင် ဒါ​ဝိဒ်​က၊ သင်​သည်​ခ​ရီး​သွား​ရာ​မှ ရောက်​လာ​သည်​မ​ဟုတ်​လော။ သင့်​အိမ်​သို့ အ​ဘယ်​ကြောင့် မ​သွား​ဘဲ​နေ​သ​နည်း​ဟု ဥ​ရိ​ယ​ကို​မေး​သော်၊ 11ဥ​ရိ​ယ​က၊ သေ​တ္တာ​တော်​နှင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​တို့​သည် တဲ၌​နေ​ကြ​ပါ၏။ သ​ခင်​ယွာ​ဘ​နှင့် သ​ခင်၏​ကျွန်​များ​တို့​သည် လွင်​ပြင်၌​တည်း​ရ​ကြ​ပါ၏။ ကျွန်​တော်​သည် ကိုယ်​အိမ်​သို့​သွား၍ စား​သောက်​လျက် မ​ယား​နှင့်​ပျော်​မွေ့​လျက် နေ​သင့်​ပါ​မည်​လော။ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ထို​သို့​ကျွန်​တော်​မ​ပြု​ပါ​ဟု ဒါ​ဝိဒ်​အား​လျှောက်​လေ၏။ 12ဒါ​ဝိဒ်​က​လည်း၊ ဤ​မြို့၌ ယ​နေ့​နေ​ဦး​လော့။ နက်​ဖြန်​နေ့​ငါ​လွှတ်​လိုက်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဥ​ရိ​ယ​သည်​ထို​နေ့၊ နက်​ဖြန်​နေ့၊ ယေ​ရု​ရှ​လင်​မြို့၌​နေ၏။ 13ဒါ​ဝိဒ်​သည်​လည်း ဥ​ရိ​ယ​ကို​ခေါ်၍ ရှေ့​တော်၌​စား​သောက်​လျက် ယစ်​မူး​သည်​တိုင်​အောင် သောက်​ရ၏။ သို့​သော်​လည်း ညဉ့်​ဦး​မှာ​မိ​မိ​အိမ်​သို့ မ​သွား​ဘဲ၊ အ​ရှင်၏​ကျွန်​တို့​နှင့်​အ​တူ အိပ်​ခြင်း​ငှာ ထွက်​သွား​လေ၏။
14နံ​နက်​မှာ ဒါ​ဝိဒ်​သည် မှာ​စာ​ကို​ရေး၍ ဥ​ရိ​ယ​လက်​တွင် ယွာ​ဘ​သို့ ပေး​လိုက်၏။ 15မှာ​စာ​ချက်​ဟူ​မူ​ကား၊ ကျပ်​တည်း​စွာ စစ်​တိုက်​ရာ​တပ်​ဦး၌ ဥ​ရိ​ယ​ကို​ခန့်​ထား​ပြီး​မှ၊ သူ​သည် ရန်​သူ​လက်​သို့​ရောက်၍ သေ​စေ​ခြင်း​ငှာ တပ်​များ​ကို​ရုပ်​သိမ်း​လော့​ဟု ပါ​သ​တည်း။ 16အ​မိန့်​တော်​အ​တိုင်း ယွာ​ဘ​သည် မြို့​ကို​ကြည့်​ရှု​ပြီး​မှ၊ ခွန်​အား​ကြီး​သော သူ​ရဲ​ရှိ​ရာ​အ​ရပ်၌ ဥ​ရိ​ယ​ကို​ခန့်​ထား​လေ၏။ 17မြို့​သား​တို့​သည်​ထွက်၍ ယွာ​ဘ​နှင့်​စစ်​ပြိုင်​သော​အ​ခါ၊ ဒါ​ဝိဒ်၏​ကျွန်​အ​ချို့​တို့​သည် သေ​ကြ၏။ ဟိ​တ္တိ​လူ​ဥ​ရိ​ယ​သည်​လည်း သေ၏။ 18ထို​နောက်​ယွာ​ဘ​သည် စစ်​သ​တင်း​အ​လုံး​စုံ​ကို ဒါ​ဝိဒ်​အား​ကြား​လျှောက်​စေ​ခြင်း​ငှာ လူ​ကို​ခေါ်၍၊ 19သင်​သည် ရှင်​ဘု​ရင်​ထံ​တော်၌ စစ်​သ​တင်း​ကို အ​ကုန်​အ​စင်​ကြား​လျှောက်​ပြီး​လျှင်၊ 20ရှင်​ဘု​ရင်​သည် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် စစ်​ပြိုင်​သော​အ​ခါ၊ မြို့​အ​နီး​သို့ အ​ဘယ်​ကြောင့်​ချဉ်း​ကပ်​ကြ​သ​နည်း။ မြို့​ရိုး​ပေါ်​က ပစ်​မည်​ကို မ​သိ​လော။ 21ယေ​ရု​ဗ္ဗေ​ရှက်​သား အ​ဘိ​မ​လက်​ကို အ​ဘယ်​သူ လုပ်​ကြံ​သ​နည်း။ သေ​ဗက်​မြို့​မှာ မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို မြို့​ရိုး​ပေါ်​က​ပစ်​ချ၍ အ​ဘိ​မ​လက်​သေ​သည် မ​ဟုတ်​လော။ မြို့​ရိုး​အ​နီး​သို့ အ​ဘယ်​ကြောင့် ချဉ်း​ကပ်​ကြ​သ​နည်း​ဟု မိန့်​တော်​မူ​လျှင်၊ ကိုယ်​တော်၏​ကျွန် ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ​သေ​ကြောင်း​ကို လျှောက်​ရ​မည်​ဟု မှာ​ထား၍ စေ​လွှတ်​လေ၏။#သူ​ကြီး၊ ၉:၅၃။ 22ယွာ​ဘ​မှာ​ထား​သည်​အ​တိုင်း ထို​တ​မန်​သည်​သွား၍ ဒါ​ဝိဒ်​အား​ကြား​လျှောက်​သည်​ကား၊ 23ရန်​သူ​တို့​သည် အ​မှန်​စင်​စစ် ကျွန်​တော်​တို့​ကို​နိုင်​သ​ဖြင့်၊ လွင်​ပြင်​တိုင်​အောင်​လိုက်၍ တိုက်​ကြ​ပါ၏။ ကျွန်​တော်​တို့​သည်​လည်း မြို့​တံ​ခါး​ဝ​တိုင်​အောင် လှန်၍​တိုက်​ကြ​ပါ၏။ 24လေး​သ​မား​တို့​သည် မြို့​ရိုး​ပေါ်​က ကိုယ်​တော်​ကျွန်​တို့​ကို​ပစ်၍ ကိုယ်​တော်​ကျွန်​အ​ချို့ သေ​ကြ​ပါ၏။ ကိုယ်​တော်​ကျွန်​ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ​သည်​လည်း​သေ​ပါ၏​ဟု လျှောက်​လျှင်၊ 25ဒါ​ဝိဒ်​က​လည်း၊ ဤ​အ​မှု​ကြောင့် စိတ်​မ​ပျက်​နှင့်။ စစ်​တိုက်​ပွဲ​တွင် တစ်​ယောက်​တစ်​လှည့် သေ​တတ်၏။ အား​ယူ၍ မြို့​ကို​ကျပ်​တည်း​စွာ​တိုက်​လျက် လုပ်​ကြံ​တိုက်​ဖျက်​ကြ​လော့​ဟု တ​မန်​အား​ဖြင့် ယွာ​ဘ​ကို မှာ​လိုက်​လေ၏။ 26ဥ​ရိ​ယ​သေ​ကြောင်း​ကို သူ၏​မ​ယား​ကြား​သော​အ​ခါ၊ ခင်​ပွန်း​ကြောင့် ငို​ကြွေး​မြည်​တမ်း​လျက်​နေ၏။ 27ငို​ကြွေး​မြည်​တမ်း​ချိန်​လွန်​မှ၊ ဒါ​ဝိဒ်​သည် လူ​ကို​စေ​လွှတ်၍ ထို​မိန်း​မ​ကို နန်း​တော်​သို့​ခေါ်​စေ​သ​ဖြင့်၊ သူ​သည် မိ​ဖု​ရား​အ​ဖြစ်​သို့​ရောက်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ဖြစ်​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in